ပျှမ်းမျှအိပ်ချိန်ထက် ပိုအိပ်သူများတွင် မှတ်ဉာဏ်လျော့လာနိုင်ခြေ နှစ်ဆပိုများ


 လေ့လာမှုတစ်ခုအရ တစ်ရက်လျှင် ပျှမ်းမျှအိပ်ချိန်ထက် ပိုအိပ်သူများသည် ၎င်းတို့နှင့်သက်တူ ရွယ်တူပျှမ်းမျှအိပ်ချိန်သာ အိပ်သူများနှင့် ယှဉ်ကြည့်ပါက ၎င်းတို့သည် dementia  ဟုခေါ်သည့်ဦးနှောက် မှတ်ဉာဏ်လျော့ပါး ပျက်စီးသည့်အခြေအနေနှင့်ကြုံတွေ့နိုင်ခြေ ပိုများကြောင်း တွေ့ရသည်။ ၎င်းလေ့လာ မှုအား University Hospital Madrid  နှင့် Columbia University  တို့က ဦးဆောင်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းလေ့လာမှုတွင် အသက် ၆၅နှင့် ၇၀ကြား
သက်ကြီးရွယ်အိုများ ပါဝင်ခဲ့ပြီး ၎င်းတို့အား လေ့လာမှုမစမီ၌ ၎င်းတို့၏ ဉာဏ်ရည်ဉာဏ်သွေးအား မှတ်တမ်းတင်ခဲ့သည်။ ထို့နောက် နောက်သုံး နှစ်ကြာအထိ ၎င်းတို့၏အိပ်စက်ချိန်များ၊ အလေ့အထများကို အသေးစိတ်မှတ်တမ်းတင်ခဲ့သည်။ သုံးနှစ် ကြာပြီးနောက် ၎င်းတို့၏  မှတ်ဉာဏ် အရည်အသွေးကို ထပ်မံစစ်ဆေးခဲ့ သည်။ ရလဒ်များအရ ပါဝင်သည့် သူများတွင် ၄၉%ခန့်မှာ ပျှမ်းမျှ အိပ်ချိန်(၆နာရီ မှ ၈နာရီ)ထိသာ အိပ်ပြီး ၄၀%ခန့်မှာ ပျှမ်းမျှ အိပ်ချိန်ထက်ပိုပြီး (တစ်ရက်လျှင် ၉ နာရီအထက်)အိပ်ခဲ့သည်။ ထို့နောက် ပျှမ်းမျှအိပ်ချိန်သာ အိပ်သူများနှင့် ပျှမ်းမျှအိပ်ချိန်ထက်ပိုအိပ်သူများကို နှိုင်းယှဉ်ခဲ့ရာ ပုံမှန်ထက်ပိုအိပ်သူများက ဦးနှောက်မှတ်ဉာဏ်လျော့ကျ သွားမှုမှာ နှစ်ဆခန့်ပိုများကြောင်း တွေ့ရသည်။
အ၀င်း
Health Updates Journal

Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)