ပဋ္ဌာန်း(၂၄)ပစ္စည်း အဓိပ္ပယ်ဖွင့်ဆိုချက်

( ပဋ္ဌာန်း(၂၄)ပစ္စည်း အဓိပ္ပယ်ဖွင့်ဆိုချက်)


(၁) ဟေတုပစ္စယော-
ဟိတ်ခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော
တရားညောင်ပင်မြစ်သည် ညောင်ပင်အားမြဲမြံခိုင်ခံ့စွာ
 တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်မှုရှိသော လောဘ၊ကြမ်းတမ်းသောခက်ထန်ခြင်းအမျက်
ထွက်ခြင်းရှိသောဒေါသ၊မကောင်းသောအယူဝါဒကို
မစွန့်ဘဲငိုက်မြည်းတွေဝေခြင်းရှိသော မောဟလောကီအာရုံ
 ကာမဂုဏ်တို့၌လိုချင်မှုမရှိသောအလောဘ၊နူးညံ့စွာယဉ်ကျေးလိမ္မာ၍ ကြမ်းတမ်းခက်ထန်ခြင...်း
၊အမျက်ထွက်ခြင်းမရှိသောအဒေါသ၊ကောင်းသောအယူဝါဒကိုလက်ကိုင်ထားပြီးယုံမှားသံသယများဖြင့်ငိုက်မြည်းတွေဝေးခြင်းမရှိသောအမောဟတရားတို့သည်စိတ်၊စေတသိတ်တရားတို့အားအလိုသို့လိုက်၍ ဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဟေတုပစ္စည်းတရားကိုဟောတော်မူပါသည်။
(၂) အာရမ္မဏပစ္စယော-
အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရားတောင်ဝှေးသည်မသန်မစွမ်း
သူတို့အားအလိုရှိရာသို့ ရောက်စေ၍အထောက်အကူပေးသကဲ့သို့အဆင်း(ရူပါရုံ)၊အသံ
(သဒ္ဓါရုံ)၊အနံ့(ဂန္ဓာရုံ)၊အရသာ(ရသာရုံ)၊အတွေ့အထိ(ဖောဋ္ဌဗ္ဗာရုံ)၊စိတ်ခံစားမှု(ဓမ္မာရုံ) ဟူသောအာရုံခြောက်ပါးတို့သည်ကုသိုလ်၊အကုသိုလ်တရားတို့ကိုအကျိုးအကြောင်းများဖြင့် မိမိစိတ်ကို အထောက်အကူပြုပေးသကဲ့သို့ ကျေးဇူးပြုခြင်းငှာအာရမ္မဏပစ္စည်း တရားကိုဟောတော်မူပါသည်။
(၃) အဓိပတိပစ္စယော-
အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သောတရားစကြဝတေးမင်းသည်
 ပြိုင်ရဲသူ၊ပြိုင်သူမရှိလောက်အောင်ဇွဲ၊လုံးလအပြည့်ဖြင့်အုပ်ချုပ်သကဲ့သို့အလိုဆန္ဒအလွန်ပြင်းပြခြင်း
ဟူသော ဆန္ဓာဓိပတိ၊အားထုတ်ခြင်းလုံးလဟူသော ဝီရိယာဓိပတိ၊လွန်စွာညွတ်ခြင်း ကိုင်းရှိုင်းခြင်း စိတ်ဓာတ်ပြင်းထန်ခြင်းဟူသော စိတ္တာဓိပတိ၊အသိဥာဏ်ပညာဖြင့် အသင့်ဆင်ခြင်ခြင်းဟူသော ဝီမံသာ
ဓိပတိဟူသော အဓိပတိ တရားများသည် အားကောင်းရာသို့လိုက်၍ ကျေးဇူးပြုခြင်းငှာအဓိပတိပစ္စည်း
တရားကိုဟောတော်မူပါသည်။
(၄)အနန္တရပစ္စယော-အခြားမဲ့တဆက်တည်းအကြားမရှိဖြစ်၍ ကျေးဇူးပြုတတ်သောတရားစကြာဝတေးမင်း နတ်ရွာစံခြင်း(သေခြင်း)သည်အကြီးဆုံးသားရတနာအားအလိုလိုမင်း(ဘုရင်)ဖြစ်
စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရုပ်ဝတ္ထုကို မြင်သည်နှင့် အသိစိတ်သည် အာရုံတွင် တဆက်တည်းဖြစ်ခြင်း၊နောက်နောက်စိတ်အစဉ်တွေဆက်တိုက်ဖြစ်ရန်အတွက်
