MTV မှာ ချွတ်ပြလို့ မိုင်လေဆိုင်းရပ်စ် လူကြည့်များ လူပြောများနေပြီ


မိုင်လေဆိုင်းရပ်စ်ကသူ့ရဲ့သီချင်းရုပ်သံတပုဒ်မှာ အဝတ်အစားမပါတဲ့အခန်းတချို့ထည့်ထားတာကြောင့် ထင်ရှားကျော်ကြားကြယ်ပွင့်များသတင်းတွေထဲ ထိပ်တန်းရောက်နေပါတယ်။ဖျော်ဖြေရေးသတင်းများထဲမှာ ဒီကနေ့တော့ သူ့ပုံ သူ့သတင်းတွေချည်းပါပဲ။
သုံးမိနစ်ကျော်ကြာတဲ့သူ့သီချင်းသရုပ်ဖော်မှုမှာ အဝတ်မဲ့ပြကွက်တချို့ ထည့်ထားတဲ့အတွက် အငြင်းပွား ဖွယ် ဖြစ်နေပါတယ်။ ထောက်ခံသူတချို့ ရှိပေမယ့် မကြိုက်တဲ့သူအများအပြားက အွန်လိုင်းသတင်းတွေမှာ မှတ်ချက်တွေလိုက်ရေး ရှုတ်ချနေကြတာပါ။
အင်္ဂါနေ့က ဧရာဝတီဘလော့မှာ တခြားအဆိုတော်တယောက်အကြောင်း ရေးခဲ့ပြီးပါပြီ။ တရက်တာ
အချိန်အတွင်း ကြည့်ရှုသူပေါင်း ၁၄ သိန်းကျော် ရှိသွားလို့ပါပဲ။
အခုတော့ အဲဒီစံချိန်ကို မိုင်လေဆိုင်းရပ်စ်က ခပ်ကြမ်းကြမ်းလေး ရိုက်ချိုးလိုက်တယ် ဆိုရပါမယ်။ တရက် တာအတွင်း ကြည့်သူပေါင်း သိန်း ၁၄ဝ ဝန်းကျင် ရှိသွားပါပြီ တဲ့။
အင်္ကျီချွတ်ပြလို့ အဲဒီလောက် များသွားတာလို့ ယူဆရပါတယ်။သီချင်းအစပိုင်းမှာတော့ မချွတ်သေးပါ။ ငိုနေတဲ့ သူ့မျက်နှာအနီးကပ်ရိုက်ချက်တွေနဲ့ သီချင်းကို ဖွင့်ခဲ့တာပါ။ နောက်ပိုင်းမှ ပွဲကြမ်းတော့တာပါပဲ။
သူ့သီချင်းရုပ်သံကို ကြိုက်ကြ၊ မကြိုက်ကြတဲ့ အသံတချို့ကို ကောက်နုတ် ဖော်ပြလိုပါတယ်။
ထောက်ခံတယ်လို့ ယူဆရတဲ့ အသံတချို့ကို အရင် ရေးရမယ် ဆိုရင်...-ထောက်ခံပါတယ်။သူကအစဉ် အလာကနေ
 ဖောက်ထွက်ပြလိုက်တာပဲ။ အသက် ၂၀ ကျော်လာပြီဆိုရင် နည်းနည်းလေး မရူးသွပ်တဲ့သူ ဘယ်သူရှိမလဲ။
- သူ့ကို အလေးအနက်ထားမနေပါနဲ့။
-သူ့အသက်၂၀ရှိပါပြီ။ကိုယ်တိုင်ဆုံးဖြတ်ချက်ချဖို့ အရွယ်ရောက်နေပြီ။ သင့်တော်မတော် ဆိုတာလည်း သိနေပြီ။ သူ ချွတ်ချင်တယ်ဆိုလည်း ချွတ်ပေါ့၊ ဘာဖြစ်သလဲ။ လူငယ်တွေ တီဗွီနဲ့ အင်တာနက်မှာ မြင်နေရတာတွေထက်တော့ တုန်လှုပ်စရာ မကောင်းပါဘူး။
ကဲ...ဆူညံနေတဲ့ကန့်ကွက်သံတွေထဲက တချို့ကို ဖောက်သည်ချရမယ် ဆိုရင် ....
~ ဘာအရသာမှ မရှိဘူး။ ပြည့်တန်ဆာလို ဖြစ်သွားပြီ။~ ရုပ်သံ မကြည့်ခင်အထိတော့
ဒီသီချင်းကို ကြိုက်ပါတယ်။
~အနည်းဆုံးတော့အဆိုတော်ရီဟားနားဟာ စွဲမက်ဖို့ကောင်းတယ်၊လှပတယ်လို့ထင်ကြလိမ့်မယ်။ ဒီကလေးမကတော့ အလွန်အကျွံ လုပ်ပြနေတာပါပဲ။
~အင်မတန်ငယ်ရွယ်တဲ့ ပရိသတ်တွေအားပေးလို့ ကျော်ကြားလာတဲ့၊ ခရစ်ယာန်အမျိုး
သမီးကောင်းတယောက်ဖြစ်တဲ့သူကဒီလိုပုံလုပ်ပြတာ ရှက်စရာကောင်းလိုက်တာ။
~ ဒီသီချင်းနဲ့ ကိုယ်တုံးလုံးနေတာနဲ့ ဘာဆိုင်လို့လဲ။
~အရင်ကအထင်ကရတွေအတိုင်း လိုက်လုပ်ပြနေတာပါ။ လေဒီဂါဂါကို ကော်ပီကူး
ထားတာပါ။လေဒီဂါဂါကလည်းမက်ဒေါနားကို ကူးထားတာ။မက်ဒေါနားကလည်းမာရီလင်မွန်ရိုးကို ကူးချထားတာပေါ့။
~အရွယ်ရောက်လာပြီဆိုတာ နားလည်ပါတယ်။နားမလည်နိုင်တာက အရွယ်ရောက်ပြီ
ဆိုတာနဲ့ချွတ်ရတော့မှာလား ဆိုတာပဲ။သန်းပေါင်းများစွာသောသူတွေလည်း
အရွယ်ရောက်နေကြပေမယ့် ချွတ်မပြကြပါဘူးကွာ။
~ သီချင်းက သိပ် ................. ကောင်းတယ်။ သီချင်းရုပ်သံကို ဖျက်ဆီးလိုက်တာက ဘာကြောင့်များပါလိမ့်။စိတ်ကုန်စရာပဲ။
 ကျော်ကြားဖို့အတွက် အဝတ်မပါဘဲ နေပြမှရမယ်
ဆိုရင်တော့ ဝမ်းနည်းစရာပါ။
~ အပေါစားစတန့်တွေပါကွာ။ဒီလိုလုပ်ပြတာတွေကို ကျေးဇူးပြုပြီး အားပေးတာမျိုး မလုပ်ကြပါနဲ့။

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)