ကုန်းပေါ်တွင်ရေနစ်သေဆုံးခြင်း( ဗဟုသုတလေးပါ )


သတိပြုရမယ့် Dry Drowning နဲ့ Secondary Drowning...
.
မကြာသေးခင်က အင်တာနက်ပေါ်မှာ သတင်း တစ်ပုဒ်ကို ဖတ်ရှုလိုက်ရပါတယ်... အဲဒါကတော့... အမေရိကန်နိုင်ငံက အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး အိမ်နီးနားချင်းက ရေကူးကန်တစ်ခုမှာ ရေသွားကစားရာကနေ ပြန်လာပြီး သူဟာ အတော်လေး နွမ်းနယ်နေတဲ့အကြောင်း၊ အရမ်းလည်း အိပ်ချင်နေတဲ့အကြောင်း မိခင်ဖြစ်သူကို ပြောပြီး အိပ်ယာထဲမှာ သွားအိပ်လိုက်တယ်လို့ ဆိုပါတယ်... မိခင်ဖြစ်သူကလည်း ကလေးတွေရဲ့ သဘာဝအရ တနေ့ကုန် ကစားထားလို့ ပင်ပန်းတာလို့ ယူဆထားပြီး သားဖြစ်သူကို သံသယ
မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်...
.
ခဏအကြာ သားဖြစ်သူကို သွားကြည့်လိုက်တဲ့ အချိန်မှာ ပါးစပ်ကနေ အမြုပ်တွေ ထွက်ပြီး အသက် မရှုတော့တာကို တအံ့တသြ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်.. ဆေးရုံကို အလျင်အမြန် ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံဝန်ထမ်းတွေက ကလေးဟာ Dry drowning ကြောင့် ဆုံးသွားပြီလို့ အတည်ပြုခဲ့ပါတယ်...
.
အမေရိကန်နိုင်ငံမှာ Dry drowning ရေ မတော်တဆဖြစ်တဲ့သူ ဦးရေဟာ ၁ နှစ်ကို ခန့်မှန်းခြေ ၄,၀၀၀ ခန့် ရှိပြီး... သူတို့ထဲက အရေအတွက် ၄၀၀ ကနေ ၆၀၀ လောက်ဟာ နှစ်စဉ် အသက် ဆုံးရှုံးနေတယ်လို့လည်း သိရပါတယ်...
.
Dry Drowning နဲ့ Secondary Drowning ဆိုတာ ဘာလဲ?
.
မိမိအပါအ၀င် ကလေးမိဘတွေဟာ ကလေးတွေကို ရေကူးကန်တွေ၊ ရေချိုးခန်းတွေမှာ ရေပေးချိုး၊ ရေပေးကစားလေ့ ရှိပါတယ်... ဒီလို ကစားပြီးလို့ ရေအပြင်ဘက် ရောက်တာနဲ့ ရေဘေးအန္တရာယ် မရှိတော့ဘူးလို့ ထင်တတ်ကြပါတယ်... တကယ်တော့ Dry drowning နဲ့ Secondary drowning ဆိုတာဟာ ရေထဲမှာ ရှိနေစဉ် ရေနစ်သေဆုံးတာ မဟုတ်ပဲ... ကလေးတွေ ရေချိုး၊ ရေကစားပြီးလို့ ခန္ဓာကိုယ်က ရေတွေကို ခြောက်သွေ့အောင် တဘက်နဲ့သုတ်၊ အ၀တ်အစားလဲ... စသဖြင့် ဒီလိုလုပ်နေချိန် နာရီပိုင်း အတွင်းမှာ ဖြစ်ပွားတဲ့ ရေမရှိတဲ့နေရာမှာ ရေနစ်သေဆုံးတဲ့ ဖြစ်စဉ်တစ်ခုလို့ မှတ်သား ရပါတယ်...
.
