ပညာရှိနဲ့ ခရီးသည်စုံတွဲ

( ပညာရှိနဲ့ ခရီးသည်စုံတွဲ )
*******************
မြို့လေးတစ်မြို့မှာ ပညာရှိကြီးတစ်ယောက်ရှိတယ်။
ဘာတွေ ပညာ `ရှိ´ နေသလဲတော့ မသိဘူး။ လူတွေကတော့ ပညာရှိခေါ်ကြတာပဲ။ ဟဲ ဟဲ။
တစ်နေ့တော့ ကောင်လေးတစ်ယောက်ဟာ ပညာရှိကြီးဆီက ပညာယူမဟဲ့လို့ ချဉ်းကပ်သွားတယ်။ သိတယ်မို့လား ပညာရှိဆိုသူတွေက ခပ်ပျင်းပျင်းရယ်လေ။
တစ်နေကုန် ဘာမှလုပ်ဘူး။
မြို့ပြင် သစ်တစ်ပင်အောက်မှာ ငုတ်တုပ်ပဲ။ ကောင်လေးက ကြာတော့ ညစ်လာတာပေါ့။
ဘာမှလည်း သွားမေးရဲဘူး။ တော်ကြာ ပညာရှိဂျီးက ပညာနဲ့ ဖိသတ်နေမှ ဒွတ်ခ။
ဒီချိန်မှာပဲ ခရီးသည်စုံတွဲလေး တစ်တွဲ ရောက်လာတယ်။
အဝေးကြီးကနေ မောကြီးပန်းကြီးနဲ့ လှမ်းလာ။
လက်ထဲမှာလဲ အထုပ်တွေ အပိုးတွေနဲ့။
ခရီးသွားတွေမှန်း သိသာလှပါတယ်။
ပညာရှိကြီးနားရောက်တော့ သူတို့မျက်နှာမှာ အားတက်သွားသလို ပုံပေါ်တယ်။
ခဏရပ်ရင်း လှမ်းမေးလေရော။
`အဘရယ်၊ အဘက ဒီမြို့က မြို့ခံပါလား ခင်ဗျာ´
`အိမ်း ဟုတ်သကွ´
`ကျနော်တို့တွေ တခြားမြို့က ပြောင်းလာတာပါ၊ ဒီမြို့မှာ အခြေချနေမလို့ပါ´
`အိမ်း ကောင်းသကွ´
တော်တော် ရေလည်တဲ့တုန့်ပြန်စကား။ ပညာရှိဆိုတာ စကားပြောရမှာတောင် ပျင်း၊ ထင်ပါ့။ ခရီးသည်မောင်နှံနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်တစ်ချက်ကြည့်တယ်။ ပြီးတော့ ပညာရှိကြီးဆီ မ၀ံ့မရဲ မေးခဲ့ပေါ့။
`ဒါနဲ့ အဘရယ်၊ ဒီမြို့ကလူတွေ ဘယ်လို နေကြသလဲဗျ´
`အေး လူလိုပဲ နေကြပါတယ်ကွာ´
`ဟိုက် အဲဒါပြောတာ ဟုတ်ဘူးလေ၊ ဘယ်လိုစိတ်ထားရှိကြလဲ မေးတာ၊ ဆက်ဆံရေး ကောင်းရဲ့လား၊ ကူညီရိုင်းပင်းတတ်ကြရဲ့လား၊ ရိုးသားမှုရောရှိကြရဲ့လားဗျ´
ပညာရှိကြီးက ချက်ချင်းမဖြေဘူး။ ပဲခံနေတယ်။ သိတယ်ဟုတ်။
ပညာရှိဆိုတာ ပဲများတယ်လေ။ ဟဲ ဟဲ။
`ဒါနဲ့ မင်းတို့ လာခဲ့တဲ့မြို့က လူတွေကရော ဘယ့်နှယ့်နေသလဲကွာ´
ဒီစကားစတယ်ဆိုရင်ပဲ ဟိုက တောက်လျှောက်လွှတ်တော့တာပဲ။
`ဟာ အရင်မြို့က လူတွေကတော့ ပြော ပြောချင်ပါဘူးဗျာ၊ လူဆိုတွေ၊ လူညစ်တွေ၊ လူသရမ်းတွေ၊ လူသွမ်းတွေ၊ ဒါ့ကြောင့်လဲ ကျနော်တို့ ဒီမြို့ပြောင်းပြေးလာရတာသာ ကြည့်ပါတော့ဗျာ´
`အေး ခုမြို့ကလူတွေလဲ ဒီအတိုင်းပါပဲကွာ´
