ရောဂါအခံရှိသူတွေ ဆရာဝန်ညွှန်ကြားချက်မပါဘဲ တားဆေးမသောက်သုံးသင့်

 အိမ်ထောင်ရှင် အမျိုး သမီးတချို့ ရောဂါအခံရှိနေပေမဲ့ ဆရာဝန် ညွှန်ကြားချက်မပါဘဲ ပဋိသန္ဓေတားဆေးတွေကို သုံးစွဲနေတာဟာ အန္တရာယ်ရှိနိုင် တယ်လို့ သိ ရပါတယ်။
“နှလုံးသွေးကြောကျဉ်းရောဂါ အခံရှိသူတွေ၊ အသည်းရောဂါဖြစ်နေတဲ့သူတွေ၊ အဲဒီလူတွေက တားဆေးကို ဆရာဝန်ညွှန်ကြားချက် မပါဘဲ မသောက်သင့်ဘူး၊ မသုံးသင့်ဘူး”လို့
အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောပါတယ်။
ရောဂါအခံရှိသူတွေ တားဆေးသုံးစွဲတာတွေကြောင့် သွေး ပြန်ကြော ပိတ် တာ၊ သွေးခဲတာတွေ ဖြစ်တတ်သလို နှလုံးသွေးကြောကျဉ်းရောဂါနဲ့ နှလုံးသွေးကြော ပိတ်ရောဂါတွေလည်း ဖြစ်တတ်တယ်လို့ သိရပါတယ်။ တားဆေးကို နှစ်ရှည်လများ သောက်သုံးမယ်ဆိုရင်တော့ အသက်အန္တရာယ်ရှိနိုင်တယ်လို့ သိရပါတယ်။
တားဆေးကို ရေရှည်သောက်သုံးမယ်ဆိုရင် ကင်ဆာဖြစ်ဖို့ အလားအလာ ရှိ သလို တစ်ခါတစ်ရံမှာ တားဆေးကြောင့် အလုံးအကျိတ်တွေ ပေါက်လာတာမျိုးလည်း ဖြစ်တတ် ကြတယ်လို့ သိရပါတယ်။
ဒါကြောင့် အိမ်ထောင်ရှင်အမျိုးသမီးတွေ တားဆေးသုံးစွဲတော့မယ်ဆိုရင် ကိုယ့် သဘောနဲ့ကိုယ် အပြင်ဆေးဆိုင်တွေကနေ ကြုံသလို သောက်တာမျိုး မပြုလုပ်ဘဲ တတ်ကျွမ်း နားလည်တဲ့ဆရာဝန်ထံ မိမိမှာဖြစ်နေတဲ့ ရောဂါတွေအကြောင်း တိုင်ပင်ပြောပြပြီးတော့မှသာ သောက်သုံးသင့်တယ်လို့ သိရပါတယ်။

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)