အောင်မြင်ပျော်ရွှင်ရန် ဤ ( ၅ ) ခုကို ကန့်သတ်ပါ
အခုနောက်ပိုင်းမှာ ကျနော်ဟာ အရင်ကထက်ပိုပြီး
ကန်သက်ချက်တွေကို သဘောကျလာပါတယ်။ အရင်ကတော့ ကန့်သတ်ချက်တွေဆိုတာ
မကောင်းတဲ့အရာတွေလို့ ထင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေတစ်ခုမှာ
ကိုယ့်ရဲ့ကန့်သတ်ချက်တွေကို ကျော်လွန်ပြီးလုပ်ဆောင်နိုင်တာဟာ
အလွန်ကောင်းတယ်လေ။ ဒါပေမဲ့ တချို့အခြေအနေတွေမှာ ကန့်သတ်ချက်တွေ
ထားရှိခြင်းက ကိုယ့်အတွက် အတော်လေး
အထောက်အကူပြုနိုင်ပါတယ်။
အထောက်အကူပြုနိုင်ပါတယ်။
အောက်မှာဖော်ပြမယ့် အချက်ငါးချက်ကတော့
ကျနော့်ဘ၀မှာ ကိစ္စတွေပိုပြီး အဆင်ပြေဖို့၊ အလုပ်တွေပိုပြီး
စွမ်းဆောင်နိုင်ဖို့ ကန့်သတ်ချက်တွေကို ကျနော် ဘယ်လိုအသုံးပြုတယ်ဆိုတာပါပဲ ။
၁။ အသုံးမ၀င်သော အရာများကို ကန့်သတ်ပါ
သင့်ရဲ့ဘ၀မှာ အရေးအကြီးဆုံးအရာတွေက
ဘာတွေလဲ? သင့်ရဲ့ဘ၀မှာ အရေးမကြီးဆုံးအရာတွေက ဘာတွေလဲ?
စဉ်းစားကြည့်လိုက်လို့ အမှန်တကယ် အရေးမကြီးတဲ့အရာတွေကို တွေ့ရင် အဲဒါတွေကို
ဘေးချိတ်ထားနိုင်မယ့် နည်းလမ်းတွေကို ရှာပါ။ ဒါက လွယ်မှာတော့ မဟုတ်ပါဘူး။
သင့်ရဲ့စိတ်နဲ့ အတိုက်အခံလုပ်ရနိုင်ပါတယ်။
ဒါက ပိုကောင်းဖို့အတွက်
အပြောင်းအလဲတစ်ခုဖြစ်ရင်တောင်မှ သင်ဟာ လုပ်နေကျအရာတွေကို မလုပ်ရတဲ့အတွက်
နည်းနည်းတော့ ကသိကအောက် ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကိစ္စအသစ်တွေ၊ ပိုပြီး
ကောင်းတဲ့အရာတွေအတွက် နေရာပေးပြီး အသုံးမ၀င်တဲ့အလုပ်တွေကို
စွန့်လွှတ်ရပါမယ်။
၂။ နေ့စဉ် စစ်ဆေးရသောအရာများကို ကန့်သတ်ပါ
ကျနော်တို့ဟာ Facebook , Email တို့ကို
အကြိမ်ကြိမ်စစ်ခြင်းနဲ့ အချိန်တွေအများကြီး ကုန်နေကြပါတယ်။ အဲဒီအခါ
ခေါင်းထဲမှာ အကြောင်းအရာတွေက များနေပြီး စိတ်က ကြည်ကြည်လင်လင်
မရှိတော့ပါဘူး။ တစ်နေ့မှ တစ်ခါပဲ စစ်မယ်ဆိုရင် စိတ်လည်း
သိပ်မရှုပ်တော့ပါဘူး။ ပိုပြီး သက်သောင့်သက်သာဖြစ်လာပါမယ်။ ဒါဆို သင့်ရဲ့
မေးလ်ကို တစ်ပတ်မှ တစ်ခါပဲစစ်မယ်ဆိုရင် ဘယ်လိုနေမလဲဆိုတာ ကြည့်ကြည့်ပါဦး။
၃။ ဆုံးဖြတ်ချက် အသေးလေးတွေကို ကန့်သတ်ပါ
ကျနော်ဟာ ဆုံးဖြတ်ချက်အသေးစားလေးတွေအတွက်
အချိန်အများကြီး မပေးတတ်ပါဘူး ။ လေ့ကျင့်ခန်း လုပ်ရမလား မလုပ်ရဘူးလား။
ဖုန်းကောလ်တစ်ခု ခေါ်ရမလား မခေါ်ရဘူးလား ။ ဒါမှမဟုတ် ကျနော့်စိတ်ထဲက နည်းနည်း