 ရှေ့ရှေ့စိတ်အစဉ်တွေပျက်ပျက်ပေး၍ ကျေးဇူးပြုခြင်းငှာအနန္တရပစ္စည်းတရားကိုဟောတော်မူပါသည်။
(၅)သမနန္တရပစ္စယော-
ကောင်းစွာ(အခြားမဲ့)တဆက်တည်းအကြားမရှိအတားအဆီးမရှိ၍
 ကျေးဇူးပြုတတ်သောတရား။စကြာဝတေးမင်း တောထွက်၍ ရဟန်းပြုခြင်းသည် အကြီးဆုံးသော
သားရတနာအားတဆက်တည်းအကြားမရှိကောင်းစွာမင်း(ဘုရင်)ဖြစ်
စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ မြင်စိတ်သိစိတ် ကောင်းလျှင်ကောင်းသည်ဟုဝန်ခံခြင်း၊
မကောင်းလျှင်မကောင်းဟုဝန်ခံခြင်းတို့သည်စိတ်များဆက်ကာဆက်ကာ ဖြစ်ပေါ်လာအောင်အခြားမရှိ
ဆက်၍ဖြစ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာသမနန္တရပစ္စည်းတရားကိုဟောတော်မူပါသည်။
(၆)သဟဇာတပစ္စယော-
တပြိုင်နက်အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ဆီမီးသည်ညှိထွန်းသည်နှင့်တပြိုင်နက်အလင်းရောင်နှင့်အတူတကွ ဖြစ်ပေါ်စေသကဲ့သို့ခံစားမှုဝေဒနာ ဖြစ်သည်နှင့်တပြိုင်နက် 
မှတ်သားမှုသညာ၊ပြုပြခြင်းသင်္ခါရ၊အသိရှိမှု ဝိဥာဏ်ဟူသော နမ်ခန္ဓာလေးပါးတို့ကို တစ်ပေါင်းတည်း
အတူတကွ ဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သဟဇာတ ပစ္စည်းတရားကိုဟောတော်မူပါသည်။
(၇)အညမညပစ္စယော-
အချင်းချင်း အပြန်အလှန်မှီ၍ ကျေးဇူးပြုတတ်သောတရားသစ်သားသုံးချောင်းသည် မလဲမပြိုရအောင်ခိုင်မြဲစွာတစ်ချောင်းနှင့်တစ်ချောင်းအမှီပြုသကဲ့သို့သိမှု၊ခံစားမှ
ဟူသောရုပ်တရား၊နာမ်တရားတို့သည်လည်းအချင်းချင်းအပြန်အလှန်ကျေးဇူးပြုခြင်းငှာ အညမညပစ္စည်းတရားကိုဟောတော်မူပါသည်။
(၈)နိဿယပစ္စယော-
မှီရာတည်ရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။နောက်ဖြစ်ပေါ်လာသော သစ်ပင်စသည်တို့ကိုမှီ၍ ဖြစ်ထွန်းရန်အတွက် မြေကြီးသည်ပထမဆုံးအရင် ထောက်
ပံ့ပေး၍ ရပ်တည်ရာဖြစ်စေသကဲ့သို့ ရုပ်တရားသည် အာဟာရကိုမှီ၍ ကျေးဇူးပြုခြင်းငှာ နိဿယပစ္စည်းတရားကိုဟောတော်မူပါသည်။
(၉)ဥပနိဿယပစ္စယော-
အားကြီးသော မှီရာအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။မိုးတွင်းအခါ ရွာသောမိုးကြီးသည်
ထိုမိုးကိုအမှီပြုကုန်သောသစ်ပင်သတ္တဝါ၊လယ်ယာမြေ၊တော၊တောင်အစရှိသည်တို
့အားကောင်းလာအောင် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊သဒ္ဓါတရားကိုအခြေခံ၍အမှီပြုကုန်သော
ပုဂ္ဂိုလ်တို့သည်ဥပုသ်သီလစောင့်ထိန်းခြင်း၊သမထ၊ဝိပဿနာ၊ဘာဝနာများအားထုတ်ခြင်းကြောင့်
မဂ်တရား၊ဖိုလ်တရားများနှင့်နိဗ္ဗာန်ရောက်အောင် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ကံ၊စိတ်၊ဥတု၊
