စနစ်သည်သာ တရားခံ
စနစ်သည်သာ တရားခံ
သြကာသဟု
ဗုဒ္ဓထံရင်း ၊ ဆံကိုခင်း၍
ဝပ်စင်းမပြတ် ၊ မရွတ်တတ်သော
ငတ်သည့် မွဲသည့် အဖိုးအို ။
ဗေဒသုံးပုံ ၊ အလုံးစုံကို
နှုတ်ငုံရွရွ ၊ သင်ပုန်းချ၍
လက်က ရေးမှတ် ၊ မတွက်တတ်သော
ငတ်သည့် မွဲသည့် အဖိုးအို ။
နရသုခိ ၊ ဆေးကျမ်းညှိ၍
ကပ်သည့် ရောဂါ ၊ ဝေဒနာကို
သေချာစေ့စပ် ၊ မကုတတ်သော
ငတ်သည့် မွဲသည့် အဖိုးအို ။
ဆန်ကုန်မြေလေး ၊ နောက်ပိတ်ခွေးဟုသေဘေးနားနီး ၊ အဖိုးကြီးကို
စီးသောဖိနပ် ၊ ရွံ့အကပ်မျှမမှတ် မသား မလေးစားခဲ့ ။ စာလည်းကျေညက် ၊ ဉာဏ်ရင့်ရက်တွင်ဖြစ်ပျက်လုံးစုံ ၊ စိတ်အာရုံဝယ်
ကြေးမုံပီသ ၊ ကြည့်၍ရပြီ ။ဘအိုနေမှိန် ၊ ရွယ်နုချိန်ကား
ကြိမ်နွယ်မီးပစ် ၊ သူ့ကျွန်ဖြစ်ခဲ့ ။ ခေတ်ကိုလိုနီ ၊ ဟိုရှေးဆီက၊မညီ မမျှ ၊ ဝမ်း မဝ၍
အရပညာ ၊ မသင်ပါနိုင်စာပေ မတတ် ၊ သဘောက်ဇာတ်ကို၊မွဲငတ်စွာနှင့် ကခဲ့တကား ။
ဘကိုပြစ်မှား ၊ အပြစ်များမှ၊ငါ့အားပျောက်စေ ၊ ကွယ်ပါစေဟု
ရွှေကြာလက်အုပ် ၊ ပုဆစ်တုပ်၍၊ရုပ်နာမ်စုံစွာ ၊ ကန်တော့ပါ၏ ။
ရှေးခါခေတ်ဟောင်း ၊ ကျွန်ဇာတ်ကြောင်းကို၊ထောင်းထောင်း ကြေကြေ ၊ တိုက်ဖျက်ချေ၍
တို့တွေ ခေတ်သစ် ထူကြစို့ ။ ။ကိုလေး ( အင်းဝဂုဏ်ရည် )Artist-Hla Myint Swe
ခရီး သည်ကြီး

Comments
Post a Comment