လန်းကြပါစေ ပန်းတွေ သဏ္ဌာန်ပမာ ချမ်းမြ ကာလေ စမ်းရေလျှံဖြာ
နှစ်စဉ် နိုဝင်ဘာ ၂ဝ ရက်ဟာ ကမ္ဘာ့ ကလေး သူငယ်များနေ့ (Universal Children's
Day) ဖြစ်သလို ၁၉၈၉ ခုနှစ် ကလေးသူငယ် အခွင့် အရေးများ ဆိုင်ရာ သဘောတူ
စာချုပ်ကို ကုလ သမဂ္ဂ အထွေထွေ ညီလာခံက အတည်ပြု လိုက် တဲ့ နေ့လည်း ဖြစ်ပါသည်။
ကမ္ဘာ့ ပြက္ခဒိန် ပေါ်မှာ ဒီလို အထိမ်း အမှတ် နေ့ တစ်နေ့ ဖြစ်ပေါ် လာအောင်
ကလေးသူငယ် အသက်ပေါင်း များစွာ စတေး ခဲ့ရသည်။ ဒီနေ့ရဲ့ မူလဘူတ အစကတော့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၉ဝ လောက်က စစ်ဘေး ဒဏ်ခံရတဲ့ အပြစ်မဲ့ ကလေးသူငယ်
တွေကို အကြောင်း ပြုပြီး စခဲ့သည်။ပထမ ကမ္ဘာစစ် (၁၉၁၄-၁၉၁၈) အပြီး ၁၉၂၄
ခုနှစ်မှာ နိုင်ငံပေါင်းချုပ် အသင်း ကြီး (၁၉၁၉-၁၉၄၆)က ကလေး သူငယ်
အခွင့်အရေး ဆိုင်ရာ ဂျီနီဗာ ကြေညာချက်ကို ချမှတ် ခဲ့သည်။ ဒီကြေ ညာချက်မှာ
ရုပ်ပိုင်းဆိုင်ရာ၊ စာရိတ္တ ပိုင်းဆိုင်ရာ၊ ဘာ သာရေး ဆိုင်ရာ ဖွံ့ဖြိုး
တိုးတက် ခွင့်၊ နေမကောင်း သည့်အခါ၊ မသန် စွမ်း ဖြစ်သွားသည့် အခါ ဒါမှမဟုတ်
မိဘမဲ့ ဖြစ်သွားသည့် အခါ အထူး ဂရုပြု စောင့်ရှောက် ခံရခွင့်၊ ဘေးဒုက္ခ
ကျရောက် ချိန်မှာ ကယ်ဆယ် ခံရခွင့်၊ စီးပွားရေး အမြတ်ထုတ်မှု များမှ
လွတ်လပ်ခွင့်နှင့် လူမှုရေး ဆိုင်ရာအသိ စိတ်ဓာတ် တွေနဲ့ ကြီးပြင်း လာခွင့်
စသည့် အချက်တွေ ပါဝင်သည်။
၁၉၅၉ ခုနှစ် နိုဝင်ဘာ ၂ဝ ရက်မှာ ထုတ်ပြန်သည့် ကလေး သူငယ်အခွင့် အရေး
ဆိုင်ရာ ကြေ ညာချက်မှာ ''ကလေး သူငယ်သည် မိမိ၏ လက်ရုံးရည်နှင့် နှလုံးရည်
မပြည့်စုံ မရင့်သန် သေးသည့် အတွက် ဥပဒေအရ လျော်ကန်သည့် အကာ အကွယ်များ
အပါအဝင် မမွေးဖွားမီ အချိန်တွင်ဖြစ်စေ၊ မွေးဖွားပြီးအချိန်တွင်ဖြစ်စေ
အထူးကာကွယ်စောင့်ရှောက်ကြည့်ရှုမှုများ လိုအပ်သည်''ဟု တိတိကျကျ ထည့် သွင်း
ထားသည်။ ၁၉၆၆ ခုနှစ် အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေးနှင့် နိုင်ငံရေး
ဆိုင်ရာ အခွင့်အရေး စာချုပ်၊ အပြည်ပြည် ဆိုင်ရာ စီးပွားရေး၊ လူမှုရေး၊
ယဉ်ကျေးမှု အခွင့်အရေး ဆိုင်ရာ စာချုပ် တွေမှာလည်း ကလေးသူငယ် တွေအပေါ် အမြတ်
ထုတ်ခြင်းမှ ကာကွယ်ဖို့နှင့် ပညာ သင်ကြားခွင့်ကို မြှင့်တင် ပေးဖို့
ထောက်ခံ ထားတာ တွေ့ရ သည်။
၁၉၇၃ ခုနှစ်မှာ အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ကြီးက အလုပ်လုပ်
