ဖေဖေ နှင့် မေမေ ဖတ်ကြည့် ပါ ( သားသားမီးမီးအတွက်ပါ )
ကလေးတွေ ကို ဘာတွေးရမယ်ဆိုတာထက်
ဘယ်လို တွေးသင့်တယ်ဆိုတာကိုသာ သင်ပေးပါ ၊
.
ကလေးတွေကို ငွေအများကြီးရှာရမယ်ဆိုတာထက်
ငွေရဲ့အသုံးဝင်ပုံနဲ့တန်ဖိုးကို သာသင်ပေးပါ ၊
.
ကလေးတွေကို မုန့်ဖိုးအများကြီးပေးလိုက်တာထက်
အရာဝထ္ထုတွေရဲ့တန်ဖိုးကိုသာ သင်ပေးပါ ၊
.
ကလေးတွေကိုအမှားတစ်ခုလုပ်မိတဲ့အခါ ရိုက်နှက်ဆုံးမတာထက်
အဲ့ဒီအမှားရဲ့ နောက်ဆက်တွဲအကျိုးတွေကို သေချာရှင်းပြပေးပါ ၊
.
ကလေးတွေကို မျက်ရည် မကျပါစေနဲ့
သဘာဝတရားရဲ့ လှပမှုကို ချစ်တတ်အောင်သာ သင်ပေးပါ ၊
.
ကလေးတွေကို ကလဲ့စားချေခြင်းနဲ့အမုန်းတရားတွေထက်
ခွင့်လွှတ်သည်းခံခြင်းနဲ့ ချစ်ခြင်းမေတ္တာကိုသာသင်ပေးပါ ၊
.
ကလေးတွေကို အတန်းပညာတွေထက်
အသိပညာ နဲ့ ဆင်ခြင်တုံတရားကို သင်ပေးပါ ၊
.
ကလေးတွေကို အဆင်ပြေချောမွေ့ခြင်းတွေချည်းပဲမပေးပါနဲ့
လောကဓံရဲ့ခက်ထန်ကြမ်းတမ်းမှုကိုနားလည်အောင် ထိတွေ့ပေးပါ ၊
.
ကလေးတွေကို သူတို့အလို အလိုလိုက်ခြင်းထက်
သူတို့လိုချင်တာဟာ တန်ဖိုးရှိမရှိဆိုတာကိုသာ သင်ပေးပါ ၊
"" ပျော့ညံ့တယ်ဆိုတာ အရှုံးပေးလိုက်ုတာမဟုတ်ပါဘူး
လိုချင်တဲ့အရာကို ပုံသွင်းယူခြင်းတစ်မျိုးပါပဲ ""
.
ကလေးတွေကို ချစ်တယ်ဆိုပြီး မနှစ် ပစ်လိုက်ပါနဲ့
တခါတခါ မိဘတွေရဲ့ ရူးရူးမိုက်မိုက်အချစ်ကြောင့်
ပေါ့ပေါ့နေ ပေါ့ပေါ့စား “ နစ် ” သွားရတဲ့ကလေးတွေအများကြီးရှိပါတယ် ။ ၊ ။
.
.
သက်တန့်ချို
လိုချင်တဲ့အရာကို ပုံသွင်းယူခြင်းတစ်မျိုးပါပဲ ""
.
ကလေးတွေကို ချစ်တယ်ဆိုပြီး မနှစ် ပစ်လိုက်ပါနဲ့
တခါတခါ မိဘတွေရဲ့ ရူးရူးမိုက်မိုက်အချစ်ကြောင့်
ပေါ့ပေါ့နေ ပေါ့ပေါ့စား “ နစ် ” သွားရတဲ့ကလေးတွေအများကြီးရှိပါတယ် ။ ၊ ။
.
.
သက်တန့်ချို
Comments
Post a Comment