အာဟာရဟူသောအကြောင်းတရားတို့သည်အားကြီးသောမှီရာဖြစ်၍ပုဂ္ဂိုလ်သတ္တဝါတို့အား
ျမ်းသာစေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဥပနိဿယပစ္စည်းတရားကိုဟောတော်မူပါသည်။
(၁၀)ပုရေဇာတပစ္စယော-
ရှေ့၌ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သောတရား။ကမ္ဘာဦး၌ပထမဆုံးအရင်ဖြစ်နှင့်သော နေ၊လတို့သည် နောက်မှဖြစ်သည့်သတ္တဝါအပေါင်းတို့အားအလင်းရောင်ပေး၍
 ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊မိဘတိုင်းသည်သားသမီးများထက်အရင်ဖြစ်နှင့်၍ ကျေးဇူးပြု
သကဲ့သို့လည်းကောင်း၊ရှေ့မှဖြစ်နှင့်သောလျှာသည်အရသာအား နောက်မှဖြစ်၍ ကျေးဇူးပြုခြင်းငှာ ပုရေဇာတပစ္စည်းတရားကိုဟောတော်မူပါသည်။
(၁၁)ပစ္ဆာဇာတပစ္စယော-
နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။သားကောင်း၊သမီးကောင်းများသည် ဥစ္စာပညာ ပြည့်စုံ၍မိဘတို့အား နောက်မှပြန်၍လုပ်ကျွေးစောင့်ရှောက်ခြင်းဖြင့်
ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊အရှင်ဗာကုလရဟန္တာမထေရ်အလောင်းတော်သည် မွေးပြီးစနို့စို့အရွယ်တွင်သမုဒ္ဒရာအလယ်၌ ရေထဲသို့ကျသွားရာ
 ရေနစ်၍မသေခဲ့ပါ။ထို့သို့မသေခြင်းသည် နောင်အခါရဟန္တာဖြစ်မည့်သတ္တိကအရှင်ဗာကုလမထေရ်အားမသေစေရန်အကျိုးပြုသကဲ့သို့လည်းကောင်း
၊ရုပ်တရားတွေလန်းဆန်းတည်တံ့နေအောင်စိတ်တရားများကထက်သန်မှုအပြည့်ဖြင့်
 နောက်မှနေ၍ ကျေးဇူးပြုခြင်းငှာ ပစ္ဆာဇာတပစ္စည်းတရားကိုဟောတော်မူပါသည်။
(၁၂) အာသေဝနပစ္စယော-
အဖန်တလဲလဲ မှီဝဲအပ် ထုံမွှမ်းအပ်သည့်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
ရှေးရှေး၌ ပန်းပေါင်းစုံတို့ဖြင့် စီမံရောပြွမ်းထားသော နံ့သာအား အမွှေးနံ့ အလွန်တိုးပွား ခိုင်မြဲစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေးရှေးက သင်ယူတတ်မြောက်ထားခဲ့သည့် စာပေကျမ်းဂန်များသည် နောက်နောင်မှ သင်ယူရသည့် စာပေးကျမ်းဂန်တို့ကို
 လေ့လာမှတ်သားခြင်းငှာ ထောက်ပံ့ကာ အခြေခံအတွက် အားကောင်း၍ ကျေးဇူးပြုသကဲ့သို့
လည်းကောင်း၊ရှေးရှေးက အဖန်ဖန်ပြုလုပ်ခဲ့သောကုသိုလ်၊အကုသိုလ်တရားများသည် နောက်နောင်မှ
ပြုလုပ်သည့်ကုသိုလ်၊အကုသိုလ်တရားများအတွက် ကောင်းကျိုး၊မကောင်းကျိုးတို့ကို
တိုးပွားစေ၍ ကျေးဇူးပြုခြင်းငှာ အာသေဝနပစ္စည်းတရားကိုဟောတော်မူပါသည်။
(၁၃)ကမ္မပစ္စယော-
ပြုလုပ်စီခြင်းဖြင့်ဗီဇမျိုးစေ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။သစ်ပင်အပေါင်းတို့သည်
 ကောင်းစွာပြုပြင်စီမံအပ်သောမျိုးစေ့၊အညွန့်၊အညှောက်၏အမူအရာသို့လိုက်၍ ကောင်းမကောင်း
 ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ကောင်းသောအမှုကိစ္စကိုပြုလုပ်ဆောင်
ရွတ်သူအား ထိုအတိုင်းပင် ကောင်းကျိုးချမ်းသာများကို ရရှိခံစားပြီး မကောင်းသော အမှုကိစ္စကို ပြုလုပ်ဆောင်ရွတ်သူအားမကောင်းသောဒုက္ခ၏ဆိုးကျိုးများကိုရရှိခံစားရမှာ ဖြစ်စေသကဲ့သို့ ကျေးဇူးပြုခြင်းငှာကမ္မပစ္စည်းတရားကိုဟောတော်မူပါသည်။
(၁၄)ဝိပါကပစ္စယော-
အကျိုးရလာဒ်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။တိုက်ခတ်လာသော လေပြေ၊လေ
ညှင်း၊လေနုအေးသည်သစ်ပင်ကြီးများ၏အရိပ်အောက်၌ နေသောသူအားကိုယ်ရော
စိတ်ပါချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ကုသိုလ်ကံတရားကြောင့် ကုသိုလ်၏အကျိုးကို ဖြစ်စေတတ်သောလူဘုံ၊နတ်ဘုံတို့၌ခံစားရမည့်အကုသိုလ်ကံ
တရားကြောင့် အကုသိုလ်၏အကျိုးကို ဖြစ်စေတတ်သော ငရဲဘုံ၊တိရိစ္ဆာန်ဘုံတို့၌ ခံစားစေသကဲ့သို့ ကျေးဇူးပြုခြင်းငှာ ဝိပါကပစ္စည်းတရားကိုဟောတော်မူပါသည်။
(၁၅) အာဟာရပစ္စယော-
ထောက်ပံ့ခိုင်ခံ့စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ထောက်ကန်
ထားသော အကူ ဒေါက်တိုင်သစ်သားသည် အိမ်အို၊အိမ်ဟောင်းအား လေဒဏ်၊မိုးဒဏ်
ကြောင့် မလဲမပြိုစေရန် မြဲမြဲခိုင်ခံ့စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ထို့အတူပင် ဆုံးဆယ့်တစ်ဘုံ၌ ရှိသော သတ္တဝါအားလုံးမှာ အသက်ဆက်၍ ရှင်သန်နိုင်ရန် အတွက်ရုပ်အာဟာရ၊နာမ်အာဟာရ နှစ်ပါးကပံ့ပိုးထောက်ကူပေးခြင်းဖြင့်
ကျေးဇူးပြုခြင်းငှာ အာဟာရပစ္စည်းတရားကို ဟောတော်မူပါသည်။
(၁၆)ဣန္ဒြိယပစ္စယော-
အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။တိုင်းပြည်တစ်ပြည်အတွင်း၌ အသီးသီး ဆိုင်ရာကိစ္စ တာဝန်များကို ပေးအပ်ခြင်းခံရသော မင်း၊မှူးမတ်တို့သည် မိမိ၏တာဝန်များကို အသီးသီးခွဲဝေ၍ ပိုင်ပိုင်နိုင်နိုင် ဆောင်ရွတ်သကဲ့သို့ ဣနြေ္ဒ(၂၂)ပါးရှိရာတွင်စက္ခုနြေ္ဒဟူသော မြင်သိစိတ်သည် မြင်သိစိတ်အားသာ၊သောတိနြေ္ဒဟူသော ကြားသိစိတ်သည် ကြားသိစိတ် အားသာ အစိုးရခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ
ဣန္ဒြိယပစ္စည်းတရားကိုဟောတော်မူပါသည်။
(၁၇) ဈာနပစ္စယော-
ကပ်၍စူးစူးစိုက်စိုက် ရှု့တတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
တောင်ထိပ်ဖျား၊သစ်ပင်ဖျားသို့တက်၍ ကြည့်သော သူသည် အနီးအဝေး အရပ်မျက်နှာတို့ကို
ထင်ရှားတပ်အပ်မြင်ခြင်း၊ထိုမြင်ခြင်း၌အလိုရှိသောသူအားကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ဈာန်ငါးပါး၊
