ခါးပတ်ကျပ်ကျပ် ၀တ်သူများ လည်ချောင်းကင်ဆာ ဖြစ်ပွားနိုင်

ခါးကို ထိန်းချုပ်ထားမှုများခြင်းဟာ အစာအိမ်ကနေ အက်ဆစ်တွေကို အပေါ်ကိုပိုပြီး ဆန်တက်စေနိုင်ပြီး လည်ချောင်းကင်ဆာနဲ့ အစာရေမျို ကင်ဆာတွေကို အဖြစ်များစေနိုင်တယ်လို့ ဂလက်စဂိုမြို့မှ စကော့တလန်လူမျိုး သုတေသီတွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီလေ့လာမှုမှာ ယခင်က အဲဒီလို အစာခြေအက်ဆစ်တွေ ပြန်ဆန်တက်မှု ရောဂါရာဇ၀င်မရှိသူ ၂၄ဦးကို လေ့လာခဲ့ပါတယ်။ ထက်ဝက်သောသူတွေဟာ ပုံမှန်ခါးဆိုဒ်ရှိသူများဖြစ်ပြီး ကျန်သူများကတော့ အ၀လွန်သူများဖြစ်ပါတယ်။
ဂလက်စဂိုတက္ကသိုလ်မှ ပါမောက္ခ Dr.Kenneth McColl က “ခါးပတ်ကျပ်ကျပ်ဝတ်ခြင်းဟာ
အ၀လွန်သူတွေမှာဆိုရင် အစာအိမ်နဲ့ လည်ချောင်း ကြားမှာဖိအားတွေ ဖြစ်စေပါတယ်။ ဒါဟာအစာခြေအက်ဆစ်တွေပြန်ဆန်တက်ခြင်းနဲ့ကြုံရင် လည်ချောင်းကင်ဆာ နဲ့အစာရေမျိုကင်ဆာတွေဖြစ်ဖို့ risk  တော်တော် များစေပါတယ်”လို့ ရှင်းပြထားပါတယ်။
ဒါဟာအစာအိမ်နဲ့မတူဘဲနဲ့ အစာရေမျိုရဲ့ ဖွဲ့စည်းတည်ဆောက်ပုံဟာ အက်ဆစ်ရဲ့ဒဏ်ကို ခံနိုင်ရည် မရှိတာကြောင့်ပဲ ဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့ ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်းတွေကို ခါးပတ်ကျပ်ကျပ် ၀တ်ရင်ခံစားရတာဖြစ်ပြီး အခုလေ့လာမှုကြောင့် အစာရေမျိုကင်ဆာတောင် ဖြစ်နိုင်တယ်ဆိုတာကို သိရှိနိုင်ခဲ့ပါ တယ်။
ဒီလေ့လာမှုကို Journal of Gut မှာ ဖော်ပြထားတာဖြစ်ပါတယ်။
ငြိမ်းအေး
 Health Updates Journal

Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)