ဟေမိုဂလိုဘင် အားကောင်းစေရန်

အရွယ်ရောက်တဲ့ အမျိုးသမီးတွေမှာ သွေး ၁၀၀ မီလီလီတာမှာ ဟေမိုဂလိုဘင် ၁၂-၁၆ ဂရမ် ပါရှိပါတယ်။  အမျိုးသားတွေမှာတော့ သွေး ၁၀၀ မီလီလီတာမှာ ဟေမိုဂလိုဘင် ၁၄-၁၈ ဂရမ် ပါရှိပါတယ်။ ဟေမိုဂလိုဘင် ပမာဏ လျော့နည်းနေတဲ့အချိန်မှာ ဟေမိုဂလိုဘင် ပမာဏ အားကောင်းစေဖို့ အစားအသောက်တွေနဲ့ ထိန်းချုပ်ဖို့ လိုပါတယ်။ စားသင့်တဲ့ အစားအသောက်တွေက အောက်ပါအတိုင်း
 ဖြစ်ပါတယ်။ အသား (အထူးသဖြင့် တိရစ္ဆာန်ကလီစာတွေ) ထဲမှာ သံဓာတ်နဲ့ ဗီတာမင် B12 တို့ များများပါဝင်နေပါတယ်။ ဒီအသားတွေကို ပုံမှန်စားပေးပါ။ ဆီကြော်စာတွေကို ရှောင်ပါ။ သံဓာတ်နဲ့ ဖောလစ်အက်စစ်တို့ ပေါများစွာ ပါဝင်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို
များများစားပေးပါ။ အခွံမာသီးနဲ့ စပျစ်သီးခြောက်တွေကို စားပေးနိုင်ပါတယ်။
 သံဓာတ် ပေါကြွယ်ဝသော အစားအစာများ
 ဟေမိုဂလိုဘင် အဆင့်မြင့်တက်စေဖို့ သံဓာတ် အများအပြားပါဝင်တဲ့ ပဲအမျိုးမျိုး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ ကြက်သား၊ ငါး၊ အစိမ်းရောင် ငရုတ်သီးတောင့်၊ မြေပဲ၊ ဂရိတ်ဖရုသီး၊ ကီဝီသီး၊ ပဲနီလေး၊ အဆီနည်းအမဲသား၊ နွယ်ချို၊ မုန်ညင်း၊ ဂျုံမှုန့်၊ လိမ္မော်သီး၊ ကမာကောင်၊ မြေပဲထောပတ်၊ အာလူး၊ ဆီးသီး၊ ဝက်သား၊ ပဲနီစေ့၊ စပျစ်သီးခြောက်၊ ဟင်းနုနယ်ရွက်၊ ပဲပိစပ်၊ ပုစွန်၊ စတော်ဘယ်ရီသီး၊ ဆာဒင်းငါး၊ ခရမ်းချဉ်သီး၊ တူနာငါး၊ ဖရဲသီးနဲ့ တိရစ္ဆာန် အသည်းအမြစ်စတာတွေ စားသင့်ပါတယ်။
 ဟေမိုဂလိုဘင်ဆိုသည်မှာ
 ဟေမိုဂလိုဘင်ဆိုတာ သွေးနီဥထဲမှာ တွေ့ရတဲ့ ရိုးစင်းတဲ့ ပရိုတင်းတစ်မျိုး ဖြစ်ပါတယ်။ ဟေမိုဂလိုဘင်က သံဓာတ်ပါဝင်တဲ့ ရောင်ခြယ်ပစ္စည်း ''heme'' နဲ့ ပေါင်းပြီး သံဓာတ်ကို သယ်ဆောင်ပါတယ်။ ပြီးရင် အောက်ဆီဂျင်နဲ့ ပေါင်းပြီး အဆုတ်ထဲမှာ Oxygenation ဆိုတဲ့ ဖြစ်စဉ်ကို လုပ်ဆောင်ပါတယ်။ အောက်ဆီဂျင်နဲ့ ပေါင်းထားတဲ့ ဟေမိုဂလိုဘင် (Oxyhemoglobins) ဟာ အဆုတ်ကနေ ခန္ဓာကိုယ်တစ်သျှူးတွေဆီကို သယ်ဆောင်သွားပါတယ်။
 ဟေမိုဂလိုဘင်၏ လုပ်ငန်းဆောင်တာများ
 ဟေမိုဂလိုဘင်ရဲ့ လုပ်ငန်းဆောင်တာအမျိုးမျိုးအနက် အောက်ပါလုပ်ငန်းတွေကို အဓိက လုပ်ဆောင်ပါတယ်။ အဆုတ်ကနေ အောက်ဆီဂျင်ကို ယူဆောင်ပြီး ခန္ဓာကိုယ် တစ်သျှူးတွေဆီကို ပို့ဆောင်ပေးပါတယ်။ စွမ်းအင်နဲ့ သံဓာတ်ကို သယ်ဆောင်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ကို အဆုတ်ဆီ သယ်ဆောင်သွားပြီး အသက်ရှူထုတ်စေပါတယ်။
 Good Health

Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)