ပြုစုပျိုးထောင်တတ်ပါစေ


ပြုစုပျိုးထောင်တတ်ပါစေ.......
သူငယ်ချင်းတွေ ဟာနောင်အခါမှာမိဘနေရာ
ကိုရောက်ရမှာဧကန်အမှန်ဖြစ်ပါတယ်......
ဒါကြောင့်ကလေးတွေကိုဘယ်လိုပြုစုစောင့်ရှောက်ရမယ်
ဆိုတာကိုသိစေချင်လို့လမ်းညွှန်
မှုလေးတွေကိုကျွန်တော်တင်ပြလိုက်ပါတယ်............
1။ သရော်လှောင်ပြောင်မှုများကို
ခံယူကြီးပြင်းလာရသောကလေးသည် သူရဲဘောကြောင်သူဖြစ်လာတတ်သည်။
2။ ဝေဖန်ပြစ်တင်မှုများကိုခံယူကြီးပြင်းလာရသောကလေးသည် သူတစ်ပါးအပြစ်တင်တတ်သူ၊ ရှုတ်ချတတ်သူ ဖြစ်လာရန်အလားအလာရှိသည်။
3။ မယုံသင်္ကာမှုများအကြားကြီးပြင်းလာရသောကလေးသည် ကောက်ကျစ်စဉ်းလဲသူဖြစ်လာတတ်သည်။
4။ မိမိအား ဆန့်ကျင်ဘက်ပြုခြင်းကိုခံယူကြီးပြင်းလာရသောကလေးသည် ရန်လိုသူဖြစ်လာတတ်သည်။
5။ ကြင်နာမှု၊ ယုယမှုများကိုခံယူကြီးပြင်းလာရသောကလေးသည် သူတစ်ပါးအပေါ်မေတ္တာထားရန်နားလည်သူဖြစ်လာတတ်သည်။
6။ အားပေးထောက်ခံမှုများကိရရှိပြီးကြီးပြင်းလာရသောကလေးသည် မိမိကိုယ်ကိုမိမိယုံကြည်အားကိုစိတ်ရှိသူဖြစ်လာတတ်သည်။
7။ သစ္စာတရားဖြင့်ဝန်းရံပြီးကြီးပြင်းလာရသောကလေးသည် အမှန်အကန်ကိုသာပြုလုပ်တက်သူဖြစ်လာတတ်သည်။
8။ ချီးမွမ်းမှုများကိုခံယူကြီးပြင်းလာရသောကလေးသည် အရာရာတွင်ကောင်းစွာနားလည်သဘောပေါက်သူ
ဖြစ်လာတတ်သည်။
9။ သာတူညီမျှဝေခြမ်းမှုကိုခံယူကြီးပြင်းလာရသောကလေးသည် အမှားကိုစာနာတတ်သူဖြစ်လာတတ်သည်။
10။ ကိုယ်စိတ်နှလုံးစောင့်ထိန်းသောပတ်ဝန်ကျကြီးပြင်းလာရသောကလေးသည် သီးခံစိတ်မွေးမြူလာသည်။
11။ စိတ်ပျော်ရွှင်မှုဖြင့်ဝန်းရံကြီးပြင်းလာရသောကလေးသည်မေတ္တာနှင့်နှစ်လိုဖွယ်ရာအလှများကို
ခံယူတတ်သူဖြစ်လာတတ်သည်.............
( " ကလေးသူငယ်များနှင့်ကလေးသူငယ်များအားကာကွယ်ရေးအပေါ်လူကြီးများ၏
အမြင် '' ခေါင်းစဉ်ဖြင့်ဟောပြောမှုမှကောက်နုတ်တင်ပြသည်။)
သင်ကော မိဘအရာရောက်ရင်ဘယ်လိုစိတ်ကူးပါလဲ?
ဖြစ်ပေါ်လာမဲ့အနာဂတ်မျိုးဆက်သစ်ကလေးတွေကိုနွေးထွေးသောမိဘရင်ခွင်မှာပျော်ရွှင်သာယာချမ်းမြေ့မှုကိုပေး နိုင်သော မိဘတစ်ဦးအဖြစ်ရပ်တည်နိုင်ပါစေလို့ဆုတောင်းလျှက်
                                                                          foreverfriend.ning.com

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)