ညငှက်လေး တို့၏ သူတို့ဘဝ သူတို့ကမ္ဘာ....
အပြည်ပြည် ဆိုင်ရာ အင်န်ဂျီအိုတစ်ခုတွင်လုပ်ကိုင်နေ ကာ အပွင့်တစ်ဦးအဖြစ်ခံယူထားသူ ဇင်လေး က''အပုန်းတွေ ရဲ့အဖြစ်ချင်ဆုံး ဆန္ဒက တော့ ပွင့်သွားချင်တာပဲ''ဟု ပြောပြသည်။အချို့သော အပုန်းများသည် မိန်းမနှင့်ကလေးရှိသူများ ဖြစ်တတ်ပြီး အချို့မှာ မိန်းမမရခင်ကတည်းက ပုန်းနေတတ်ကာ အချို့ကတော့ မိန်းမရပြီး နောက်ပိုင်းမှ အပုန်းဖြစ်သွားတတ် ကြောင်း ဇင်လေးကဆိုသည်။ ''အပုန်းတွေရဲ့ဘဝက စိတ်ကိုချုပ်နှောင်ထားသလို မလွတ် လပ်ဘူး။ အချို့ဆို မိသားစုရှိနေလို့၊ ရာထူး တာဝန်ကြီးရှိနေလို့ အပုန်းဘဝနဲ့ပဲ နေရတဲ့လူတွေရှိတယ်။ အဲ့ဒီလူတွေထဲမှာ အလုပ် ကအနား ယူသွားပြီးတဲ့အချိန်၊ မိသားစုထဲမှာ ကလေးတွေကြီး သွားတဲ့အချိန်မျိုးမှာ အပွင့်ဘဝကို ခံယူသွား တတ်ကြ တယ်''ဟု ဇင်လေး က သူတွေ့ကြုံ ခဲ့ရပုံကို ပြောပြသည်။၁၉၅၀ ပြည့်နှစ်တစ်ဝိုက်က အမေရိကန်နိုင်ငံတွင်ပြုလုပ် ခဲ့သောစစ်တမ်းတစ်ခုအရ ယောကျာ်းစင်စစ် ၉၅ ရာခိုင်နှုန်း သည် အခြေအ နေတစ် ခုနှင့်ကြုံတွေ့ရပါက အခြောက်ဖြစ်သွား နိုင်ကြောင်း သုတေ သနပြုလုပ်တွေ့ရှိခဲ့သည်။
အများစု မှာ ယောကျာ်း အချင်းချင်း မုဒိမ်းအကျင့်ခံရ ခြင်းနှင့် ပတ်ဝန်းကျင်၏လွှမ်းမိုးမှုကြောင့် မိန်းမစိတ် များဝင် သွားခြင်းဖြစ် သည်။''အင်္ဂ္လန်ပို့လိုက်ရင် အဲ့ဒီအရသာကို ကြိုက်သွားရော။ အဲ့ဒါဆို အဲ့ဒီကောင်အခြောက်မဖြစ်သွားရော''ဟု ဇာနည်မဟု ခေါ်သည့် နတ်က တော် တစ်ဦး ကရှင်းပြသည်။အင်္ဂ္လန်ပို့ခြင်းဆိုသည်မှာ ဗန်းစကားဖြစ်ပြီး အခြောက် များက သူတို့ ချစ်သောသူ၊ သို့မဟုတ် ကြည့်မရ သော သူ ကို ဝိုင်း ချုပ်ကဖြစ်စေ၊ ဖျားယောင်း၍ဖြစ်စေ ပို့လိုက်ကြခြင်းဖြစ်သည်။လွန်ခဲ့သည့်နှစ်နှစ်ခန့်က အင်္ဂ္လန်ပို့သည့်ဈေးကွက်သည် နာမည်ကြီးခဲ့ပြီး အင်္ဂ္လန်အပို့ခံရပါက ကျပ်သုံး သိန်း ရသည်။ အင်္ဂ္လန် အပို့ခံ မည့်သူသည် တစ်ကြိမ်တစ်ခါမှ အပို့မခံဖူးသူ (သို့)မကြုံဘူး သူဖြစ်ရမည် ဖြစ် သည်။ ''သုံးသိန်းရလို့ခြောက်ရင် ခြောက်သွား ပါစေ ဆိုပြီး လုပ်တဲ့ လူတွေရှိတယ်''ဟု ဇာနည်မကြီးက ပြောသည်။အပုန်း(သို့)အပွင့်နှင့် အတူတူနေသောလူကို သူငယ်ဟု ခေါ်ကြသည်။''အပုန်းဘဝမှာ သူငယ်ထောင်ရ တာနဲ့၊ အပွင့်ဘဝမှာ သူ ငယ်ထောင် ရတာမတူဘူး။ အပွင့်တွေက သူငယ်ပိုရတယ်။ အရင် အပုန်းဘဝ နဲ့သူငယ်ထောင် တုန်းက တစ်ပတ်မှတစ်ယောက် လောက် ပဲရ တာ။ ပွင့်လဲပွင့်ပြီးရော တစ်ရက်ကို သူငယ်နှစ် ယောက်လောက် ရတယ်'' ဟု ဇင်လေးက ပြောပြသည်။ သူငယ်အများ စုကတော့ အနေရအစားရချောင်သဖြင့် သူတို့နှင့် ပေါင်းသင်းခြင်းဖြစ်ကြောင်း သူတို့နား လည်ကြသည်။ သို့သော်လည်း သူငယ်(လင်) နှင့် ပတ်သက်၍ သူတို့ချင်းမကြာ မဏ အငြင်းပွား လေ့ရှိကြ သည်။''ကိုယ့်လင်ကို သူများလုသွားတာကိုတော့ ဘယ်လိုမှမခံ စားနိုင်ဘူး။ ကိုယ့်လင်က ကိုယ်ထက်သာတဲ့ လူနောက်လိုက် သွားတယ်ဆိုပေမဲ့ သိသွားရင်တော့ ပွဲကြမ်းပစ်လိုက်တာပဲ။ ကိုယ်ကသူ့ကို လျော်ထား ရတာများ တယ်''ဟု လှိုင်သာယာမြို့ နယ်မှ သူသူက ပြောသည်။
သူတို့နှင့် အတူနေသောယောကျာ်းအချို့သည်လည်း အင်္ဂ္လန်အပို့ခံရကာ တူးဝေးများ ဖြစ်သွားကြ သူများ လည်း ရှိသည်။မြန်မာနိုင်ငံတွင်ရှိသော အပွင့်များအနေဖြင့် ဖြတ်ဖောက် ချုပ်လုပ်ခြင်းမှာ အတော်အတန်နည်းပါးကြသည်။ ဖြတ်ဖောက် ချုပ်လုပ်ရန် အတွက် နိုင်ငံရပ်ခြားသွားရောက်လုပ်ရခြင်းနှင့် ကုန်ကျငွေများပြားခြင်းမှာလည်း အခက် အခဲဖြစ်ကြောင်းသိ ရသည်။ လူအများက မိန်းမ စိတ် ပေါက်နေသော အပုန်းများနှင့် အပွင့်များကို ဝဋ်ကြွေးကြောင့်ဖြစ်သည် ဟုဆိုကာ ထင်မြင် တတ် ကြသော်လည်း သူတို့ကတော့ သူတို့ ဘဝနှင့်သူတို့ပျော်နေတတ် ကြသည်။လက်ရှိဘဝတွင် ပျော်ရွှင်ကျေနပ်မှုရှိမရှိနှင့်ပတ်သက်၍ မေးမြန်းမှုကို ကန်တော်ကြီးထောင့်မှ ထာဝရက ''အစ်ကိုရယ် ကိုယ့်ဘဝနဲ့ ကိုယ်တော့ ကျေနပ်နေတာပေါ့''ဟု ဆိုသည်။''ဘဝဆက်တိုင်း အခြောက်ဖြစ်ပါရစေလို၏''လို့ ဆုတောင်း တဲ့အခြောက်တွေလဲအများကြီးပဲ''ဟု ကြည့်မြင် တိုင်တွင် နေ ထိုင်သော ဇာနည်မကြီး ကပြောသည်။ သူတို့အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကျန်းမာ ရေးပညာပေးမှုများကြောင့် လိင်ဆက်ဆံတိုင်း ကွန်ဒုံး အသုံး ပြုကြသည်။ထို့ပြင် HIV ပညာပေးအင်န်ဂျီအိုများ၏ ဦးတည်အုပ်စု လည်းဖြစ်သဖြင့် သူတို့တွင်ကွန်ဒုံးမှာ ဖောဖောသီ သီပင် ရှိနေ တတ်သည်။ ''ကွိုင်မသုံးလို့ အကယ်ဒမီရပြီး အွန်စောလုပ်နေရတဲ့သူ တွေရှိနေတော့ ဂရုစိုက်ရတယ်လေ''ဟု ကန်တော်ကြီး ဒေါင့်မှ အပွင့် တစ်ဦးက ပြောသည်။အကယ်ဒမီဆိုသည်မှာ ရောဂါရနေသည့်သူကိုခေါ်ခြင်း ဖြစ်ပြီး အွန်စောကတော့ ဆေးသောက်နေရခြင်း ဖြစ်ကြောင်း သူတို့၏ ဗန်းစကားဖြင့် သုံးနှုန်းပြောဆိုခြင်းဖြစ်သည်။ သူတို့အတွက်အစိုးရမှ သီးသန့်ကျန်းမာရေးစောင့်ရှောက် မှုစင်တာမရှိသော်လည်း အင်န်ဂျီအို တစ်ခုမှ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများနှင့် ပညာပေးအပန်းဖြေစင်တာတစ်ခု ကို တည်ထောင်ပေး ထားသည်။
မည်သူက မည်သို့ဆိုစေ၊ သူတို့လိုလူများကတော့ရှိနေ မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်တော့ သူတို့ကိုခွဲခြား ဆက်ဆံမှု များရှိနေကြ သည်။ မြန်မာနိုင်ငံ၏ဥပဒေတွင်လည်း လိင်တူခြင်း ဆက်ဆံမှုကို တရားဝင် ခွင့်မပြုထားပေ။ သဘာဝအတိုင်း လိင် ဆက်ဆံခြင်းမဟုတ်ပါက ပုဒ်မ၃၇၇ ဖြင့် အဖမ်းခံရနိုင်သည်။နိုင်ငံတကာတွင် သူတို့ကိုလိင်တူဆက်ဆံသူများအဖြစ် ခွဲခြားဆက်ဆံကြခြင်းမရှိပေ။ အမေရိကတွင် သမ္မတ အိုဘားမား ကိုယ်တိုင် လိင်တူ ခြင်း ထိမ်းမြားလက်ထပ်ခွင့်ကို ထောက်ခံခဲ့ သူဖြစ်သည်။ ဥရောပနိုင်ငံ များတွင်လည်း မိန်းမလျာများကို ခွဲခြားဆက်ဆံခြင်း မရှိသလောက် နည်း ပါးကြသည်။တောင်အမေရိကတိုက်ရှိ နိုင်ငံတစ်နိုင်ငံသည် ရိုးရာ အစဉ်အလာအရ လူပျိုပေါက်အရွယ်ရောက်သည်နှင့် ကျေးရွာ ဘုံအိမ်ကြီးသို့ လာရောက် ကာ လိင်တူဆက်ဆံခြင်းကို ပြုလုပ် ကြကြောင်း တက္ကသိုလ် မနုဿဗေဒ ဘာသာ ရပ်တွင် သင်ကြား ရမည်ဖြစ်သည်။မြတ်စွာဘုရားရှင်လက်ထက်ကတည်းက နပုလ္လိင်ဟုခေါ် သောသူများရှိနေသည်။မြန်မာနိုင်ငံတွင်တော့ ဒုတိယကမ္ဘာစစ်ပြီး နောက် ပိုင်း မှ သာ လမ်းပေါ်တွင် မိန်းမလျာများကို ပေါ်ပေါ်ထင်ထင်တွေ့လာ ရကြောင်း စာရေးဆရာသော်တာဆွေက သူ၏စာတစ်ပုဒ်ထဲ တွင် ရေးသားထားသည်။ ကန်တော်ကြီးထောင့်သို့ ဆိုင်ကယ်တစ်စီးဖြင့် လူတစ် ယောက်ရောက်လာသည်။ ထာဝရအပါ အဝင် အပွင့်ခြော က် ယောက် မင်္ဂ္လာတောင်ညွှန့်ဘက်သို့ ထွက်ပြေးသွားကြသည်။''နောက်လဲ လာခဲ့ပေါ့အစ်ကိုရယ်။ အခုတော့ ရော်ကဲ တွေလာနေလို့ ပျော်တကေးလိုက်ဦးမယ်''ဟုဆိုကာ နှုတ်ဆက် သွားတော့သည်
။ဇေယျစိုပြေ ၊ ကျော်ဇေယျ ၊ ရဲနောင်(ဖယ်ခုံ) တို့ ကွင်းဆင်းရေးသားသည်။
Yangon Media Group
Comments
Post a Comment