ဆီးအိမ်ကင်ဆာ လက္ခဏာများ


 ဆီးအိမ်ကင်ဆာဟာ ဆီးအိမ်ရဲ့အတွင်းနံရံမှာအဖြစ်များပါတယ်။ ဆီးအိမ်ကင်ဆာဖြစ်လျှင် စောစောစီးစီးသိနိုင်ပြီး ဆီးအိမ်အပြင်ဘက် ပျံ့နှံ့ မှုနည်းတဲ့အတွက် ကုသမှုအောင်မြင်လေ့ရှိသော်လည်း ဆီးအိမ်ကင်ဆာဟာပြန်ဖြစ်နှုန်းမြင့်တဲ့အတွက် မကြာခဏပြန်စစ်ဆေးသင့်ပါတယ်။
ဆီးအိမ်ကင်ဆာဖြစ်လျှင် တွေ့ ရများတဲ့လက္ခဏာတစ်ခုက ဆီးထဲ သွေးပါတာဖြစ်ပါတယ်။ ဆီးထဲသွေးပါတဲ့အခါ အနီရောင်ရဲရဲတွေပါလေ့ မရှိဘဲ အညိုရောင် ဆီးတွေသွားလေ့ ရှိပါတယ်။
ဆီးသွားချင်စိတ် ဖြစ်သော်လည်း ဆီးမထွက်ခြင်း၊ ဆီးသွားချင် စိတ်မကြာခဏဖြစ်ခြင်း၊ ဆီးသွားစဉ်
နာကျင်ခြင်း၊ ဆီးသွားရခက်ခဲခြင်း စတဲ့ လက္ခဏာတွေ ကနဦးခံစားရတတ်ပေမယ့် ဆီးကျောက်တည်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း စတဲ့ရောဂါတွေမှာလည်း အဆိုပါလက္ခဏာတွေ တွေ့ရတတ်တာကြောင့် ဆီးအိမ်ကင်ဆာကိုဖြစ်နေတာကို မသိဘဲဖြစ်တတ်ပါတယ်။
ဆေးလိပ်သောက်ခြင်း၊ ဓါတု ပစ္စည်း၊ ဆိုးဆေးများနှင့် ထိတွေ့မှု များခြင်း၊အမျိုးသားဖြစ်ခြင်း၊ အသက် (၅၅) နှစ်ကျော်ခြင်း၊ မိသားစုတွင် ဆီးအိမ်ကင်ဆာရှိခြင်း၊ အခြားကင်ဆာရောဂါကုသမှုခံယူထားခြင်း၊ မွေးရာပါဆီးအိမ်ချို့ယွင်းမှုရှိခြင်း စတဲ့ အခြေအနေတွေမှာ ဆီးအိမ်ကင်ဆာ ဖြစ်တတ်ပါတယ်။
ဆီးအိမ်ကင်ဆာရှိမရှိ မှန်ပြောင်း (cystoscope)  ကြည့်နိုင်ပါတယ်။ ကင်ဆာလို့ယူဆရတဲ့နေရာကနေ အသားစ (biopsy)  ယူစစ် ဆေးနိုင်ပါတယ်။ သွေးကြောထဲဆေးသွင်းပြီး ဆေးဓါတ်မှန် (intravenous pyelogram)  ရိုက်၍ ကျောက်ကပ်မှ ဆီးအိမ်အထိ လမ်းကြောင်းတစ်လျှောက် စစ်ဆေးနိုင်ပါတယ်။
ဆီးအိမ်ကင်ဆာရဲ့ ကနဦးအဆင့်ကို ကုသတဲ့အခါ ခွဲစိတ်ကိရိယာကို ဆီးပြွန် (urethra)  မှတစ်ဆင့်လျှိုသွင်းပြီးကုသနိုင်ပါတယ်။ ကြီးထွားနေတဲ့ ကင်ဆာအတွက် ဆီးအိမ်တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ ဆီးအိမ်တစ်ခုလုံးဖြစ်စေ ခွဲစိတ်ကုသရသလို ပျံ့နှံ့ နေတဲ့ ကင်ဆာအတွက် ဆီးကျိတ် (prostate)  ၊ ဆီးပြွန် (urethra)  ၊ သားအိမ်၊ သားဥပြွန် (fallopian tube) ၊သားဥအိမ် (ovaries) တို့ကိုပါ ခွဲထုတ်ပစ်ရပါတယ်။ခွဲထုတ်ပစ်လိုက်တဲ့ ဆီးအိမ်နေရာမှာ အစားထိုးဆီးအိမ်တစ်ခု ဖန်တီးနိုင်ပါသည်။ လိုအပ်လျှင် ဓါတုကုထုံး၊ ဓါတ်ရောင်ခြည်ကုထုံးတွေနှင့် ထပ်မံကုသနိုင်ပါတယ်။
သီဟ  Source:WebMD
Health Updates Journal

Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Faceboook ကြောင့် သင့်ဘဝတိုးတက်နိုင်လား