ကိုင်ရမည့် အနိမ့်ဆုံး အသက်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၁၃၈ ကို ချမှတ်ခဲ့သည်။
ပြဋ္ဌာန်း ချက်မှာ ''လူသား တို့၏ ကျန်းမာရေး၊ ဘေးကင်းမှု သို့မဟုတ်
စာရိတ္တပိုင်း ဆိုင်ရာ ထိခိုက်စေမည့် အလုပ်များကို လုပ်ကိုင်ရမည့်
အနိမ့်ဆုံး အသက်မှာ ၁၈ နှစ် ဖြစ်သည်''ဟု သတ်မှတ်သည်။ ၁၉၇၉ ခုနှစ်ကတော့
ကလေးသူငယ်တွေ အတွက် ရာဇဝင်မှာ စာတင်ရမည့် နှစ်ပါ။ လူ အများက စီဒေါလို့
သိကြတဲ့ ''အမျိုး သမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေး
ဆိုင်ရာ ကွန်ဗင်းရှင်း'' (Convention on the Elimination of All Forms of
Discrimination against Women- CEDAW) ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက အတည်ပြု
ပြဋ္ဌာန်း ပေးခဲ့သည့် နှစ်ဖြစ်သလို ''အပြည်ပြည် ဆိုင်ရာ ကလေး များနှစ်'' ဟု
သတ်မှတ် လိုက်သည့်နှစ် လည်း ဖြစ်သည်။
ဒီနှစ် နောက်ပိုင်းမှာ ဥပဒေအရ စည်းနှောင်သည့် ကလေး သူငယ်အခွင့် အရေး
ဆိုင်ရာ ပြဋ္ဌာန်းချက် တစ်ရပ် ထုတ်ပြန် နိုင်အောင် စိစစ် အကြံပြုရေး
အဖွဲ့များ ဖွဲ့စည်းပြီး စာချုပ် မူကြမ်း စတင်ရေး ဆွဲခဲ့ကြသည်။
ယင်းလုပ်ငန်းရဲ့ အဓိက ဇာတ်ကောင် ကတော့ အများက ယူနီဆက်ဖ် (UNICEF) လို့
သိကြတဲ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ပါ။ ၁၉၄၆ ခုနှစ် ကတည်းက ဖွဲ့စည်း
တည်ထောင်ခဲ့သည့် အဖွဲ့ကြီးတွင် ကမ္ဘာတစ်ဝန်း လုံးမှာရှိတဲ့ ကလေးတွေ၏
ဘဝရှင်သန်ရေး အစီအမံတွေကို နှစ်ရှည် စီမံကိန်းများ ချပြီး ဆောင်ရွက် နေတာ
အားလုံး အသိဖြစ်သည်။ ဒီလို နှင့် ၁ဝ နှစ်အကြာ ၁၉၈၉ ခုနှစ် နိုဝင်ဘာ ၂ဝ ရက်
မှာ ''ကလေး သူငယ်အခွင့် အရေးများ ဆိုင်ရာ သဘောတူ စာချုပ်''ကို ကုလသမဂ္ဂ
အထွေထွေ ညီလာ ခံကြီးက အတည်ပြု ပေးခဲ့သည်။
ကမ္ဘာ့နိုင်ငံ တိုင်းလိုလို ပါဝင်လက်မှတ် ရေးထိုးကြတာ ဖြစ်သည့် အတွက်
ဒီစာချုပ်ဟာ သမိုင်း ကြောင်းတစ်လျှောက်မှာ ကမ္ဘာတစ်ဝန်းက အပြည်ပြည် ဆိုင်ရာ
လူ့အခွင့်အရေး သဘော တူညီချက် အဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံ အတည်ပြုမှု
အများဆုံး ရရှိထားသည့် စာချုပ် တစ်ခုဖြစ်သည်။ ယခုဆိုလျှင် ကလေး သူငယ်အခွင့်
အရေးဆိုသည့် ဝေါဟာရသည် နိုင်ငံတကာမှာ အထူးရေပန်း စားသည့် ဝေါဟာရ