ကုသိုလ်ဈာန်စသည်တို့ကို စူးစူးစိုက်စိုက် အာရုံပြုလျှင် အမြင်မှန်တရားများရကာ နောက်ဆုံး နိဗ္ဗာန်ရောက်သည်အထိ အကျိုးပြုသကဲ့သို့လည်းကောင်း၊အဖန်ဖန်သုံးသပ်ခြင်းစသော တရားတို့သည် အတူဖြစ်ဖက်စိတ်တရား၊ရုပ်တရားတို့အားထင်ရှားစွာ အောင်မြင်မှုကို ဖြစ်စေခြင်းဖြင့်
ကျေးဇူးပြုခြင်းငှာ ဈာနပစ္စည်းတရားကိုဟောတော်မူပါသည်။
(၁၈)မဂ္ဂပစ္စယော-
ကျွတ်လွတ်ထွက်မြောက်သောနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရားဤမှာ
ဖက်ကမ်းစပ်မှ ဟိုမှာကမ်းစပ်သို့ ကူးပြောင်းသွားသော ဖောင်၊ကူတို့သမားသည် ဤမှာဘက်ကမ်းစပ်မှလွတ်မြောက်သွားသကဲ့သို့လည်းကောင်း၊သမ္မာဒိဋ္ဌိ(ကောင်းစွာသိမြင်ခြင်း)။သမ္မာသင်္ကပ္ပ(ကောင်းစွာကြံခြင်း)၊သမ္မာဝါစာ(ကောင်းစွာပြောဆိုခြင်း)၊သမ္မာကမ္မန္တ(ကောင်းစွာလုပ်ဆောင်ခြင်း)၊သမ္မာအာဇီဝ(ကောင်းစွာအသက်မွေးခြင်း)သမ္မဝါယမ(ကောင်းစွာအားထုတ်ခြင်း)၊သမ္မာသတိ(ကောင်းစွာအောက်မေ့သတိရှိခြင်း)၊သမ္မာသမာဓိ(ကောင်းစွာတည်ကြည်ခြင်း)ဟူသောကုသိုလ်မဂ္ဂင်တရား(၈)ပါးတို့သည်ကောင်းသည့် အရာဝတ္ထုမှန်သမျှကို သယ်ယူပို့ဆောင် ခေါ်ငင်သည်၏ အဖြစ်ကြောင့် ကုသိုလ်တရားများဖြစ်ပွားပြီး သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းဖြစ်သော ဟိုမှာဘက်ကမ်းရှိချမ်းသာစစ် ချမ်းသာမှန် လှမ်းရောက်နိုင်သကဲ့သို့ ကျေးဇူးပြုခြင်းငှာ မဂ္ဂပစ္စည်းတရားကိုဟောတော်မူပါသည်။
(၁၉) သမ္ပယုတ္တပစ္စယော-
အတူတကွယှဉ်ပြီး ရောစပ်နေသည်ဖြစ်၍ကျေးဇူးပြုတတ်သောတရား။
နှင်းဆီ၊ထောပတ်၊ပျားရည်၊သကာရည်၊(နို့ရည်)ဟူသောစတုမဓူသည်အရသာလေးမျိုးကိုတစ်ခုစီခွဲခြား၍မရအောင် ရောစပ်ခြင်းဖြင့်စိတ်၊ဖဿ၊ဝေဒနာ၊သညာဟူသော ခံစားမှု၊မှတ်သားမှုစသော
နာမ်တရားများသည်အာရုံတစ်ခုကိုခံစားလျှင်အတူတူယှဉ်ပြီးတစ်ပြိုင်နက်တည်းဖြစ်ကြကာတစ်ခု
ီခွဲခြား၍မရနိုင်အောင် ရောနှောပေါင်းစပ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမ္ပယုတ္တပစ္စည်းတရားကို ဟောတော်မူပါသည်။
(၂၀)ဝိပယုတ္တပစ္စယော-
အတူတကွ မရောစပ် မယှဉ်စပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
ချို၊ချဉ်၊စပ်၊ဖန်၊ခါးဟူသော ခြောက်ပါးသော အရသာသည် ရောထားသော်လည်း အချင်းချင်းမနှီးမနှောမရောမပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း
၊နေမင်းသည် သမုဒ္ဒရာနှင့်မရောမစပ်သော်လည်း မိုးရွာခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊နှလုံးအိမ်ဟူသောရုပ်တရားတို့သည်နာမ်တရားများနှင့် မရောစပ်ဘဲတစ်မျိုးစီသာအာရုံပြုခြင်းဖြင့် ကျေးဇူးပြုခြင်းငှာဝိပ္ပယုတ္တပစ္စည်းတရား
