Ko Pyinnyarposted toတွေးမိတွေးရာအဖြာဖြာ
- Get link
- X
- Other Apps
လူတယောက်မှာ အရေးအကြီးဆုံးက ဘာလဲ ....
နံပါတ်တစ် ။ ။ ရိုးသား ကြိုးစားဘို့ ။
နံပါတ်နှစ် ။ ။ သတ္တိ ရှိဘို့ ။
နံပါတ်သုံး ။ ။ ကတိ သစ္စာ ရှိဘို့ ... ဒါပါပဲ ။ ။
= ဥဇုဘူတော ၀ါယာမတော ၊ ရဲစွမ်းသတ္တီတိ ဒုတိယံ ။
တတိယံ ကတိသစ္စာတိ ၊ ပဓာနန္တိ ပ၀ုစ္စတိ ။ ။
နံပါတ်တစ် ။ ။ ပိုက်ဆံမရှိတာ ရှာရမခက်ပါ။ရိုးသားဘို့ကား ခက်ပါ၏။
လူတိုင်း ကြိုးစားနေကြပါ၏။ သို့သော် ... ရိုးရိုးသားသားနှင့် ကြိုးစားသူကား
ရှာမှရှားတော့၏။ကောက်သော် စားမလောက်။ ဖြောင့်သော်စားမကုန်နိုင်ပါ ။
= မာ ပိုက်ဆံ သရဏံ ဂစ္ဆာမိ ၊ ဥဇုဘူတောဝ စေတသာ ။
ဝါယမေထေ၀ ပုရိသော ၊ ဒဒေယျ တေ ဒင်္ဂါး ပိုက်ဆံ ။ ။
နံပါတ်နှစ် ။ ။ ဘ၀တခမှာ ပြီးဆုံးသွားမှာကို မစိုးရိမ်ပါလင့်။ဘ၀မှာ အစမရျှိတော့မှာသာပြန်လည်မစနိုင်တော့မှာသာ (၀ါ) အစမရှိတော့မှာသာ ကြောက်ကြစမ်းပါ။သတ္တိဆိုတာထွေထွေထူးထူး နဖူး ချိုပေါက်လာသည်မဟုတ်။မိမိလုပ်ရမည့် ကြောက်ရွံ့သည့်အလုပ်ကို
ကြောက်ကြောက်နှင့် လုပ်လိုက်ခြင်းသည်ပင် သတ္တိ ပါ။
= နိဋ္ဌိတန္တိ မာ သောစယိ ၊ အနာဒိဘူတောဝ သောစယေ ။
ယံယံ ကိစ္စံ သြတ္တပ်ပတိ ၊ တေဿဝ ကုရုတေ သတ္တိ ။ ။
နံပါတ်သုံး ။ ။ လူတယောက် ကတိသစ္စာမရှိရင် သတ္တိလဲ မရှိတတ်ပါ။
သတ္တိ မရှိရင်လဲ ကတိသစ္စာ မရှိတတ်ပါ။ ကတိသစ္စာသည် လူတယောက်အတွက်မရှိမဖြစ် လိုအပ်သော ပဲခူးဆားပါတည်း။ဆားမပါသောဟင်းသည် ပေါ့ပျက်ပျက် ။ ။
= နတ္ထိ သစ္စံ နတ္ထိ သတ္တိ ၊ သတ္တိယေ၀ သစ္စံ နာမ ။
အ လောဏကန္တု ဗျဉ္ဖနံ ၊ ပဲခူးဆားတိ ပ၀ုစ္စတိ ။ ။
မင်းကွန်းကိုပညာ ၊ သီရိလင်္ကာ (၃၀-၀၈-၂၀၁၃)
Share ပေးဖို့ လိုပါတယ်။ ထပ်ပြောပါရစေ မိမိတို
့စိတ်ထဲရှင်းအောင်သိအောင်ပြောတာဖြစ်ပါတယ်.။ကျနော် သင့်ကို မဟုတ်တာ မပြောပါ.
