တရုတ်ဘဏ်မှ ကန်ဒေါ်လာ သန်း ၁၀၀ ချေးမည့် အစီအစဉ် NLD လွှတ်တော်အမတ် အချို့ ကန့်ကွက်
- Get link
- X
- Other Apps
သမဝါယမ ဝန်ကြီးဌာနက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ကုန် သွင်းကုန် ဘဏ်မှ
အမေရိကန် ဒေါ်လာ သန်း ၁၀၀ ချေးယူရန် ဖော်ပြထား သည့် နိုင်ငံတော် သမ္မတ၏
သဝဏ်လွှာကို လွှတ်တော်ထံ အတည်ပြုချက် ရယူရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးက ကန့်ကွက်ခဲ့ကြောင်း လွှတ်တော်
ကိုယ်စားလှယ် များက ပြောကြားသည်။
သြဂုတ် ၂၂ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်
နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော် သို့ ပေးပို့ထားသည့်
ယင်းသဝဏ်လွှာကို အတည်ပြုရာ တက်ရောက်သည့် ကိုယ်စားလှယ်များထဲမှ NLD
ကိုယ်စားလှယ် ၁၁ ဦးသာ ကန့်ကွက်ခဲ့ပြီး ကျန် လွှတ်တော် ကိုယ်စားလှယ် ၄၉၅
ဦးက ထောက်ခံခဲ့သဖြင့် ယင်းသဝဏ်လွှာ ကို ပြည်ထောင်စု လွှတ်တော် နာယကက
အတည်ပြုခဲ့သည်။
“သမဝါယမက ချေးမှာဆိုလို့ ကန့်ကွက်တာ။ သမဆိုတာ
ဘယ်ခေတ် ကမှ အောင်မြင်တာ မရှိဘူး” ဟု ယင်းသဝဏ်လွှာကို ကန့်ကွက်ခဲ့သူ NLD
ပါတီဝင် ဦးမင်းဦးက ဆိုသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
သြဂုတ်လ ၁၅ ရက်နေ့တွင် သမဝါယမ ဝန်ကြီးဌာနက ကျေးလက် ဖွံ့ဖြိုးရေးနှင့်
ဆင်းရဲ မွဲတေမှု လျှော့ချရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန်အတွက်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပို့ကုန် သွင်းကုန် ဘဏ်မှ အမေရိကန် ဒေါ်လာ သန်း
၁၀၀ ချေး ယူရန် ပြည်ထောင်စု လွှတ်တော်ထံ သဝဏ်လွာ ပေးပို့ထားခြင်း ဖြစ်သည်။
The Voice Weekly
- Get link
- X
- Other Apps
Comments
Post a Comment