ကိုကာကိုလာက မြန်မာအမျိုးသမီးများ အလုပ်အကိုင်အတွက် ဒေါ်လာ သုံးသန်းကူမည်

မြန်မာနိုင်ငံသို့ နှစ် ၆၀ အတွင်း ပထမဆုံး ပြန်လည် ရင်းနှီးမြှပ်နှံမည့်ကိုကာကိုလာကုမ္ပဏီက မြန်မာ
အမျိုးသမီးများအလုပ်အကိုင် အခွင့်အလမ်း
အတွက်ဒေါ်လာ၃သန်းထောက်ပံ့မည်ဟု သိရှိ
ရသည်။ကမ္ဘာ့အကြီးဆုံးစားသောက်ကုန် ကုမ္ပဏီကြီးတစ်ခုဖြစ်သည့်ကိုကာကိုလာသည် လာမည့်၂ နှစ် ၃ နှစ်အတွင်း မြန်မာနိုင်ငံ၌ စတင်လည်ပတ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကြောင့်ဘဏ္ဍာရေးကန့်သတ် ပိတ်ပင်မှုများ၊ရင်းနှီးမြှပ်နှံမှုကန့်သတ်ချက်များ ပါဝင်သည့်အမေရိကန်၏ဒဏ်ခတ်ပိတ်ဆို့ အရေးယူ
မှုများကိုဖြေလျှော့ပေးလိုက်ပြီးနောက်ကိုကာကိုလာ
၏ ရင်းနှီးမြှပ်နှံမည့် အစီအစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ကမ္ဘာတစ်ဝန်း လူသားနှင့် အလုပ်ခွင်ဆိုင်ရာ
အခွင့်အရေး မူဝါဒ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး မူဝါဒတို့ကို ကိုကာကိုလာ ကုမ္ပဏီ အနေဖြင့် တင်းတင်းကြပ်ကြပ် လေးစား လိုက်နာ သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။
ထို့အပြင် ကုမ္ပဏီအနေနှင့် အစဉ် ကိုင်စွဲလာသည့် လူမှုဘဝပံ့ပိုးမှု အကူအညီ မူဝါဒများကို အစိုးရ မဟုတ်သော NGO အဖွဲ့ကဲ့သို့ ကိုကာကိုလာ ဖောင်ဒေးရှင်း အဖြစ်လည်း လည်ပတ်ပြီး ကျန်းမာရေး၊ စီးပွားရေး ဖွံ့ဖြိုးမှု၊ အစားအသောက် လုံခြုံစိတ်ချရေးများအတွက် ကူညီနေသည့် Pact နှင့် ဒွန်တွဲကာ မြန်မာနိုင်ငံတွင် 
လုပ်ဆောင်နေသော WORTH ၏ အစီအစဉ်များကို ပံ့ပိုးမည်ဟု ကြေညာချက်က ဆိုသည်။ WORTH အစီအစဉ်၏ အစီအစဉ်တွင် အမျိုးသမီး ၂၀ မှ ၂၅ ဦး တစ်စု စုဖွဲ့ထားသည့် အစုအဖွဲ့များကို ရာနှင့်ချီသော ရပ်ကွက်၊ ကျေးရွာများတွင် စုဖွဲ့ပြီး စီးပွားရေး စွန့်ဦး ဖန်တီး လုပ်ငန်း လုပ်ကိုင်လိုသူများအား ချေးငွေထုတ်ပေးသည့် ငွေချေးဘဏ်ငယ်ကလေးများ တည်ထောင်ပေးခြင်းလည်း ပါဝင်သည်။
"ကိုကာကိုလာ ကုမ္ပဏီဟာ ကမ္ဘာတစ်ဝန်းက ပြောင်းလဲတိုးတက်မှု ဖြစ်စဉ်တွေကို အချိန်နဲ့အမျှ သတိထား စောင့်ကြည့်နေပါတယ်။ ဘာလင်တံတိုင်း ပြိုလဲမှုကအစ ဗီယက်နမ်နဲ့ အမေရိကန် ပုံမှန် ဆက်ဆံရေး တည်ဆောက်မှု အလယ်၊ အခု မြန်မာနိုင်ငံက အပေါင်း လက္ခဏာဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအဆုံး ကျွန်တော်တို့ မြင်တွေ့ရတဲ့အတိုင်း ကိုကာကိုလာဟာ ပိုကောင်းတဲ့ အနာဂတ်အတွက် မျှော်လင့်ခြင်းတွေ သယ်ဆောင်ပြီး လုပ်ဖော်ကိုင်ဖက်နဲ့ ရင်းနှီးမြှပ်နှံမှုတွေ၊ အစဉ် လတ်ဆတ်မှုတွေအတွက် အမြဲ ဂုဏ်ယူနေတာပါ" ဟု ကုမ္ပဏီ ဥက္ကဌလည်းဖြစ် အမှုဆောင် အရာရှိချုပ်လည်း ဖြစ်သည့် Muhtar Kent က ဆိုသည်။
မြန်မာဈေးကွက်တွင် စီးပွားရေးလုပ်ရန် အနာဂတ်အရေး မျှော်တွေးလုပ်ဆောင်ရာ၌ အမျိုးသမီးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရေး၊ မြန်မာအမျိုးသမီးများကို စီးပွားရေး အခွင့်အလမ်းတွေ သယ်ဆောင်ပေးမည့် အားထုတ်မှုများ အတွက်လည်း ၎င်းက ကိုကာကိုလာ ကုမ္ပဏီကို ချီးမွမ်းပြောဆိုသည်။
ကိုကာကိုလာ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လွတ်လပ်ရေး မရမီ ၁၉၂၇ ခုနှစ်တွင် ရင်းနှီးမြှပ်နှံမှု စတင် လုပ်ကိုင်ခဲ့ဖူးပြီး ၁၉၄၉ ခုနှစ်က ပြန်လည် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
Myanmar Express

Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)