ဒီလိုပုံစံနဲ့ ရေနစ်တာဟာ... ကလေးတွေ သူတို့ ကိုယ်တိုင် ရေကန်ထဲမှာ ရေကစားနေတဲ့အချိန် (ဒါမှမဟုတ်) ကလေးမိဘတွေက သူတို့ရဲ့ ကလေးတွေကို ချစ်စနိုးနဲ့ ခေါင်းကို ရေထဲနှစ်ပြီး ကစားနေတဲ့ အချိန်တွေမှာ မတော်တဆ (ရေမွန်းပြီး) ရေတွေကို သူတို့ရဲ့ နှာခေါင်းတွေကတဆင့် ရှူသွင်း မိလိုက်တဲ့ အချိန်မှာ ဖြစ်တတ်ပါတယ်...
.
Dry drowning ရေနစ်တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေ အကြောင်းအရင်း တွေကတော့... ရေကစားနေစဉ်အတွင်း ကလေးငယ် မတော်တဆ ရှူရှိုက်မိလိုက်တဲ့ ရေတွေဟာ အဆုတ်ထဲထိ ရောက်ရှိမသွားပဲ လေ၀င်အသက်ရှူ လမ်းကြောင်းကို ရုတ်တရက် ဆိုးကျိုးသက်ရောက်မှု တစ်ခု ဖြစ်စေ ပါတယ်... ဒီလိုနဲ့ ကုန်းပေါ် ရောက်တဲ့ အချိန် Asphyxiation ခေါ် အောက်ဆီဂျင် လုံလောက်စွာ မရရှိတော့ပဲ အသက်ရှူမ၀တဲ့ အခြေအနေ ဖြစ်လာတယ်လို့ ဆိုပါတယ်...
.
Secondary drowning (Delayed drowning လည်း ခေါ်ပါတယ်) ကတော့ Dry drowning နဲ့ အနည်းငယ် ကွာခြားပါတယ်... သူကတော့ ကလေးငယ် ရှူသွင်းလိုက်မိတဲ့ ရေတွေဟာ ပွင့်နေတဲ့ လေလမ်းကြောင်းအတိုင်း အဆုတ်ထဲကို ရောက်ရှိ နေရာ ယူသွားတာ ဖြစ်ပါတယ်... အဆိုပါ အဆုတ်ထဲရှိ ရေတွေဟာ ခန္ဓာကိုယ်တွင်း လည်ပတ်နေတဲ့ သွေးထဲသို့ အောက်ဆီဂျင် ပို့ဆောင်ပေးတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အဟန့်အတား ဖြစ်စေပြီး... နောက်ဆုံး ဦးနှောက်ကပါ အောက်ဆီဂျင် လုံလောက်စွာ မရတော့တဲ့ထိ ပြဿနာ ဖြစ်လာပါတယ်... ဒီလို အခြေအနေကို 'Pulmonary edema' လို့လည်း ခေါ်တယ်လို့ သိရပါတယ်...
.
Dry drowning ရေနစ်တဲ့ လက္ခဏာတွေက အများအားဖြင့် ရေ မတော်တဆဖြစ်ပြီး ခဏအတွင်းမှာ ဖြစ်ပေါ်လာပြီး... Secondary drowning ရဲ့ လက္ခဏာတွေကတော့ ယေဘုယျအားဖြင့် ရေ မတော်တဆဖြစ်ပြီးနောက်ပိုင်း ၁ နာရီကနေ ၂၄ နာရီအတွင်းမှာ စတင် ဖြစ်ပေါ်တယ်လို့ Children's Hospital of Pittsburgh ရဲ့ အရေးပေါ်ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ Raymond Pitetti က ဆိုပါတယ်...
.
ဒီလို ရေမတော်တဆမှုဟာ လူကြီးတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်... ဒါပေမယ့် လူကြီးတွေလို ခန္ဓာကိုယ် ဖွံ့ဖြိုးမှု မရှိသေးတဲ့ ကလေးငယ်တွေမှာ ပိုပြီး အဖြစ်များတာ တွေ့ရတယ်လို့ ဒေါက်တာ Pitetti က ပြောပါတယ်...
.
