မအောင်မြင်ဘူးဆိုတာ မရှိတဲ့သူ



အောင်မြင်တဲ့သူဟာ စိတ်ဓါတ်
အားတက်နေတဲ့အကျင့်ရှိတယ်။
စိတ်ဓါတ်ကျလေ့ မရှိဖူး။
.
နဲနဲလေးကျတာနဲ့ နည်းလမ်းရှာပြီးတော့
စိတ်ဓါတ်ပြန်တက်အောင် လုပ်တယ်။
သဒ္ဓါကျသွားရင် သဒ္ဓါပြန်တင်ပေးတယ်။
ဝီရီယကျသွားရင် ဝီရိယ ပြန်တင်ပေးတယ်။
သမာဓိကျသွားရင် သမာဓိ ပြန်တင်ပေးတယ်။
ကျနေတဲ့အခြေအနေမှာ တာရှည်မနေဘူး။
သတိမပြတ်အောင် ထိန်းသိမ်းတယ်။
အဲဒီလိုလူဟာ မအောင်မြင်ဘူးဆိုတာ မရှိပါဘူး။
.
ပြတ်သားတဲ့ရည်ရွယ်ချက် ရှိတဲ့သူဟာ
စိတ်ဓါတ်ကျသွားတဲ့ အခြေအနေမှာ
ကြာရှည်နေလေ့ မရှိဘူး။
.
အောင်မြင်တဲ့သူ မှန်သမျှဟာ
အခက်အခဲနဲ့တွေ့တဲ့အခါမှာ
စိတ်ဓါတ်ကျလေ့မရှိဘူး။
.
တခါတစ်ရံ နဲနဲလျော့သွားရင်တောင်မှ
အဲဒီအခြေအနေမှာ တာရှည်နေလေ့မရှိဘူး။
.
ကိုယ့်မှာ မတော်တဆ အကြောင်းတခုခုရှိလို့
စိတ်ဓါတ်အားကျသွားတယ်ဆိုရင် . . . . .
စိတ်ဓါတ်ပြန်တက်လာအောင် . . .
တနည်းနည်းနဲ့ လုပ်တတ်တဲ့သူတွေ ဖြစ်တယ်။
.
ဆရာတော်ဦးဇောတိက
(ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်သတိဖြင့်နေထိုင်ခြင်း စာအုပ်မှ)

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)