အချစ်ဆိုတာကိုသိချင်တဲ့သူငယ်ချင်းတွေအတွက်
အချစ်ဆိုတာကိုသိချင်တဲ့
သူငယ်ချင်းတွေအတွက်
ကျောက်ခေတ်ကိုထုဆစ်ခြင်းအဲဒီမှာစတွေ့ တာပေါ့
အချစ်ဆိုတဲ့မီးဘယ်သူမွှေးခဲ့တာလည်း၊ဘယ်ကစခဲ့တာလဲ
ပြန်ဖြေကြမှာပေါ့….အာဒံနဲ့ ဧ၀လို့ ပဲ။ဟုတ်မှာပါသူတို့ ရဲ့ နံရိုးတစ်ချောင်းရယ်ပန်း
သီးတစ်လုံးရယ်…အဲဒီကစတာပေါ့။ ။
ဟုတ်ပါပြီအဲဒီအချစ်ဆိုတဲ့အရာကိုဖန်
ဆင်းခဲ့တာအာဒံဆိုတဲ့အမျိုးသားနဲ့ ဧ၀ဆိုတဲ့အမျိုးသမီးကြောင်းပြောပြချင်သေးတယ်
စည်းကမ်းသည်လူရဲ့ တန်းဖိုးတဲ့….အာဒံဆိုတဲ့ကောင်ကဘယ်လောက်တန်းဖိုးမရှိလဲ
ဆိုစည်းမဲ့ကမ်းမဲ့အတော်ကိုနိုင်တဲ့ကောင်စဉ်းစားကြည့် လေဗျာကိုယ်ရဲ့ ခန္ဓာကိုယ်ထဲ
ကနံရိုးဆိုတဲ့အရာကိုတောင်ပျောက်လောက်အောင်ကိုယ့်ကိုကိုယ်ဂရုမစိုက်တဲ့ကောင်
နောက်တော့ရှိသေးတယ်။ဧ၀ဆိုတဲ့အမျိုးသမီးပေါ့လောကကြီးမှာအသီးတွေဒီလောက်
ပေါတာကိုမစားပါနဲ့လို့ ပြောထားတဲ့ပန်းသီးကိုစားရလား..။ဗိုက်ဆာလွန်းလို့ 
စားချင်တယ်ဆိုရင်လည်းငှက်ပျောသီးတို့လိမ္မော်သီးတို့ စားပါလားဘယ်လောက်အစား
အသောက်သောင်းကျန်းလဲစဉ်းစားကြည့် တော့အခုတော့ဗျာစည်းကမ်းမရှိတဲ့အာဒံနဲ့ 
အစားပုတ်တဲ့ဧ၀တို့ ပေါင်းပြီးဗိုင်းရစ်လေးမွေးချလိုက်တယ်အခုတော့အဲဒီဗိုင်းရစ်လေး
တစ်ကမ္ဘာလုံးကိုဝါးမျိုနေပြီ။တစ်ယောက်နဲ့ တစ်ယောက်ချစ်ကြ၊မုန်းကြ၊လွမ်းရတာ…….
ဆွေးရတာအလုပ်ရှုပ်အောင်လုပ်သွားပြီးနောက်တစ်ဆင့်တောင်တက်ပြီးကြွေကွဲစရာ
ပါလာပြီ..။လူတော့အချစ်ဆိုတာကိုလူတွေကအမျိုးမျိုးပုံဖော်ကြတယ်ကဗျာဆန်ဆန်
တွေရေးကြတယ်စကားလုံးအနှအရွလေးတွေသုံးကြတယ်အမျိုးမျိုးပေါ့ဗျာ
တကယ်တော့အချစ်ဆိုတာကသရက်သီးမျိုးကဆင်းသက်တာတာဗျ
သူဆီမှာအရသာနှစ်မျိုးပဲရှိတယ်ချိုမယ်ချဉ်မယ်မုန်းမယ်ချစ်မယ်ဒါပဲအချိုသီးကိုစားမိရင်
အချစ်ကချိုမယ်အချဉ်သီးကိုစားမိရင်အချစ်ကချဉ်မယ်…ကဲ..ခင်ဗျားတို့ လည်းတစ်ချိန်
ချိန်မှာသရက်သီးတစ်လုံးထဲကအရသာတစ်မျိုးကိုခံစားဖူးမှာပေါ့။

Comments
Post a Comment