တစ်ခုဖြစ်လာသည်။ ယခင်တုန်းက Lady First ဆိုသည့် နိုင်ငံတွေတောင် Baby First
ဖြစ်လာ တာဟာ ဝမ်းမြောက် စရာ ကောင်းလှ ပါသည်။
ယခုဆိုလျှင် ဒီစာချုပ် မွေးဖွားလာတာ ဆယ်စုနှစ် နှစ်ခုကျော်
ဖြတ်သန်းပြီးလို့ သုံးနှစ် စွန်း လာပါ သည်။ ကမ္ဘာ့နိုင်ငံ အသီးသီး၏
ကြိုးပမ်း အားထုတ်မှု ကြောင့် ကလေးအများစု အသက် ရှင်သန်ခွင့် ရကြသည်။
ငါးနှစ်အောက် ကလေးသေနှုန်း ကျဆင်း သွားပါပြီ။ အစွမ်းထက်သည့် ရောဂါ ကာကွယ်ဆေး
အမျိုးမျိုးသည် ဒေသ အသီးသီးက သန်းပေါင်း များစွာသော ကလေး များ၏ အသက်ကို
ကယ်တင် ပေး နိုင်သည်။ မူလတန်း အရွယ် ကလေးငယ် ၈၄ ရာခိုင်နှုန်း ခန့် ကျောင်း
တက်ခွင့် ရနေကြသည်။ ကလေး သူငယ်များအပေါ် အကြမ်းဖက်မှု၊ အမြတ်ထုတ်မှု၊ အလွဲ
သုံးစားမှု၊ ခွဲခြား ဆက်ဆံမှုနှင့် လျစ်လျူရှုမှု စတာတွေက ကာကွယ် ပေးခြင်းဟာ
ကလေး သူငယ်တိုင်း၏ အခွင့်အရေး ဆိုတာကို ဒီစာချုပ်က လမ်းခင်းပေးခဲ့သည်။
သို့ပေမယ့် ကမ္ဘာတစ်လွှားမှာ ကလေး သူငယ်ပေါင်း ၁၃ သန်းခန့်သည် လမစေ့ဘဲ
မွေးဖွား ခဲ့ရသည်။ ငါးနှစ် မပြည့်မီ သေဆုံးသည့် ကလေးသူငယ် သုံးပုံ
တစ်ပုံသည် အာဟာရဓာတ် မပြည့်ဝမှု ကြောင့်ဖြစ်သည်။ ဖွံ့ဖြိုးပြီး
နိုင်ငံများမှာ ကလေး ငယ်များ၏ တစ်ရာ ခိုင်နှုန်းသည် အသက် ခြောက်နှစ်
မပြည့်ခင်သေဆုံးပြီး မဖွံ့ဖြိုးသေးသည့် နိုင်ငံများမှာ ကလေးများ၏ ၂ဝ
ရာခိုင်နှုန်းခန့် သည် ရောဂါ မျိုးစုံနှင့် သေဆုံးကြသည်။ နှစ်စဉ် အသက် ၅
နှစ်အောက် ကလေး ဦးရေ ၂ ဒသမ ၇ သန်းသည် ကာကွယ်ဆေးနှင့် ကာကွယ်လို့
ရပါလျက်နဲ့ သေဆုံး ရတာဟာ အလွန် ဝမ်းနည်းစရာ ကောင်းလှသည်။
အနိဋ္ဌာရုံ သတင်းတွေထဲက စက်ဆုပ် ရွံရှာစရာ အကောင်းဆုံး ကတော့ လူကုန်ကူးမှု
အန္တရာယ် ကြီးထွား လာမှုတွေပါ။ တောင်အာဖရိက နိုင်ငံ၌ လိင်ကျေး ကျွန်နှင့်
ပြည့်တန်ဆာ လုပ်ငန်း တွေက ကယ်တင်ရသူ အများစုသည် ကလေး သူငယ်များ၊ အထူးသဖြင့်
မိန်းက လေး ငယ်တွေလို့ သိရသည်။ အာရှစီးပွားရေး အင်အားကြီး နိုင်ငံ
တစ်နိုင်ငံ ဖြစ်သည့် အိန္ဒိယ မှာဆိုလျှင် ၂ဝ၁၁ ခုနှစ် အတွင်းမှာပဲ ကလေး
သူငယ်များကို အဓိကထား ဖမ်းဆီးသည့် လူမှောင်ခို ဂိုဏ်း ၈၁၅ဂိုဏ်း
ကျော်ရှိပြီး အဖွဲ့ဝင်ပေါင်း ၅ဝဝဝ ကျော် ပါဝင်လှုပ်ရှား နေကြ တာ ဖြစ်သည်။
ဒီမှောင်ခိုဂိုဏ်းများသည် များသောအားဖြင့် အသက် ၆ နှစ်မှ ၁၃ နှစ်အရွယ်
ကလေးများကို ဦးစားပေးပြီး ဖမ်းဆီးခိုးယူလေ့ရှိသည်ဟု သိရသည်။
