ချစ်သူဘ၀မှ အိမ်ထောင်သည်ဘ၀ ကွဲပြားခြားနားမှု

ချစ်သူဘ၀။ ။ အလကားနေရင်း ...အကြည့်ချင်းဆုံ၏

အိမ်ထောင်သည်ဘ၀။ ။ အကြည့်ချင်းဆုံလျှင်လည်း အလကားဖြစ်၏

ချစ်သူဘ၀။ ။ အလကားနေရင်း ချစ်သူကို တမ်းတ၏

အိမ်ထောင်သည်ဘ၀။ ။ ချစ်သူကိုတမ်းတသော်လည်း အလကားဖြစ်၏

ချစ်သူဘ၀။ ။ ကလေး ဘယ်နှယောက်ယူလိုက်မည်ဟုစိတ်ကူး၏

အိမ်ထောင်သည်ဘ၀။ ။ ကလေးမယူဖြစ်ခဲ့ရင်အကောင်းသားဟု တွေး၏



ချစ်သူဘ၀ ။ ကိုယ်ပိုင်ဆိုင်သမျှ သူ့အားပေးလို၏

အိမ်ထောင်သည်ဘ၀ ။ ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင်တိတ်တိတ်လေးထားလို၏

ချစ်သူဘ၀ မွှန်နေသော်လည်း ကိစ္စမရှိ

အိမ်ထောင်သည်ဘ၀ ။ ကိစ္စရှိမှ မွှန်၏

ချစ်သူဘ၀။ ။ တစ်ယောက်နှင့်တစ်ယောက် ဖုန်းပြောလျှင် တိုးတိုးလေးပြော၏

အိမ်ထောင်သည်ဘ၀။ ။ ဖုန်းထဲမှအော်လိုက်ရသည်ကိုပင်အားမရ

ချစ်သူဘ၀။ ။ သူ့မွေးနေ့ကို အလွတ်ရ၏

အိမ်ထောင်သည်ဘ၀။ ။ ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ

ချစ်သူဘ၀။ ။ လူတောထဲတွင် လက်ချင်းချိတ်၍သွားလေ့ရှိ၏

အိမ်ထောင်သည်ဘ၀။ ။ လူတောထဲတွင် မျက်စောင်းချင်းချိတ်၍သွားလေ့ရှိ၏

ချစ်သူဘ၀။ ။ ချစ်သူအကြောင်းသာပြော၏

အိမ်ထောင်သည်ဘ၀။ ။ သံသရာမှ လွတ်မြောက်ရာအကြောင်းသာတွေး၏

ချစ်သူဘ၀။ ။ ချစ်သူလုပ်သမျှ စိတ်ဝင်စား

အိမ်ထောင်သည်ဘ၀။ ။ လူပေါင်းမှားခဲ့သည့်အတွက် ရင်ထုမနာဖြစ်၏.......:)



Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)