ဟိုး . . ရှေးရှေးတုန်းက
ဟိုးရှေးရှေးတုန်းကပေါ့ ။ ဟုတ်တယ် ဟိုးရှေးရှေးတုန်းကလိုပါပဲ ။ သက်ရှိသက်မဲ့ အလွာစုံကခုန်နေကြတဲ့ ဒီလူ့လောကဘုံကြီးထဲမှာ အမှတ်တမဲ့ပဲဖြစ်ဖြစ် ၊
အမှတ်တရအနေနဲ့ပဲဖြစ်ဖြစ် ကြွမ်ကျန်နေရစ်တဲ့ဖြစ်ရက်အချို့ကို ( ဒါမှမဟုတ် )
စိတ်ခံစားမှု့သက်သက်နဲ့တဖက်လှည့်သီကုန်းဖွဲ့ဆိုကြတဲ့အခါမှာ ဟိုးးးးးးး
ရှေးရှေးတုန်းကလို့ အစချီပြီလူတွေပြောဆိုကြတယ် ။ အခုလဲ ကျွန်တော့်ရဲ့ဖြစ်ရပ်က ဟိုးးးး ရှေးရှေးတုန်းကလိုပေါ့ . . ။
ကျွန်တော်သူမနဲ့ပတ်သက်လို့ ( မှတ်မှတ်ရရ ) ကြယ်နက္ခတွေစုံတဲ့ညမှာပဲ
ထွေးရာလေးပါးစိတ် တွေလွင့်ပါးခဲ့ဘူးတယ် ။
သူမရဲ့ဝေ့၀ဲလွင့်ကျနေတဲ့ ဆံနွယ်စတွေရော ၀င်းဝါစိုပြေနေတဲ့သူမရဲ့ပါးတဖတ်
ဆီတိုင်းမှာရော ပြီးတော့ ကျွန်တော့်ရဲ့ရင်ခွင်တခုလုံးကိုလှုပ်ခတ်သွားစေနိင်မဲ့ သူမရဲ့နှုတ်ခမ်းဖူးဖူးလေးဆီမှာရော ရေတွက်လို့မကုန်နိင်တဲ့နုညံ့မှုတွေရှိနေခဲ့တယ်လေ ။
သာယာငြိမ့်ညောင်းတဲ့သံစဉ်စတခုနဲ့ ဘယ်လိုမှရောထွေးပေါင်းစပ်လို့မရတဲ့ သူမရဲ့အသံသာလေးတချက်တိုင်းက ကျွန်တော့်ရဲ့နားစည်ဝကိုတိုးဝင်လာတဲ့အခါ ဘယ်အရာကိုမှနောက်ထပ်တောင်းဆိုလို့မရနိင်အောင် ပျော်ဝင်နစ်မျောနေခဲ့မိ့ဖူးတာပေါ့ ။
နတ်ဘုံနတ်နန်းထက်ပိုပြီသာလွန်နေတဲ့ သူမရဲ့ညှို့ငင်မှု့နောက်မှာလဲ
ကျွန်တော်လိုက်ပါသွားခဲ့မိ့ဖူးတယ်လေ ။ လှိုက်ဖို့ရင်မောဖွယ်ကောင်းတဲ့ ဒီခရီးရဲ့လှိုင်းတံပိုး
တွေကြားမှာ တသေးထဲတသားထဲနားလည်မှု့ယူထားတဲ့ သူမရဲ့လိုက်ရောကြင်နာမှု့တွေက ခရီးဆုံးထိ့ ရောက်အောင်လမ်းညွှန်ပေးခဲ့တာပေါ့ ။
အဲဒီအချိန်မှာ ကျွန်တော့်ရဲ့စိတ်တွေကလဲ မိုးတဖွဲစာလေးပတ်
ဖျန်းခံလိုက်ရတဲ့ပန်းလေးတပွင့်လို လန်ဆန်တတ်ကြွစွာနဲ့ပဲသူမရဲ့ခေါ်ဆောင်ရာနောက်ကို လိုက်ပါသွားခဲ့မိ့တယ် ။ အထိ့အတွေ့ ၊ ကြားမြင်မှု့တွေနဲ့အတူ ကူဆက်ခြင်းခံလိုက်ရတဲ့ ကျွန်တော့်ရဲ့ရင်ခုန်သံတွေကတော့ မိုးရွာဖို့တီးခတ်ကြတဲ့
