ဖန်ဆင်းရှင် (၃)ဦး
သုံဦးရှိတယ် ။
ဘယ်သူတွေလဲဆိုတော့
၁။ကိုယ်ကံကြမ္မာ
၂။ကိုယ်ဥာဏ်ပညာ
၃။ကိုယ်ဝီရီယ တို့ ပါပဲ ။
ကံကြမ္မာဆိုတာ .အလုပ်ကိုပြောတာလေ။ ကောင်းတဲ့အလုပ် လုပ်ရင် ကောင်း
တာတွေတွေရမြင်ရမယ် ကောင်းကျိုးတွေခံစားရမယ် စိတ်ချမ်းသာမယ် ဒါဆို
ကမ္ဘာလောကကြီးလှပသွားပြီပေါ့။
ဝီရီယဆိုတာ . ကြိုးစားအားထုက်မူ့ကိုပြောတာလေ။ ကောင်းတဲ့အလုပ်တွေကို
ကြိုးစားလုပ်ရင် ရရှိလာမယ့် ရလာဒ်ဟာကလဲ ကောင်းကျိုးပဲဖြစ်တယ် ကောင်းကျိုး
တွေကိုရရှိတော့တွေ့ရမြင်ရတော့ ပျော်ရွှင်ရတာပေါ့ ဒါဆို ကမ္ဘာလောကကြီးဟာ
ပျော်ရွှင်မူ့တွေနဲ့သာယာလှပသွားပြီးပေါ့။
ဥာဏ်ပညာဆိုတာ . အထက်ကရေးခဲ့ပြီး ကံကြမ္မာဆိုတဲ့ လုပ်ရမယ့် လုပ်ငန်းစဉ်
တွေကို ဝီရီယဆိုတဲ့ ကြိုးစားမူ့နဲ့ တကယ်လက်တွေအကောင်အထည်ဖြစ်ပေါ်တည်
ရှိလာအောင်ကြိုးစားတဲ့အခါမှာ အချိန်အခါကျ မကျ လုပ်သင့် မလုပ်သင့်
ကောင်း မကောင်း ရလာဒ်ကြောင့် နောက်ဆက်တွဲအကျိုးဆက်က အများကို
ဒုက္ခရောက်စေနိုင် မရောက်စေနိုင်ဘူးလား ဘာလား ညာလား စဉ်းစားချင့်ချိန်
မျှော်မြင်ပြီး အသိဥာဏ်နဲ့ယှဉ်ပြီးလုပ်တာပေါ့ ဒါဆို ဥာဏ်ပညာနဲ့ လုပ်တော့
အကျိုးအဆင့်ဆင့် အကျိုးအဆက်အဆက်ကောင်တော့ပေါ့ ကမ္ဘာလောကသားတွေလဲ ညဏ်တွေနဲ့
ယှဉ်ပြီးအလုပ်လုပ်တဲ့လာမှာပေါ့
ဒီ ဖန်ဆင်းရှင် (၃)ဦး ကို
ဘယ်သူမဆိုမလေးမစား လုပ်ရင် ထိုသူကိုလဲ မကောင်းတဲ့အကြောင်းအရာတွေရောက်ရှိလာပါမယ်
သူ့ ကိုလေးစား အရေးထားပြီးလုပ်လျင် ထိုသူကိုလည်း စောင့်ရှောက်ပေးမှာပါ
တကယ်တွေး ကြည့်လိုက်ရင်
ဖန်ဆင်းရှင်ဆိုတော့ ကိုယ့်တိုင်ပါပဲ ။ အခြားတစ်ယောက်သောသူမှ မဟုက်ပါဘူး။
မိမိတို့ ရဲ့ ဘဝ သာယာလှပဖို့ မိမိကိုယ်တိုင် ပဲ ဖန်းဆင်ရမှာပဲ ။
ကောင်းကင်ဘုံမှာ ထာဝရဖန်ဆင်းရှိဆိုတာ မရှိပါဘူး ဥာဏ်အသိတရားနဲ့ တွေးကြည့်ရင်
ပြေးကြည့်စရာတောင်မလိုပါဘူး နောက်ဆိုးပိတ်အဆုံးသတ်ပြောရရင်တော့
ထာဝရဖန်းဆင်းရှင်ဟာ မိမိရဲ့
ကံ=အလုပ်လုပ်ခြင်း ၊
ဥာဏ် ပညာ = တွေးခေါ်မြော်မြင်မူ့ အမြဲရှိစေခြင်း
ဝီရိယ= တကယ်လက်တွေကြိုးစားအားထုက်ခြင်း၊ သုံးမျိုးပါပဲ။
KAMBAYAT
Comments
Post a Comment