ချီတုံချတုံဖြစ်နေတဲ့ ကိစ္စလေးတွေအတွက် အချိန်အများကြီး ပေးပြီး
ထိုင်မစဉ်းစားပါဘူး။
ကျနော် ချက်ချင်းစဉ်းစားတယ်၊ ပြီးတော့ ဆုံးဖြတ်တယ်။ လုပ်မယ်ဆိုရင် စက္ကန့်ပိုင်းအတွင်း ချက်ချင်းလုပ်ပါတယ်။
ကျနော် ချက်ချင်းစဉ်းစားတယ်၊ ပြီးတော့ ဆုံးဖြတ်တယ်။ လုပ်မယ်ဆိုရင် စက္ကန့်ပိုင်းအတွင်း ချက်ချင်းလုပ်ပါတယ်။
အချိန်အကြာကြီးစဉ်းစားခြင်းဟာ မလိုအပ်တဲ့
သံသယတွေနဲ့ ဆင်ခြေတွေ ထွက်လာနိုင်ပါတယ်။ ကျနော်တို့ဟာ
ဆုံးဖြတ်ချက်အသေးစားလေးတွေကို ချက်ချင်းဆုံးဖြတ်ချက်ချသင့်ပါတယ်။ ဒါက
စိတ်ရဲ့ ၀န်ထုပ်ဝန်ပိုးတွေကိုလည်း လျော့နည်းစေပါတယ်။
၎။ အလုပ်တွေအတွက် အချိန်ကန့်သတ်ပါ
ကျနော် အရင်က Twitter ကို တမေ့တမော
သုံးတတ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ တစ်နေ့ကို Twitter ၁၅ မိနစ်ပဲ
သုံးဖို့ အချိန်ကန့်သတ်လိုက်ပါတယ်။ အစပိုင်းတော့ တော်တော်အဆင်မပြေပါဘူး။
ဒါပေမဲ့ ကျနော် ကန့်သတ်ချက်တစ်ခု ထားပြီးပြီလေ။ ဒီတော့
အဲဒီကန့်သတ်ချက်အတိုင်း တစ်နေ့ကို Twitter ၁၅မိနစ်ပဲ သုံးပါတော့တယ်။
အဲဒီလုပ်တဲ့အခါ Twitter သုံးရတာ ပိုပြီးပျော်စရာကောင်းလာတယ်။ Twitter ကို
အဲဒီ ၁၅မိနစ်အတွင်း ဘယ်လိုကောင်းကောင်းသုံးရမလဲဆိုတာလည်း သိလာပါတယ်။
ပြီးတော့ အဲဒီမှာ အချိန်တွေ အကြာကြီး မဖြုန်းမိတော့ဘူးလေ။
ဒါကြောင့် နေ့စဉ် ကိစ္စတစ်ချို့ကို
လုပ်ရမှာ အဲဒီလိုပဲ အချိန်ကန့်သတ်ချက်လေးတွေ ထားကြည့်ပါ။ ဒါမှမဟုတ်
သင်တကယ်သုံးချင်တဲ့အချိန်ထက်ပိုပြီး သုံးမိနေတဲ့ အလုပ်တွေကို
လျှော့ချကြည့်ပါ။
၅။ ကတိစကားတွေကို ကန့်သတ်ပါ
” No ” လို့ ပြောတတ်ပါစေ။
သင်လုပ်နိုင်တာထက် နည်းနည်းပိုလုပ်ခြင်းဟာ ကောင်းပါတယ်။ ဒါပေမဲ့
သင့်ကိုယ်သင် အလွန်အမင်း ဆွဲဆန့်ခြင်းကတော့ မကောင်းပါဘူး။
အလုပ်တစ်ခု ပြီးမြောက်ဖို့
သင်အချိန်ဘယ်လောက်လိုအပ်သလဲဆိုတာကို သိပါ။ ကိုယ်မပြီးနိုင်တဲ့အချိန်မှာ
အလုပ်တစ်ခုကို ပြီးရမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကတိမပေးမိပါစေနဲ့။
ဒါကို စဉ်းစားပါ။ အပေါ်က
တခြားအချက်တွေကိုလည်း အသုံးပြုပါ။ သင့်ရဲ့ အရေးအကြီးဆုံးအလုပ်တွေကို
လုပ်နိုင်ဖို့ ဟန်ချက်ညီမှု (balance)တစ်ခုကို ရှာပါ။ သာမန်ရလာဒ်လေးတွေသာ
ရပြီး ပင်ပန်းနေတာမျိုးမဟုတ်ဘဲ သင့်ရဲ့ဘ၀ဟာ ပိုပြီး
အောင်မြင်ပျော်ရွှင်လာပါလိမ့်မယ်။
Credit to Your Life Success
Comments
Post a Comment