အိပ်စက်ခြင်းပုံစံများနှင့် ကျန်းမာရေး


(၁)ခြေပစ်လက်ပစ်ခုန်ချခြင်း (the freefall))
မှောက်လျက်အနေအထားဖြင့် လက်နှစ်ဖက်
မြှောက်ကာ ခေါင်းအုံး ပေါ်တင်ထားပြီး အိပ်သည့်ပုံစံ ဖြစ် သည်။
မှောက်လျက်အိပ်သည့်အနေအထား သည် အစာကြေလွယ်စေသည်။
(၂) သန္ဓေသား (the Fetus)
ဘေးတစ်ဖက်စောင်း၍ ကွေး အိပ်သည့်ပုံစံဖြစ်ပြီး လူအများစုတွင် တွေ့ရသည်။ လက်ဝဲဘက်စောင်း အိပ်သည့်အခါ နှလုံး၊အဆုတ်စသည့် အင်္ဂါများကို ဖိအားသက်ရောက်စေ သည့်အတွက် လက်ယာဘက်ကိုသာ စောင်းအိပ်သင့်သည်။
(၃) သစ်တုံး (the log)
ဘေးတစ်ဘက်စောင်း၍ ခြေ လက်များဆန့်တန်းလျက်အိပ်သည့် ပုံစံဖြစ်သည်။ ဤပုံစံသည် ကျောရိုး
ဆစ်ကို ဖြောင့်တန်းစေသောကြောင့် ခါးနာဝေဒနာရှိသူများအတွက် အသင့် တော်ဆုံးပုံစံဖြစ်သည်။
(၄)တမ်းတသူ (the yearner)
ဘေးတစ်ဘက်စောင်း၍ လက် နှစ်ဖက်စလုံးဘေးသို့ ဆန့်ထုတ်ထား သည့်ပုံစံဖြစ်သည်။ အစာခြေရည် ပျို့သောကြောင့် ရင်ပူတတ်သူများ၊ ဟောက်တက်သူများအတွက် သင့် တော်သည့်ပုံစံဖြစ်သည်။
(၅)စစ်သား (the soldier)
လက်နှစ်ဖက်ဘေးချလျက် ပက်လက်အိပ်သည့်အနေအထားဖြစ် သည်။ ပက်လက်အိပ်ခြင်းကြောင့် လျာအနောက်ဘက်သို့ ခွေဝင်ကာ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့ စေသဖြင့်ဟောက်သံကျယ်
တတ်သည်
(၆)ကြယ်ငါး (the starfish)
လက်နှစ်ဖက်မြှောက် လျက် ပက်လက်အိပ်သည်ပုံစံဖြစ်သည်။ယင်းသို့ အိပ်တတ်သူများသည်
သူတစ်ပါးပြောစကားကို တလေး တစားနားထောင်တတ်သူများဖြစ် သည်ဟု သုတေသီများက ဆိုသည်။ သို့သော် ပက်လက်အိပ်တတ်သူတို့ ထုံးစံအတိုင်း ဟောက်သံကျယ်တတ် သည်။
Source: MensHealth
Health Updates Journal

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)