မိုးခေါ်ဗုံတွေထက်ပိုမိုဆူညံနေခဲ့တာပေါ့ ။
အ၀င်တချက် ၊ အထွက်တချက်နဲ့ ပင်သက်တိုင်းရဲ့ဖြစ်တည်မှု့အစတွေက သူမရဲ့လည်တိုင်တကျော့ မှာအစပျိုးခဲ့သလို သူမရဲ့ဆံစ ၊ သူမရဲ့ပုခုံးသား ၊
သူမရဲ့နဖူးပြင်အလယ်တည့်တည့်နဲ့ သူမရဲ့ကိုယ်သင်းရနံ့
လေးကပဲစခဲ့ကြတယ်လေ ။ ပြီးတော့ ဟိုလေ သူမရဲ့လဲလျောင်းနေကြဖြစ်တဲ့ အစိမ်းရောင်ပန်းကလေး တွေပါတဲ့ခေါင်းအုံးစွပ်လေးလဲပါတာပေါ့ ။
စိတ်စွဲလန်းမှု့သက်သက်နဲ့ သက်ရှိသက်မဲ့အရာတိုင်းကိုသာ
သံယောဇဉ်ဖြစ်ခဲ့မိ့မယ်ဆိုရင် ( သူမနဲ့ထပ်တူ ) တွေ့မြင်ခဲ့ဖူးတဲ့အဲဒီအရာလေးတွေက ကျွန်တော့်ဘ၀mအတွက်အဖိုးမဖြတ်နိင်တဲ့ ရတနာတွေပါပဲ ။ ဒါပေမဲ့လဲလေ . . .
စိတ်လိုလက်ရဘယ်လိုမှမပြီးပြည့်စုံနိင်တဲ့ လူ့လောကရဲ့သဘာဝအတိုင်း တယောက်နဲ့တယောက်စိတ်သဘောထားတွေမှုံမှိုင်းလာတဲ့အချိန်မှာတော့ တဖြည်းဖြည်းနဲ့သွေးအေးရင် ဝေးသထက်ဝေးလာခဲ့ ကြတာပေါ့ ။
သာယာတဲ့ရယ်မောသံလေးတွေနဲ့ကာရံထားတဲ့ခဲ့မိ့တဲ့ အပျိုတယောက်ရဲ့အလိုလိုက်မှု့တွေ
ကို ယစ်မှုးပျော်ဝင်နေခဲ့ဖူးတဲ့လူပျိုတယောက်ရဲ့ရသတွေက အိပ်မပျော်ပဲထိုင်နေခဲ့ရတဲ့ညတွေလို တိတ် ဆိတ်ခြင်းတွေနဲ့အတူ အရမ်းပဲအထီးကျန်ဆန်လွန်းနေခဲ့ရတယ်လေ ။ ပြန်မလာတော့ဘူးလို့သိ့နေတဲ့လူတဦးက ပြန်သွားတော့မဲ့လူတဦးကို
လက်ပြပြီးနှုတ်ဆက်ဖို့ဝန်လေးနေမိ့သလိုမျိုး . . ။
အဲဒီလိုနဲ့ ( ကုန်လွန်သွားတဲ့ရက်စွဲတွေနဲ့အတူ ) ကျွန်တော်က ဟိုးးးးး ရှေးရှေးတုန်းက ကောင် မလေးတယောက်ကို လွမ်းနေခဲ့မိတယ်လေ ။
ဟုတ်တယ် ဟိုးးး ရှေးရှေးတုန်းက ကျွန်တော့်ဘ၀နဲ့သဏ္ဍန်ညီစွာ
ချစ်ခဲ့မိ့ဖူးတဲ့ကောင်မလေးတယောက်ကို လွမ်းနေခဲ့မိ့တာပေါ့ ။
ဒါကြောင့် ဟိုးးးး ရှေးရှေးတုန်းကလို့အမည်စွဲပြီး အယူလွဲစွာနဲ့တဖန်သစ်ထားတဲ့ ကျွန်တော့်ရဲ့အတိတ်ဟောင်းကအကြောင်းလေးကို ဘယ်အချိန်များမှမေ့ဖျောက်ပစ်ရက်နိင်မလဲဗျာ ။
= နှလုံးသားဖြ**့ရင်း၍ - မင်းဆက်ဆက်ခ
Comments
Post a Comment