မိတ်ဆွေစစ်လေးယောက်
{{{ မိတ်ဆွေစစ်လေးယောက် }}}
က ။။။ ကျေးဇူးပြုသော မိတ်ဆွေစစ် ။။။
၁ ။ မေ့လျော့သူကို စောင့်ရှောက်တတ်ခြင်း၊
၂ ။ မေ့လျော့သူဧ။် စည်းစိမ်ဥစ္စာကို စောင့်ရှောက်တတ်ခြင်း၊
၃ ။ ကြောက်ရွံ့နေသူဧ။် အားကိုးအားထားရာဖြစ်ခြင်း၊
၎ ။ ပြုဖွယ်ကိစ္စရှိလာလျှင် လိုအပ်သည်ထက် နှစ်ဆကူညီးခြင်း၊
ဤအင်္ဂါလေးပါနှင့် ပြည့်စုံသူကို ဥပကာရက မိတ်ဆွေစစ်၊ ကျေးဇူးပြုသော မိတ်ဆွေစစ်ပာုခေါ်သည်။
ခ ။။။ ဆင်းရဲအတူ ချမ်းသာမျှ မိတ်ဆွေစစ် ။။။
၁ ။ သူဧ။်လျို့ဝှက်ထားသော အကြောင်းကိစ္စကို မိမိအားသာပြောခြင်း၊
၂ ။ မိမိဧ။် လျို့ဝှက်ထားသော အကြောင်းကိစ္စကို သူတပါးအား မပြောကြားဘဲ နှုတ်လုံခြင်း၊
၃ ။ အခက်အခဲ ဘေးရန်အန္တရာယ်နှင့် တွေ့ကြုံလာလျှင် မိမိကို စွန့်ပစ်မသွားခြင်း၊
၎ ။ မိမိအကျိုးအတွက် အသက်ကိုပင် စွန့်နိုင်သူ ဖြစ်ခြင်း၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကိုသမာနသုခဒုက္ခ မိတ်ဆွေစစ်၊ ဆင်းရဲအတူ ချမ်းသာအမျှ မိတ်ဆွေစစ် ပာုခေါ်သည်။
ဂ ။။။ အကျိုးစီးပွါး ပြောကြားသော မိတ်ဆွေစစ် ။။။
၁ ။ မကောင်းမှု မပြုရန် တားမြစ်သူ၊
၂ ။ ကောင်းမှုပြုရန် တိုက်တွန်းသူ၊
၃ ။ မကြားဘူးသေးသော သိမ်မွေ့နက်နဲသည့် အကြောင်းအရာကို ပြောကြားသူ၊
၎ ။ နတ်ရွာနိဗ္ဗာန် ရောက်ကြောင်းလမ်းကောင်း လမ်းမှန်ညွှန်ပြပြောဆိုသူ၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို အတ္ထက္ခာယီ မိတ်ဆွေစစ်၊ အကျိုးစီပွါး ပြောကြားသော မိတ်ဆွေစစ်ပာုခေါ်သည်။
ဃ ။။။ စောင့်ရှောက်သော မိတ်ဆွေစစ် ။။။
၁ ။ မိမိဧ။် ဆုတ်ယုတ်ပျက်စီးမှုကို မနှစ်သက်သူ၊
၂ ။ မိမိဧ။် တိုးတက်ကြီးပွါးမှုကိုသာ နှစ်သက်သူ၊
၃ ။ မိမိအကြောင်း မကောင်းပြောသူကို တားမြစ်သူ၊
၎ ။ မိမိဧ။် ဂုဏ်ကျေးဇူး ပြောဆိုသူကို ချီးမွမ်းသူ၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို အနုကမ္ပက မိတ်ဆွေစစ်၊ စောင့်ရှောက်သော မိတ်ဆွေစစ် ပာုခေါ်သည်။
ချမ်းမြေ့ ဆရာတော်

Pone Yate
Comments
Post a Comment