မလိမ်ပါ. ခပ်ပြတ်ပြတ်ပြောမယ်.။ သင်မယုံပါနဲ့  အခု ပက္ခုကူ..နေရာတချို့ မှာ
စာရွက်တွေဝေနေတယ်.. DASSKမွေးနေ့မှာရတဲ့ ငွေတွေကို
ဗလီတွေကိုလှူတယ်ဆိုပြီး...အဲဒါကို အခုထက်ထိ လုပ်ကြံပြီး ညစ်ပတ်နေတုံးဘဲ
ကျနော် အရင်က တင်ပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲတွင် ရရှိခဲ့သော
အလှူငွေများကို ဗလီသို့လှူမည်ဟု တာဝန်ရှိသူ ဒေါ်အေးအေးမာမှ ပြောဆိုခဲ့သည်ဆိုသော သတင်းသည် အင်တာနက်စာမျက်နှာတွင်
မဟုတ်မမှန်သတင်းဖြန့်ချိခြင်းသာဖြစ်သည်။ ယခုအခါ၎င်း မဟုတ်မမှန်သည့်
သတင်းကိုကူးယူ၍ စာရွက်ဖြင့်ဖြန့်ချိနေသည်ကို ကြားသိရသဖြင့် ထိုသတင်းသည်
လုံးဝ(လုံးဝ)မှန်ကန်မှုမရှိသည့် သတင်းသာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှ ရရှိသည့် အလှူငွေများကို ကြေညာထားသည့်အတိုင်း
(၁) ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း
(၂)ပညာရေးကွန်ယက်
(၃)ကျန်းမာရေးကွန်ယက်
စသည့်သက်ဆိုင်ရာနေရာများသို့လှူဒါန်းခဲ့ခြင်းဖြစ်သည်။ မူရင်း NLD Central
လေးစားလျက် ကိုထွန်းဝေ မျှဝေလိုက်ပါတယ်။ 30.8.2013
Share ပေးဖို့ လိုပါတယ်။
မူရင်း NLD Central
ထပ်ပြောပါရစေ
မိမိတို့ စိတ်ထဲရှင်းအောင်သိအောင်ပြောတာဖြစ်ပါတယ်.။ကျနော် သင့်ကို
မဟုတ်တာ မပြောပါ. မလိမ်ပါ. ခပ်ပြတ်ပြတ်ပြောမယ်.။
သင်မယုံပါနဲ့ အခု ပက္ခုကူ..နေရာတချို့ မှာစာရွက်တွေဝေနေတယ်..
DASSKမွေးနေ့မျာရတဲ့ ငွေတွေကို ဗလီတွေကိုလှူတယ်ဆိုပြီး...အဲဒါကို
အခုထက်ထိ လုပ်ကြံပြီး ညစ်ပတ်နေတုံးဘဲ
ကျနော် အရင်က တင်ပေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲတွင် ရရှိခဲ့သော အလှူငွေများကို
ဗလီသို့လှူမည်ဟု တာဝန်ရှိသူ ဒေါ်အေးအေးမာမှ ပြောဆိုခဲ့သည်ဆိုသော
သတင်းသည် အင်တာနက်စာမျက်နှာတွင်မဟုတ်မမှန်သတင်းဖြန့်ချိခြင်းသာဖြစ်သည်။ ယခုအခါ၎င်း မဟုတ်မမှန်သည့်သတင်းကိုကူးယူ၍စာရွက်ဖြင့်ဖြန့်ချိနေသည်ကို ကြားသိရသဖြင့် ထိုသတင်းသည်
လုံးဝ(လုံးဝ)မှန်ကန်မှုမရှိသည့် သတင်းသာဖြစ်ကြောင်း
အသိပေးအပ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှ ရရှိသည့်
အလှူငွေများကို ကြေညာထားသည့်အတိုင်း (၁) ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း
(၂)ပညာရေးကွန်ယက် (၃)ကျန်းမာရေးကွန်ယက်
စသည့်သက်ဆိုင်ရာနေရာများသို့လှူဒါန်းခဲ့ခြင်းဖြစ်သည်။
မူရင်း NLD Central
- Get link
- X
- Other Apps
Comments
Post a Comment