Skip to main content

အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ

 (အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ)
လူလူချင်းအတူတူ ခွဲခြားနှိမ့်ချဆက်ဆံတတ်တဲ့ အကျင့်ကို ကျွန်မ ပတ်ဝန်းကျင်မှာ အရင်ကရော အခုရော တော်တော်များများ မြင်တွေ့ခဲ့ ရပါတယ်.။ နောင်လည်းမြင်တွေ့ရဦးမှာပါ.။ လူတစ်ယောက်ကို အထင်သေးစွာ ခွဲခြားနှိမ့်ချ ဆက်ဆံတယ် ဆိုတဲ့နေရာမှာ

(၁) အပြုအမူ
(၂) အပြောအဆို
(၃) မျက်လုံးအကြည့်
ရယ် ဆိုပြီး (၃)မျိုး တွေ့ရပါတယ်။
လူတစ်ဦးနဲ့တစ်ဦးဟာ ရှင်သန်ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်များ (မိသားစု၊ သူငယ်ချင်း၊ ဆရာ စသည်တို့…) မတူညီပဲ ကွဲပြားကြပါတယ်.။ အဲဒါကြောင့် လူ့စရိုက်တွေဟာလည်း
အမျိုးမျိုးကွဲပြားနေလေ့ရှိကြပါတယ်.။ ဝတ်ကောင်းစားလှဝတ်မှ၊ စကားပြောကောင်းမှ ၊နောက်ဆုံးပေါ်ဆိုတာတွေကိုင်နိုင်၊ သုံးနိုင်မှ စသဖြင့်ပေါ့..။
အဲအရာတွေမရှိတဲ့သူဆိုရင်တော့ အပေါ်မှာ ကျွန်မပြောခဲ့သလို အပြုအမူနဲ့တစ်ဖုံ၊ အပြောအဆိုနဲ့တစ်ဖုံ၊ မျက်လုံးအကြည့်နဲ့တစ်ဖုံ ဆက်ဆံကြတော့တာပါပဲ.။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျွန်မငယ်ငယ်က ဖတ်ဖူးတဲ့”တရုတ်ပုံပြင်” တစ်ပုဒ်ကို သွားသတိရမိတယ်.။ တခါက တရုတ်ပြည်မှာ အမှန်တရားကို အရမ်းမြတ်နိုးပြီး အမှန်တရားနှင့်ပတ်သက်လာလျှင်လည်း လူကြားသူကြားမရှောင် သရော်ပြတတ်တဲ့သူတစ်ယောက်ရှိတယ်.။
(နာမည်တော့ မမှတ်မိတော့ပါ) တနေ့ သူ့မိတ်ဆွေသူဌေးတစ်ယောက်ရဲ့ ဧည့်ခံပွဲတစ်ခုကို အိမ်မှာဝတ်တဲ့ အဝတ်အစားနဲ့ပဲ မပြင်မဆင် သွားရောက်ခဲ့သတဲ့.။ အဲမှာ ဂိတ်အစောင့်က ပေးမဝင်ဘဲ သူ့ကို မောင်းထုတ်လိုက်တော့တယ်.။ (အပေါ်ယံကြည့်ပြီး ဆင်းရဲသား လို့တွေးကာ အထင်အမြင်သေး၍ မောင်းထုတ်ခြင်းဖြစ်သည်)..။ အဲဒါနဲ့သူလဲ အိမ်ပြန် ဝတ်ကောင်းစားလှတွေဝတ်ပြီး နောက်တခါပြန် လာတော့မှ ဂိတ်စောင့်က ပေးဝင်သတဲ့.။
သူလည်း စိတ်ပေါက်ပေါက်နဲ့ ဧည့်ခံပွဲမှာ ချထားတဲ့ မုန့်တွေကို အင်္ကျီအိပ်ကပ်ထဲ လောင်းထည့်ပြီး ပါးစပ်က “ငါ့ကိုကျွေးတာမဟုတ်ဘူး” “မင်းကိုကျွေးတာ…. မင်းကိုကျွေးတာ”လို့ အော်ပါတော့ တယ်တဲ့။ အဲဒါကြောင့် လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဘယ်တော့မှ အထင်လည်း အရမ်းမသေးမိပါစေနဲ့.။ အရမ်းလည်း အထင်မကြီးမိပါစေနဲ့.။ အရမ်းအထင်သေးလွန်းပြီး သူတစ်ပါးကို နစ်နာအောင်ပြောဆိုဆက်ဆံရင် တနေ့ ကိုယ်လဲ အဲအကျိုးကို ပြန်ခံစားရမှာဖြစ်တယ်.။
တစ်ဖက်က အငြိုးထားပြီး ကလဲ့စားချေတာတို့ ဘာတို့ဆိုလည်း ကိုယ်ပဲနာကျင်ရဦးမှာ.။ ပြီးတော့ လူတစ်ယောက်ကို အရမ်းအထင်ကြီးမိရင်လည်း ဘာလုပ်လုပ် အပြစ်မမြင်တော့ပဲ တစ်ဖက်သားရဲ့ လှည့်စားလိမ်ညာခြင်းကို ခံရတတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ ပကာသနတွေ လူမျိုးတွေ အသားအရောင်တွေ ဘေးချိတ်ပြီး ကမ္ဘာပေါ်က လူတွေထဲက လူသားတစ်ယောက်ပါပဲလားဆိုတဲ့အသိနဲ့ တန်းတူညီတူ ဆက်ဆံကြပါ.။အဲဒီ အကျိုးကိုလည်း သင်တနေ့ ကောင်းကောင်းခံစားရမယ်ဆိုတာကို ကျွန်မရဲရဲကြီး အာမခံပါတယ်.။

                                                                                   Credit to – ရှင်မိုးနွယ်

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)