သို့..........သိစေချင်သည်။


(၁) ထောင်နေသောစပါးနှံ နှင့် ညွှတ်ကိုင်းနေသောစပါးနှံကို လေ့လာ၍
ယောင်္ကျားတို့အား နှိုင်းယှဉ်ပါ။

(၂) မာနဟူသည် ထားသင့်သော သူပေါ်သာထားရ၏ ၊ မထားသင့်သော သူပေါ်၌ ထားမိသော်
 အမှားဖြစ်တတ်၏။ (ကျားသည်ပင် မိဘရှေ့ရောက်က ကြောင်လေးသဖွယ်သာနေတတ်၏ )

(၃) အသွင်မတူရင် ဘယ်သောအခါမှ အမြင်မတူနိုင်ပါ၊ ခံစားချက်မတူရင်လည်း
နားလည်မှုတွေ မတူနိုင်ဘူး။

(၄) ရှေ့တွင်ရှိသော ပတ္တမြားကို ခရမ်းချဉ်သီးအမှတ် ဖြင့် နင်းကျော်ပြီး ၊
နောက်တွင်ရှိသော မစင်ကို ရွှွှွှေအမှတ်ဖြင့် ပြေးကောက်သော်၊ ထိုသူသည်
ဥာဏ်ပညာ သေးသိမ်သော မိုက်မဲသူသာဖြစ်ပေလိမ့်မည်။

(၅) ချိုသာသော စကားတိုင်းသည် မုသားမကင်းနိုင်သလို၊ ခါးသီးသော စကားများသည်လည်း
မှန်သော စကားများ ဖြစ်နိုင်ပေသည်။

(၆) လှသော မိန်းခလေးငယ်၊ လှပခြင်းအား ဆယ်စုနှစ်တစ်ခုကြာအောင်

သင်ထိန်းသိမ်းနိုင်ပါမည်လော၊ ထာဝရလှပခြင်းအား သင့်ကိုချစ်သောသူ၏
မျက်ဝန်းတစ်ခုတည်း၌သာ သင်တွေ့နိုင်ပါလိမ့်မည်။

(၇) စိတ်ထားမကောင်းက တန်ဖိုးမဲ့ရာ၏ ၊ နေခြင်းမလှက တန်ဖိုးမဲ့ရာ၏ ၊
ပြောခြင်းမမှန်က တန်ဖိုးမဲ့ရာ၏။ (စိတ်ထား ကောင်းပါစေ ၊ နေခြင်းလှ၍ ၊
ပြောခြင်းမှန်ပါစေ )

(၈) အပျိုအရွယ်ရောက် ပြီဖြစ်သော မိန်းခလေးငယ်၊ သင့်အား အမေ၊အဒေါ်၊အစ်မတို့မှ
မည်သည့်အတွေ့အကြုံအမွေကို ပေးကြသနည်း၊ သင် သိပါသည်။ သို့သော် နားလည်မှု
လွဲသွားနိုင်သည်။

(၉) ဆူးပေါ်ပဲ ဖက်ကျကျ၊ ဖက်ပေါ်ပဲ ဆူးကျကျ ဖက်သာလျှင် ပေါက်ရိုးထုံးစံရှိ၏။
ပေါက်သွားလျှင် ဘာဖြစ်လဲဟူသောမေးခွန်းအား မမေးပဲ၊ ငါးပြေမကုန်းပေါ်တက်သည့်
အမှုမျိုးအား ရှောင်နိုင်ပါစေ။

(၁၀ ဘူးပင်နှင့်တူသော မိန်းခလေး မဖြစ်အောင်နေပါ၊ ဘူးပင်တို့သည်အချိန်တန်အရွယ်ရော
က်သော မှီခိုရမည့်စင်ကို အညွှန့်ရမ်း၍ ရှာဖွေကြ၏ ၊ သူ၏ အညွှန့်ကိုကိုက်ဖြတ်မည့်သူအား
 တမ်းတကြ၏။ ထိုမှသာ အသီးအားပေးပြီး ဘူးသီးတို့ဝေေ၀ဆာဆာ သီးနိုင်မည်ဟု
 ဘူးပင်တို့ခံယူကြ၏ ၊
 အို…..မိန်းခလေးအတုယူမှားကင်းပါစေ။

(၁၁) အို..မိန်းခလေးငယ်အပျော်ကျူးက ဗိုက်ဖူးတတ်၏ ၊
 သွေးတို့ယားသော် အသားတို့လည်း ပဲ့ပေမည်၊ဆန္ဒတို့ကို သိက္ခာဖြင့် ထိန်းပါလေ။

(၁၂) အရွယ်ရောက်လာသော မိန်းခလေးငယ်တို့ အဘယ်အကြောင်းကို တွေးတောနေကြသနည်း၊
အတွေးတို့မှန်ပါစေ အမေ့ကျေးဇူးဆပ်ဖို့ထက် အမေဆိုတဲ့ကျေးဇူးကိုဦးစွာခံယူချင်သူသည်
 ဒုက္ခကိုသာအဖေါ်ပြုရတတ်သည်။

(၁၃) မချစ်တတ်တဲ့ သူဆီ၊ အချစ်ငတ်တဲ့ သူက ချစ်ခြင်းကိုအလှူခံရင်တော့ ရလာမှာက
နောင်တနဲ့….. ပဲ။

(၁၄ ချစ်တတ်သူတိုင်း ချစ်ပါတယ်ပြောသော်ငြား ၊ ချစ်ပါတယ်ပြောသူတိုင်း မချစ်တတ်ကြပါ။

(၁၅) မကြာခင် ငါးစာလာမည်၊ ငါးစာတွင် ငါးမျှားချိတ်ပါမည် ၊ အသိကို
သတိနှင့်ယှဉ်ပြီးနေပါ မိန်းခလေးငယ်။)……………

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)