၂ မျိုးလုံးဟာ အတော်လေး ဖြစ်ခဲတဲ့ရောဂါတွေ ဖြစ်ပါတယ်... ရေနစ်တဲ့ ဖြစ်စဉ်တွေ အားလုံးထဲမှာ ဒီလိုပုံစံနဲ့ ရေနစ်တာဟာ ၁ ရာခိုင်နှုန်းနဲ့ ၂ ရာခိုင်နှုန်း အကြား မှာသာ ရှိတယ်လို့ အမေရိကန်နိုင်ငံရှိ Florida Hospital Tampa ဆေးရုံက ဒေါက်တာ James Orlowski ကလည်း ဆိုထားပါတယ်... ဒါပေမယ့် သတိတော့ ထားရပါမယ်...
.
Dry Drowning နဲ့ Secondary Drowning ၂ မျိုးလုံးမှာ တူညီတဲ့ လက္ခဏာ တွေကတော့ အသက်ရှူရ ခက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘက်အောင့်ခြင်း၊ အလွန့်အကျွံ ပင်ပန်းနွမ်းနယ်လာခြင်း.... တွေပဲ ဖြစ်ပါတယ်... ဒါ့အပြင် ကလေးဟာ စိတ်ဆိုးမာန်ဆိုးဖြစ်ခြင်း စတဲ့ အမူအရာ ပြောင်းလဲ လာတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်... ဒီလက္ခဏာတွေ အားလုံးဟာ ကလေးငယ်ရဲ့ ဦးနှောက်က အောက်ဆီဂျင် လုံလောက်စွာ မရရှိတဲ့သဘော သက်ရောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်...
.
ဒီလက္ခဏာတွေ အားလုံးကို ကလေးမိဘတွေက သတိမပြုမိဘဲ အချိန်မီ မကုသဘူးဆိုရင် အသက် ဆုံးရှုံးတဲ့အဆင့်ထိ ရောက်လာနိုင်ပါတယ်....
.
မိမိရဲ့ကလေးဟာ အထက်မှာ ဖော်ပြခဲ့အတိုင်း ရေကစားပြီးတဲ့အချိန် Dry Drowning နဲ့ Secondary Drowning တွေထဲက ရှေ့ပြေး လက္ခဏာ တစ်ခုခု ပြနေပြီဆိုရင် နီးစပ်ရာမှာ ဆေးရုံမှာ ဆေးဝါး အကူအညီ ရယူပါ... မျက်ခြေမပြတ် စောင့်ကြည့်ပါ... ဒီလက္ခဏာတွေဟာ သူ့အလိုလို ပျောက်သွားတယ် ဆိုရင်တောင်မှ X-ray တွေ IV တွေရိုက်ပြီး ဆေးစစ်တာတွေ လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်...
.
ကလေးငယ်တွေ ရေကူးကန်၊ ရေချိုးကန်တွေမှာ ရေကစားစဉ် Water Safety ရေလုံခြုံမှု ရှိပြီး ရေမတော်တဆမှုက ကင်းဝေးစေဖို့ အတွက် American Academy of Emergency Medicine က အကြီးအကဲ တစ်ဦးဖြစ်သူ ဒေါက်တာ Mark Reiter က ကလေးမိဘတွေကို...
(၁) ရေထဲ (ဒါမှမဟုတ်) ရေအနီးအနားမှာ ရှိနေတဲ့ ကလေးတွေကို အမြဲတမ်း မျက်ခြေမပျက် အနီးကပ် စောင့်ကြည့်ဖို့...
(၂) ကလေးတွေကို အသက်ကယ် ပစ္စည်းတွေ ရှိတဲ့ နေရာတွေမှာသာ ရေကစားခွင့် ပြုဖို့နဲ့..
(၃) ရေကစားတဲ့ ကလေးတွေကိုလည်း လူကြီးတွေရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိစေဖို့ အကြံပြုထားပါတယ်....။
.
(ကျွန်တော့်လို မသိသေးတဲ့ ဘ၀တူ ကလေး မိဘများအတွက် ရေးသား တင်ပြပေးလိုက်ပါတယ်...)
.

Ref:google/http://www.m.webmd.com/…/fe…/secondary-drowning-dry-drowning
http://www.homehealthyrecipes.com/this-boy-died-an-hour-af…/
http://www.parents-space.com/drowning-types-summer-dangers/

ကိုမျိုး
lwanmapyay.blogspot.com
.
Ko Myo

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)