ကိုဟောတော်မူပါသည်။
(၂၁) အတ္ထိပစ္စယော-
ပစ္စုပ္ပန်၌ ထင်ရှားစွာရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သောတရား။မြင်းမိုရ်တောင်မင်းသည် မိမိထင်ရှားရှိခိုက်မိမိကိုအမှီပြုနေသော မြက်၊သစ်ပင်စသည်တို့အား
 ပြန့်ပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊အစားအသောက်အာဟာရတွေဗိုက်ပြည့်ဝအောင်သုံးဆောင်ခြင်းသည် လောလောလတ်လတ်ထင်ရှားရှိဆဲခန္ဓာကိုယ်ကိုတည်တံ့တိုး
ပွားအောင် အကျိုးပြုစေသကဲ့သို့ မြေ၊ရေ၊မီး၊လေ ဟူသောမဟာဘုတ်တရားတို့သည် ထိုတရားကို ချယ်လှယ်သော ရုပ်တရားတို့အား ထင်ရှားရှိခိုက် ကျေးဇူးပြုခြင်းငှာ အတ္ထိပစ္စည်းတရားကိုဟောတော်မူပါသည်။
(၂၂) နတ္ထိပစ္စယော-
မရှိသည်ဖြစ်၍ မရှိမှ ကျေးဇူးပြုတတ်သောတရား။ဆီမီးငြိမ်းသွားခြင်းသည် အမိုက်အမှောင်ကိုရခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ညအခါကုန်လွန်
သွားခြင်းသည် နေ့အခါ ရောက်ဖို့ရန်ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေးရှေးစိတ်တို့ချုပ်ငြိမ်း၍မရှိခြင်းသည် နောက်နောက်စိတ်ဖြစ်ဖို့ရန်အတွက်မရှိသောအဖြစ်ဖြင့် ကျေးဇူးပြုခြင်းငှာနတ္ထိပစ္စည်းတရားကိုဟောတော်မူပါသည်။
(၂၃)ဝိဂတပစ္စယော-
ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။နေမင်းအရောင် ကွယ်ပျောက်သွားခြင်းသည်လမင်း၏အရောင်ကိုထွန်းလင်းစေသကဲ့သို့ လောဘ၊ဒေါသ၊မောဟ၊တရားများကင်းပျောက်သွားလျှင်အမှားနှင့်အမှန်ကိုခွဲခြား
သိစေခြင်းဖြင့်ကျေးဇူးပြုခြင်းငှာ ဝိဂတပစ္စည်းတရားကိုဟောတော်မူပါသည်။
(၂၄)အဝိဂတပစ္စယော-
မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။မဟာသမုဒ္ဒရာရေသည်မိမိကိုမှီကုန်
သောငါး၊လိပ်တို့နှင့်မကင်း၊မကွာခင်ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့အာဟာရ
သည်ဥပါဒ်၊ဌီ၊ဘင်ဟူသောလက္ခဏာငယ်သုံးချက်ချုပ်ပျောက်ခါနီးထိအသက်ရှင်စဉ်ကာလ၌သာ ကျေးဇူးပြုခြင်းငှာအဝိဂတပစ္စည်းတရားကိုဟောတော်မူပါသည်။ ။။။
ဦးဇင်းရဲ့ နောင်တော် ညီတော်များနှင့် ဒကာ ဒကာမများအားဗဟုသုတကုသိုလ်တိုးပွား
စေရန်နှင့်မြတ်ဗုဒ္ဓ၏တရားဒေသနာတော်တွေသည်ဤမျှလောက်လေးနက်သော
အဓိပ္ပယ်တွေကို စာသင်သားရှင်သာမဏေ ရဟန်းတွေဟာသင်အံ့လေ့ကျင့်နေသည်
ဆိုတာကိုကုသိုလ်ပြုတင်ပြမျှဝေပေးလိုက်ပါသည်။ အရှင်မုနိန္ဒ(ပန်းထော်)
ကိုးကား။ ။ဒေါက်တာအရှင်ကောဝိဒစာရ၏စာမှ ပြန်လည်မျှဝေရေးသားပါသည်။
  Ashin Mu Nain Da

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)