အချစ်စစ်
အပြစ်တင် အပြစ်မြင်လျှင်
အချစ်စစ် မထင် ။
အပြစ်မမြင် အပြစ်မတင်မှ
ချစ်ခင် ကြင်နာသူ အစစ်
အဲဒါ အချစ် ။
အခက်အခဲမရှိတဲ့ အချစ်
အစစ် မဟုတ်သေး ။
ဒုက္ခလေးတွေ တန်းစီ
ကြုံတွေ့ပြီဆိုတော့မှ
ဟုတ်ပ ဟုတ်ပ ဒုက္ခ အချစ် ။
အချစ်စစ်ဆိုတာ
မနာလိုဝန်တို
ငြိုငြင် စိတ်ကောက် ပေါ့
ပျော်စရာလေးတွေ များလား ။
မချစ်ခင်က ခင်မင်
ခင်မင်ပြီးမှ ရင်းနှီး
ရင်းနှီးပြီး ကြွမ်းချစ်
သံယောဇဉ် ဖြစ်မှတော့
ခင်မင်မှုဆိုတာ မလိုတော့ဘူးပေါ့ ။
ယုံကြည်အားကိုးမှု့ နည်းလျှင်
အချစ်လည်း ပျောက်ပျက်
မျှော်လင့်ချက်လည်း ဆုံးရှုံး
အမုန်းတံခါးခေါက်လို့
နောက်တစ်ယောက် အဆင်သင့် ။
တံခါးမကြီးက ၀င်လာတဲ့အချစ်
အပြစ်တွေ မြင်လာတဲ့အခါ
အကြင်နာတွေ ပျက်ပြယ်
မုန်းတယ် မုန်းတယ်ဖြစ်
မလွယ်ပေါက်က ပြန်လစ်ပေါ့ ။
အချစ်စစ် ဆိုတာ
ထာဝစဉ် ပျိုမြစ် ။
အသစ်တွေ ဘယ်လိုကောင်းကောင်း
အဟောင်းကို တလည်လည်ဖြစ်
အဲဒါနုပျိုသစ်နေတဲ့ အချစ်စစ် ။
အများကြီး မချစ်ချင်နေ
မတွေဝေပါနဲ့ ။
သာသာအေးအေး
နည်းနည်းလေး နဲ့
ကြာကြာလေးတော့ ချစ်ပေါ့နော် ။
အကောင်း အဆိုး
အကြောင်းအကျိုးတွေ ဝေဖန်
အကြံဉာဏ် အသစ်တွေနဲ့
အချစ်ကို သိမ်းထုပ်
ထိန်းချုပ်လို့ ရသတဲ့လား ။
လူတိုင်း လူတိုင်း
တုနှိုင်း မရ
ကိုယ့်ဘဝ ထပ်တူ
ချစ်တဲ့ သူကို
ဖြူဖြူမဲမဲ ချစ်တတ်တာ
အဲဒါ...... အချစ်စစ်ပါ။
Comments
Post a Comment