ဒီခြိမ်းခြောက်မှု အန္တရာယ် များက လွန်မြောက်ဖို့ရာ ရဲတပ်ဖွဲ့ကိုပဲ အားကိုး
မနေဘဲ ပြည် သူ တစ်ရပ်လုံး သတိပြု ဆင်ခြင် ကာကွယ် ကြဖို့ လိုပါသည်။
ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် မြန်မာ နိုင်ငံဟာ ကလေးသူငယ်
အခွင့် အရေးများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ် (Convention on the Rights
of the Child-CRC) ကို ၁၉၉၁ ခုနှစ် ဇူလိုင် ၁၆ ရက်က ပါဝင် လက်မှတ်ရေးထိုး
ပြီးဖြစ်သည်။ စာချုပ်ပါ ပြဋ္ဌာန်းချက် များကို အကောင် အထည်ဖော် ဆောင်ရွက်
နိုင်အောင် ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေကိုလည်း ပြဋ္ဌာန်း ပြီးပါပြီ။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးဆောင်သည့် ကလေး သူငယ် အခွင့် အရေးဆိုင်ရာ အမျိုးသား
ကော်မတီနှင့် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်နှင့် မြို့နယ် အသီးသီးမှာ
အဆင့်ဆင့်သော ကော်မတီများ ဖွဲ့စည်းပြီး ဆောင် ရွက် နေတာဖြစ်သည်။ မြန်မာ
နိုင်ငံ ကလေး သူငယ်များဆိုင်ရာ အမျိုးသား လုပ်ငန်း အစီအစဉ် (၂ဝဝ၆-၂ဝ၁၅)ကို
ရေးဆွဲ ဖော်ဆောင် ရာမှာလည်း သက်ဆိုင် ရာ ဝန်ကြီးဌာန များနှင့် NGO,INGO
အဖွဲ့ အစည်း များ၏ ပူးပေါင်း ပါဝင်မှုကြောင့် အောင်မြင်မှု အရှိန်အဟုန်
ကောင်းတွေ ရရှိနေပြီ ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံသည် မဲခေါင် ဒေသတွင်းမှာရှိသည့် နိုင်ငံတွေ အနက်
ပထမဆုံး လူကုန် ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေကို ထုတ်ပြန် ခဲ့သည့်
နိုင်ငံဖြစ် သလို လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အထူးရဲတပ်ဖွဲ့များ
ဖွဲ့စည်း ဆောင်ရွက်သည့် ပထမဦးဆုံး နိုင်ငံလည်း ဖြစ်သည်။ မြန်မာ နိုင်ငံ
လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ မူဝါဒ၊ တားဆီး ကာကွယ်ရေး၊ ပြစ်ဒဏ်
ချမှတ်ရေး၊ လူကုန်ကူး ခံရသူများ စောင့်ရှောက်ရေး ဆိုသည့် ကဏ္ဍများ စွာဟာ
အောင်မြင် တိုးတက်မှုများ ရှိလာသလို လူကုန်ကူးသူ ၂၃၂၈ ဦးကိုလည်း ဥပဒေအရ
အရေးယူနိုင်ခဲ့သည်။ ထို့ကြောင့် အမေရိကန် အစိုးရ၏ ၂ဝ၁၂ ခုနှစ် လူကုန်ကူးမှု
အစီရင်ခံစာမှာ ယခင်နှစ်များက အနိမ့်ဆုံး အဆင့် TIER-3 မှာ ထားရှိရာက TIER-2
Watch List သို့ အဆင့် မြှင့်တင် သတ်မှတ် ပေးလိုက် ပြီ ဖြစ်သည်။
