ချစ်သေးလား မချစ်တော့ဘူးလားဆိုတာကို အချိန်ကုန်ခံပြီး မေးမနေပါနဲ့

သူ သင့်ကိုချစ်သေးလား မချစ်တော့ဘူးလားဆိုတာကို အချိန်ကုန်ခံပြီး ဘယ်တော့မှမစဉ်းစားပါနဲ့ ...

ဖြေမှာမဟုတ်တဲ့သူတစ်ယောက်ကိုလဲ အပင်ပန်းခံပြီး ဘယ်တော့မှမမေးနေပါနဲ့ ...


တကယ့်အဖြေမှန်က ရိုးရှင်းပါတယ်..






 

သူ သင့်ကိုတွေ့ ချင်ရင် မတွေ့ တွေ့ အောင်လိုက်ရှာလိမ့်မယ်..

သူ သင့်အသံကြားချင်ရင် သင့်ဖုန်းကိုဆက်လိမ့်မယ်..


သူ သင့်ကိုမြင်ချင်ရင် သင်ရှိရာကိုလာလိမ့်မယ်..


သူ သင့်ကိုချစ်သေးတယ်ဆိုရင်


သင့်လက်ကိုနောက်တစ်ကြိမ် ပြန်လည်ဖမ်းဆုပ်ထားပါလိမ့်မယ်....



အဖြေက အဲဒီလောက်ရိုးရှင်းပါတယ်..

သင်သာ ထပ်ပြီးရှုပ်ထွေးမနေမိပါစေနဲ့ ..

သင်ဘယ်လောက်ပဲခေါ်နေနေ


သင့်ခေါ်သံကိုမကြားချင်တဲ့သူဟာ နားစုံပိတ်ထားဦးမှာပါပဲ..


သင်ဘယ်လောက်ပဲလက်ကမ်းနေနေ


သင်လက်ကိုမတွဲနိုင်တဲ့သူဟာ မျက်လုံးစုံမှိတ်ထားဦးမှာပါပဲ..


သင်ဘယ်လောက်ပဲစောင့်စားနေနေ


သင်ရှိရာကိုမလာချင်တဲ့သူဟာ ဆက်လက်ပြီး သင့်ကို ကျောခိုင်းနေဦးမှာပဲမဟုတ်လား...


ဘယ်တော့မှမမေ့ပါနဲ့ ...


သင့်ကိုတကယ်ချစ်နိုင်သူဟာ


သင့်လက်ကို ဘယ်တော့မှလွှတ်ချထားခဲ့မှာမဟုတ်သလို အကြောင်းကြောင်းကြောင့်လွှတ်ချခဲ့ရတယ်ဆိုရင်လဲ


 သင့်လက်ကိုနောက်တကြိမ် ပြန်လည်ဆုပ်ကိုင်ထားဖို့  ဘယ်သောအခါမှ ၀န်လေးနေမှာမဟုတ်ဘူးဆိုတာကိုပေါ့....

Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)