စိတ်မော်ဒယ်လ် အမြဲသစ်ပါစေ(စိတ်အားဖြည့်ဓမ္မနှင်းပွင့်)


၁။ စိတ်မော်ဒယ်လ် အမြဲသစ်ပါစေ
အဆင့်အတန်းမြင့်မားမှုကို လိုလားတဲ့ လူသားတွေအနေနဲ့
ရုပ်ဝတ္ထုပစ္စည်းဘက်မှာ မော်ဒယ်လ်သစ်နိုင်သမျှ သစ်အောင်
ကြိုးစားနေကြသလို ကိုယ့်နှလုံးသားထဲက စိတ်ကိုလည်း
မော်ဒယ်လ်သစ်နိုင်သမျှ သစ်အောင် ကြိုးစားကြဖို့ အထူးလိုအပ်ပါတယ်။
တကယ်ဆို….
ရုပ်မော်ဒယ်လ်သစ်ဖို့ထက် စိတ်မော်ဒယ်လ်သစ်ဖို့ကပိုပြီးတောင် အရေးကြီးပါသေးတယ်။
 
၂။ ကျင့်စဉ်မှန်ဖို့ အဓိက
ရဟန္တာဆီ တပည့်ခံအားထုတ်မှ ရဟန္တာဖြစ်မှာ မဟုတ်ပါဘူး။
ပုထုဇဉ်ဆီ တပည့်ခံအားထုတ်ရင်လည်း ဘုရားဟောကျင့်စဉ်နဲ့
ကိုက်ညီရင် ရဟန္တာဖြစ်နိုင်ပါတယ်။
ရဟန္တာလို့ နာမည်ကြီးပေမယ့် သူညွှန်ကြားတဲ့ကျင့်စဉ်တွေက ဘုရားဟော
ထေရဝါဒကျင့်စဉ်တွေနဲ့ ဆန့်ကျင်နေမယ်ဆိုရင်တော့
“ဆရာမှားရင် တစ်သံသရာလုံးမှောက်” ဆိုတဲ့ စကားအတိုင်း

အကြီးအကျယ် ကိုယ်ကျိုးနည်းကြပါလိမ့်မယ်။

၃။ နိဗ္ဗာန်ဦးတည်မှ ပါရမီကုသိုလ်
ဂုဏ်လိုချင်လို့ ထင်ပေါ်ကျော်ကြားချင်လို့ ပြုတဲ့
ကုသိုလ်ကောင်းမှုတွေ အခွင့်အရေးတစ်ခုခု။
လုပ်ပိုင်ခွင့်တစ်ခုခု ရချင်လို့ အပေးအယူသဘောမျိုး
လာဘ်ထိုးတဲ့သဘောမျိုး ပြုတဲ့ ကုသိုလ်ကောင်းမှုတွေ
နောင်ဘဝတွေမှာ ချမ်းသာကောင်းစားချင်လို့ ပြုတဲ့
ကုသိုလ် ကောင်းမှု တွေဟာ ပါရမီကုသိုလ်တွေမဟုတ်ပါဘူး။
ရိုးရိုးကုသိုလ်တွေ၊ သာမန်ကုသိုလ်တွေပါ။
နိဗ္ဗာန်ကို လုံးဝမရောက်နိုင်ပါဘူး။
နိဗ္ဗာန်ကို ဦးတည်တဲ့စိတ် ရင့်သန်ခိုင်မာပြီးသား ပုဂ္ဂိုလ်တချို့ရဲ့
နောင်ဘဝမျှော် ကုသိုလ်တချို့ကလွဲရင်ပေါ့။

၎။ ပါရမီပြည့်ဖို့လိုပါတယ်
တရားတော့အားထုတ်နေပါရဲ့၊ အပူဒဏ် အအေးဒဏ်လည်း သည်းမခံနိုင်၊
အစားဆင်းရဲ အအိပ်ဆင်းရဲဒဏ်လည်း သည်းမခံနိုင်
ဟိုလူ အပြစ်ပြော ဒီလူကဲ့ရဲ့ဒဏ်ကိုလည်းသည်းမခံနိုင်၊
ဟိုလူနဲ့ တရားငြင်းခုံလိုက်၊ ဒီလူနဲ့ တရားရန်ဖြစ်လိုက် ဖြစ်နေမယ်ဆိုရင်
“အမျက်မထွက်ခြင်း”ဆိုတဲ့ “ခန္တီပါရမီ”ချို့တဲ့နေတဲ့အတွက်
ဘယ်တော့မှ တရားထူးမရနိုင်ပါဘူး။
ဒါဆိုရင် ဝိပဿနာအလုပ်ကို အားထုတ်နေရင်းနဲ့ ခန္တီပါရမီကိုလည်း
ပူးတွဲဖြည့်ကျင့်သွားရမယ်ဆိုတာသဘောပေါက်လောက်ပါပြီ။
အတိတ်ဘဝတွေက ခန္တီပါရမီ ဖြည့်ကျင့်ခဲ့မှလည်း ဒီဘဝမှာ ခန္တီစွမ်းအား ကြီးမားနိုင်တာပါ။
တခြားပါရမီတွေလည်းနည်းတူပါပဲ။ သာဝကဗောဓိဥာဏ်ဆိုတဲ့ တရားထူးရဖို့အတွက်
အတိတ်ဘဝတွေကလည်း ပါရမီဖြည့်ခဲ့ဖို့ လိုသလို ဒီဘဝမှာလည်း ပါရမီဖြည့်နေဖို့ လိုပါတယ်။
 
၅။ ကိလေသာနည်းလေ မော်ဒယ်လ်သစ်လေ
မနေ့က ကိုယ့်စိတ်မှာ လောဘတစ်ပိဿာရှိတယ်။
ဒီနေ့လည်း တစ်ပိဿာပဲဆိုရင် ကိုယ့်စိတ် မော်ဒယ်လ်ဟောင်းနေပါတယ်။
ဒီနေ့ တစ်ဆယ်သားထပ်တိုပြီး တစ်ပိဿာနဲ့ တစ်ဆယ်သား ဖြစ်လာတယ်ဆိုရင်တော့
ကိုယ့်စိတ် မော်ဒယ်လ်ဟောင်းရုံတင်မကဘူး မော်ဒယ်လ်နိမ့်သွားပါပြီ။
မော်ဒယ်လ်အရမ်းအောက်သွားပါပြီ။
ဒီနေ့တစ်ဆယ်သားလျော့သွားပြီး ကိုယ်ဆယ်သားပဲ ကျန်တော့တယ်ဆိုရင်တော့
မော်ဒယ်လ်သစ်သွားပါပြီ။
မော်ဒယ်လ်မြင့်သွားပါပြီ။
လောဘလျော့လေ မော်ဒယ်လ်သစ်လေပါပဲ။
 ဘလော့မှတ်စု

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)