ငှက်ပျောခွံ၏ ကျန်းမာရေးအတွက် အသုံးဝင်ပုံများ
မိတ်ဆွေတို့ကို ဒီတစ်ခါတင်ပြပေးမယ့်အကြောင်
လူတိုင်းနီးပါး စားဖူးကြပြီး အလွယ်တကူ လွင့်ပစ်တတ်တဲ့ ငှက်ပျောသီးခွံမှာ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပေးနိုင
(၁) ငှက်ပျောခွံရဲ့ အတွင်းသားကို ကြမ်းပိုးတို့ အင်းဆက်တို့လို အကောင်ကိုက်နာ (Bug Bites) တွေမှာ ပွတ်တိုက် လိမ်းပေးရင် အရေပြားကို သက်သာချောမွေ့စေပြီး ယားယံတာကိုလဲ ပြေပျောက်စေပါတယ်။
(၂) အညိုအမည်းစွဲနေတဲ့ အတွင်းကြေဒဏ်ရာ (Bruises) တွေကိုလဲ မြန်မြန် သက်သာစေတဲ့အစွမ်း ရှိပါတယ်။
(၃) သွားဖြူချင်ရင်လဲ ငှက်ပျောခွံအတွင်းသားကို သွားပေါ်မှာ မိနစ်နည်းနည်းလောက် နေ့တိုင်း အချိန်ပေး တိုက်ပေးသွားရင် သီတင်းပတ်အနည်းငယ်လောက်အတွင
(၄) ငှက်ပျောခွံဟာ ၀က်ခြံ (Acne) ကြောင့် အရေပြား တင်းမာဖူးယောင်ပြီး ယားယံတာကိုလဲ ပြေပျောက်သက်သာစေပြီး ၀က်ခြံဖြစ်တတ်တာကိုလဲ တဖြည်းဖြည်း လျှော့ချပေးနိုင်ပါတယ်။ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ပေါက်နေတဲ့ ၀က်ခြံတွေပေါ်ကို ငှက်ပျောခွံအတွင်းသားလေးနဲ့
(၅) အရေပြားပေါ်မှာ ကြမ်းကြမ်းထော်ထော် အနီပိမ့်ကြီးတွေ (psoriasis) ထတာမျိုးဆိုရင်လဲ အဲဒီအရေပြားနေရာကို တနေ့ ၂ ကြိမ်လောက် ငှက်ပျောခွံအတွင်းသားလေး တိုက်ပေးပါလား။ ငှက်ပျောမှာက ရေဓာတ် ထိန်းပေးတဲ့ အစွမ်းသတ္တိ၊ ယားယံမှုကို ပြေပျောက်စေတဲ့အစွမ်း၊ အဲလို အရေပြား နီရဲဖုထနေတာတွေကို ပြေပျောက်သက်သာစေတဲ့ အာနိသင် အပြည့်အ၀ ရှိတာကြောင့် မှန်မှန်သာ တိုက်ပေးရင် ရက်အနည်းငယ်အတွင်းမှာကို ထူးထူးခြားခြား အကျိုးကောင်းတွေ ခံစားရမှာပါလေ။
(၆) အဖုအပိမ့်နဲ့ ယားနာတွေ (Rashes and itches) အတွက်ဆိုလဲ ငှက်ပျောခွံဟာ သိပ်ကောင်းတဲ့ သဘာဝဆေးတစ်လက်ပါပဲ။ အနီဖုတွေ အယားဖုတွေ လုံးဝပျောက်သွားတဲ့အထိ ငှက်ပျောခွံအတွင်းသားနဲ့ တနေ့ ၂ ခါ မှန်မှန် တိုက်ပေးပါနော်။
(၇) ငှက်ပျောခွံက ခေါင်းကိုက်ရင်လဲ သက်သာစေတယ်တဲ့။ နဖူးပေါ်မှာ ငှက်ပျောခွံလေး လှီးပြီးသာ ကပ်ထားလိုက်ပါတဲ့။
(၈) သားရေ ရှူးဖိနပ်တွေ ပြောင်လက်တောက်ပနေအောင်လဲ ဖိနပ်တိုက်ဆေး မလွယ်ကူရင် ငှက်ပျောခွံနဲ့ တိုက်လို့ရပါတယ်။ ငှက်ပျောခွံနဲ့ ဖိနပ်ကို အရင်တိုက်လိုက်။ ပြီးရင် အ၀တ်စ ခပ်နုနုလေးနဲ့ ပြန်ထပ်တိုက်ပေးရပါမယ် တဲ့လေ။
(၉) သားရေထည်တွေနဲ့ ပရိဘောဂတွေကိုလဲ ငှက်ပျောခွံအတွင်းသားနဲ့ တိုက်ပေးပြီး အရောင်တင်ပေးလို့ ရပါသေးတယ်။ ဆိုဖာကြီး တစ်ခုလုံးကို မတိုက်သေးခင် နေရာနဲနဲလောက် သတ်မှတ်ပြီး အရင်စမ်းသပ်ကြည့်ပါလား။ ငှက်ပျောခွံအတွင်းသားလေးနဲ့
ကဲ အားလုံးပဲ အလွယ်တကူရနိုင်ပြီး အကုန်အကျနည်းပေမယ့် ကောင်းကျိုးများလှတဲ့ ငှက်ပျောခွံကို အကျိုးရှိရှိ အသုံးပြုနိုင်ကြပါစေနော်။
စောနွဲ့နေဆိုင် - ပူတာအို
Comments
Post a Comment