တရားထိုင်လျှင်ဝိသုဒ္ဓိ (၇) ပါး ပြည့်စုံရမည်

( တရားထိုင်လျှင်ဝိသုဒ္ဓိ (၇) ပါး ပြည့်စုံရမည်)

ဝိသုဒ္ဓိဆိုသည်မှာထက်ဝန်းကျင် စင်ကြယ်သော နိဗ္ဗာန်သည် ၀ိသုဒ္ဓိမည်၏ ။
နိဗ္ဗာန်ရကြောင်း အကျင့်သည် ၀ိသုဒ္ဓိမဂ်မည်၏။ဝိသုဒ္ဓိ (၇)ပါး

ဝိပဿနာ ကမ္မဋ္ဌာန်း အားထုတ်လိုသော ပုဂ္ဂိုလ်တိုင်း ၀ိသုဒ္ဓိ ၇-ပါး ကို
သိထားသင့်ပေသည်။
၁။ သီလ၀ိသုဒ္ဓိ
သီလ ၄-ပါး စင်ကြယ်ခြင်းသည် သီလ၀ိသုဒ္ဓိ။
သီလ ၄-ပါးတို့ မှာ (၁) ပါတိမောက္ခသံဝရသီလ၊ (၂) ဣန္ဒြိယသံဝရသီလ၊
(၃) အာဇီဝပါရိသုဒ္ဓိသီလ၊ (၄) ပစ္စယသန္နဿိတသီလတို့ ဖြစ်သည်။
၂။ စိတ္တ၀ိသုဒ္ဓိ

ဥပစာရဈာန် ၊ အပ္ပနာဈာန်ဖြင့် နီဝရဏကင်း၍ စိတ်စင်ကြယ်ခြင်းသည် စိတ္တ၀ိသုဒ္ဓိ။
၃။ ဒိဋ္ဌိဝိသုဒ္ဓိ
နာမ်ရုပ်နှစ်ပါးသာဟု သိမ်းဆည်း၍ အတ္တမရှိဟု သိခြင်းသည် ဒိဋ္ဌိဝိသုဒ္ဓိ။
၎။ ကင်္ခါဝိတရဏ၀ိသုဒ္ဓိ
နာမ်ရုပ်တို့ ၏ အကြောင်းကို သိမ်းဆည်းမိသဖြင့် ယုံမှား ၁၆-ပါး ၊ ၈-ပါး ကင်းခြင်း
သည် ကင်္ခါဝိတရဏ၀ိသုဒ္ဓိ။

၅။ မဂ္ဂါမဂ္ဂဥာဏဒဿနိသုဒ္ဓိ
သမ္မာသနဥာဏ်ပြီး၍ ဥဒယဗ္ဗယဥာဏ် အားထုတ်စဉ် ဘေးရန် ၁၀-ပါး ဖြစ်လတ်သော်
ဝိပဿနာ၏ လမ်းမှန် လမ်းမှား မှတ်သားဆုံးဖြတ်နိုင်ခြင်းသည် မဂ္ဂါမဂ္ဂဥာဏဒဿန
ဝိသုဒ္ဓိ။
ဘေးရန် (၁၀) ပါးကား
၁။ သြဘာသ= လွန်ကဲသော ၀ိပဿနာစိတ်ကြောင့် ကိုယ်မှ အရောင်ထွက်ခြင်း။
၂။ ပီတိ = ၀ိပဿနာစိတ်ကြောင့် ပီတိ ၅- မျိုးဖြစ်ခြင်း။
၃။ ပဿဒ္ဓိ = ကိုယ်စိတ် အပူငြိမ်း၍ ပဿဒ္ဓိ ၂- ပါးဖြစ်ခြင်း။
၎။ အဓိမောက္ခ= အားကြီးသော သဒ္ဓါဟူသော အဓိမောက္ခဖြစ်ခြင်း။
၅။ ပဂ္ဂဟ = ၀ီရိယသမ္ဗောဇ္ဈင်ဟူသော ပဂ္ဂဟဖြစ်ခြင်း။
၆။ သုခ = အတိပဏီတ သုခဖြစ်ခြင်း။
၇။ ဥာဏ် = ၀ိပဿနာဥာဏ် အမြင်သန်ခြင်း။
၈။ သတိ = ရှေးဟောင်းပြန်သိ သတိထင်ခြင်း။
၉။ ဥပေက္ခာ = ဥပေက္ခာသမ္ဗောဇ္ဈင်ဟူသော တတြမဇ္ဈတ္တုပေက္ခာ၊ မနောဒွါရ၀ဇ္ဇန်းဟူသော အာဝဇ္ဇနနူပေက္ခာ ဖြစ်ခြင်း။
၁၀။ နိကန္တိ = အရောင်စသည်၌ “ငါ့အား ဤသို့  မဖြစ်စဖူး ဖြစ်ကုန်၏” ဟု သိမ်မွေ့ 
သော တဏှာနိကန္တိဖြစ်ခြင်း တို့ ဖြစ်သည်။
၆။ ပဋိပဒါဥာဏဒဿန၀ိသုဒ္ဓိ
ဥဒယဗ္ဗယဥာဏ်မှစ၍ အနုလောမဥာဏ်တိုင်အောင် အဆင့်ဆင့်ဖြစ်သော ဥာဏ် ၉-ပါး
သည် ပဋိပဒါဥာဏဒဿန၀ိသုဒ္ဓိ။
၇။ ဥာဏဒဿန၀ိသုဒ္ဓိ
မဂ် ၄-ပါး သည် ဥာဏဒဿန၀ိသုဒ္ဓိ။
မဂ် ၄-ပါး တို့ မှာ (၁) သောတာပတ္တိမဂ်၊ (၂) သကဒါဂါမိမဂ်၊ (၃) အနာဂါမိမဂ်၊
အရဟတ္တမဂ် တို့ ဖြစ်သည်။ထိုသို့ဝိသုဒ္ဓိ ၇ ပါးပြည့်စုံရင်ဖြင့်
ထိုယောဂိပုဂ္ဂိုလ်သည်
နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုက်ပါသည်တရားအသိ
ဥာဏ်များ တိုးပွားနိုင်ကြပါစေ။
                                                        Ashin Mu Nain Da

Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Faceboook ကြောင့် သင့်ဘဝတိုးတက်နိုင်လား