ပညာရှိကြီးက ပိတ်ပြောချလိုက်တော့ ဟိုခမျာ အီတွန့်ပွမ်သွားတော့တာပေါ့။
ဒါပေမဲ့ ခရီးကလည်း လွန်နေပြီမို့ နောက်ကြောင်းပြန်လှည့်လို့ကလည်း မရတော့ဘူးလေ။
သိတယ်ဟုတ်။ ဒီခေတ်က နောက်ကြောင်းပြန်လှည့်တာ မကြိုက်ကြဘူးဗျ။ ဟဲ ဟဲ
ဒါနဲ့ပဲ စိတ်ညစ်ငြှိုးချုံးစွာနဲ့ပဲ လေးတိလေးကန်မြို့ထဲ ၀င်သွားရပါတော့တယ်။
မကြာပါဘူး။ နောက်ထပ် စုံတွဲတစ်ယောက် ရောက်လာပြန်ပါလေရော။
ပညာရှိ (ဆိုသူ) ကြီးကို ခုနအတိုင်း မေးပြန်ပါလေရော။
ပညာရှိကလည်း ခုနအတိုင်းပဲ။ ကောင်တာကွက်ရှင် ပြန်တယ်။
`ဒါနဲ့ မင်းတို့ လာခဲ့တဲ့မြို့က လူတွေကရော ဘယ့်နှယ့်နေသလဲကွာ´
`ဟာ အဲဒီမြို့က သိပ်ကောင်းတယ် အဘရယ်။ အချင်းချင်းလည်း သိပ်ရိုင်းပင်းကြ၊ ကူညီတတ်ကြတယ်၊ တအားလည်း ဖော်ရွေကြတယ်၊ အကျင့်လည်းကောင်းကြတယ် အဘရဲ့၊ ကျနော်တို့တွေ တရွာမပြောင်း သူကောင်းမဖြစ်မို့သာ ပြောင်းလာရတာ အဲဒီမြို့လေးကို တစ်သက်မေ့တော့မှာ မဟုတ်ပါဘူး´
`အေး ခုမြို့ကလူတွေလဲ ဒီအတိုင်းပါပဲကွာ´
ဟိုလူတွေ ၀မ်းသာသွားတာပေါ့။
ကံကောင်းလိုက်တာဗျာ လို့ ရေရွတ်ရင်း မြို့ထဲ တက်တက်ကြွကြွ ၀င်သွားကြလေတယ်။
ဒီအချိန်မှာ တစ်ချိန်လုံးစောင့်ကြည့်နေတဲ့ ကောင်လေးက ဇဝေဇ၀ါဖြစ်သွားရတာပေါ့။
သူတို့မြို့ကလူတွေ ကောင်းတာလား မကောင်းဘူးလား။
ပညာရှိကြီးက ဘာဖြစ်လို့များ စကားနှစ်မျိုးပြောရပါလိမ့်လို့
တွေးရခက်နေတုန်းမှာ ...
အဘိုးကြီးက သူ့ဘက်လှည့်လာတယ်။
`ငါ့ စကားက ကွဲပြားနေလို့ မင်းစဉ်းစားရခက်နေတယ် မဟုတ်လား´
`ဟုတ် ဟုတ်ပါတယ် အဘ´
`ဘာမှ မခက်ပါဘူးကွာ၊ တကယ်တော့ လူတွေကို မင်းဘယ်လိုမြင်သလဲဆိုတာကသာ သူတို့မင်းအပေါ်ဆက်ဆံရေးကို ပုံဖော်သွားတာပါ၊ မင်းဟာ အတိတ်က လူတွေပေါ် မကောင်းမြင်နေခဲ့ရင် အနာဂတ်မှာလဲ လူဆိုးတွေနဲ့ တွေ့မှာပဲ၊ အတိတ်ကလူတွေအပေါ် အကောင်းမြင်ထားရင် မင်း လူကောင်းတွေနဲ့ တွေ့မယ်။
မင်း စိတ်ကသာ အခရာကွ ...
... လူတွေကို မင်းမြင်တဲ့အတိုင်း သူတို့က လိုက်လံပြုမူ ဆက်ဆံကြလိမ်
                                                                                                                      Thorn Nay Soe

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)