အရွယ် မရောက် သေးသည့် ကလေး သူငယ်များကို စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီး
နိုင်အောင် နိုင်ငံတော် အစိုးရက ၂ဝဝ၄ ခုနှစ် ဇန်နဝါရီ ၅ရက်နေ့ ကတည်းက
ကော်မတီ တစ်ရပ် ဖွဲ့စည်း တာဝန်ပေးအပ် ထားပြီဖြစ်သည်။ စစ်သား စုဆောင်းရေးမှာ
တည်ဆဲဥပဒေ၊ အမိန့် ညွှန်ကြားချက် များနှင့်အညီ ဖြစ်အောင် အဆင့်ဆင့် ကြပ်မတ်
ဆောင်ရွက် နေသလို လုပ်နည်း စနစ်မှားယွင်းမှုတွေ ရှိလာရင်လည်း တာဝန်ရှိ
သူများကို ပြစ်ဒဏ်ချမှတ် အရေး ယူမှုများ ပြုလုပ်နေ သည်။ ၂ဝ၁၂ ခုနှစ် ဇွန် ၂၆
ရက်က နိုင်ငံတော် အစိုးရနှင့် UN CTFMR တို့အကြား ကလေး သူငယ်များအား
စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်း စီမံချက်
(Plan of Action) ကို လက်မှတ် ရေးထိုး ခဲ့တာ တွေ့ရသည်။ ဒီမြင်ကွင်း များဟာ
နိုင်ငံတော် အစိုးရနှင့်တကွ ပြည်သူလူထု အပေါင်းက ကလေးသူငယ် လူမမယ် တွေအပေါ်
ထားရှိသည့် မေတ္တာ ၊ စေတနာ ပြယုဂ်များ ဖြစ်သလို CRC ၏ အနှစ်သာရ ကို လက်တွေ့
ရုပ်လုံးဖော် သည့် ဆောင်ရွက်မှု တွေပါ။
သို့ပေမယ့် အနောက် အာဖရိက ဆာဟဲဒေသလို နေရာမျိုး များမှာ ငတ်မွတ်
ခေါင်းပါးမှု ပြဿနာ၊ မိုးခေါင်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကြမ်း ဖက်မှု
များနှင့် ဖိစီးနေသည်။ အာဖရိက တစ်လွှားမှာ မဆုံးနိုင်သည့် အာဏာသိမ်းပွဲ
များကြောင့် အပြစ်မဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရသူတွေ အများစုဟာ
အမျိုးသမီးများနှင့် ကလေး သူငယ်များပါ။ သူတို့ တွေဟာ ပဋိပက္ခဝန်ကို အဓိက
ထမ်းရသူများ ဖြစ်ပြီး စစ်ပွဲကြောင့်ပေါ်ပေါက်လာသည့် အနိဋ္ဌာရုံများကို
အဆိုးရွားဆုံး ခံစားနေကြရ သည်။ ဒီအဖြစ်အပျက်များကို နိုင်ငံတိုင်း
သင်ခန်းစာ ယူကြဖို့ လိုသည်။ ကမ္ဘာ့ ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားများ
ကမ္ဘာနှင့် အဝှမ်း တပျော်တပါး ကျင်းပကြသည့် အခုလို အခါသမယမှာ ဒီလို ကလေး
အခွင့် အရေးများ ဆုံးရှုံးနေကြ ရရှာသည့် ကလေး သူငယ်များ၏ ဘဝဟာ ရင်နင့် စရာ
ကောင်းလှ ပါသည်။ ထို့ကြောင့် ကမ္ဘာအဝန်းက ကလေးသူငယ် များအားလုံး ပန်းကလေး
များလို လန်းပြီး စမ်းကလေး များလို အေးကြ ပါစေ လို့ တောင်း ဆု ချွေလိုက်
ရပါသည်။ ။
ကြည်ထွန်း (လူမှုဝန်ထမ်း)
Comments
Post a Comment