Labia မ-အင်္ဂါ နှုတ်ခမ်းသား လှဘို့လိုသလား ..?
မ-အင်္ဂါ ဘေးနှုတ်ခမ်းသားဆိုတာလေးတွေကို သေးအောင် ဘယ်လို လုပ်ရင်
ရမလဲလို့ပါရှင့်။ အကယ် လို့များ နှုတ်ခမ်းသားတွေ
သေးလို့မရရင် Clitoris ကိုကောကြီးအောင် လုပ်လို့ရလား သိချင်ပါတယ်။ Labia minora မအင်္ဂါ နှုတ်ခမ်းသား အသေးတွေဟာ Vaginal opening (ဗဂျိုင်းနား) ပေါက်ရဲ့ ဘေးတဖက်စီမှာ၊ Labia majora မ-အင်္ဂါ-နှုတ်ခမ်းသား အကြီးတွေရဲ့ အတွင်းမှာ ရှိတယ်။ အရွယ်အစား၊ အရောင် နဲ့ ပုံပန်း တယောက်နဲ့ တယောက် မတူကြပါ။
Clitoris မ-အစိကနေ အောက်ဖက်-ဘေးဘက်-နောက်ဖက်-ခပ်စောင်းစောင်း ဆင်းသွားတယ်။
အောက် အဆုံး နေရာမှာ နှစ်ခုက ကန့်လန့်ဆက်နေတာကို Fourchette လို့ ခေါ်တယ်။
ကလေးမွေးဘူးရင်၊ အတင်း ဆွဲဆန့်တာခံရရင် ဒီနေရာ စုပ်ပြဲသွားတော့မယ်။
လိင်ဆက်ဆံမှု ကောင်းကောင်းရှိဘူးရင်လဲ စုတ်ပြဲပြီး အပျို မဟုတ်တော့တာကို
သိသာစေတယ်။ အဓမ္မလိင်ဆက်ဆံခံရသူတွေမှာ စုပ်ပြဲသွားလို့ သွေးယိုတာကို တခါတလေ
ချုပ်ပေးရတတ်တယ်။
အထက်နေရာမှာတော့ မ-နှုတ်ခမ်းသား အသေး နှစ်ခုဟာ နှစ်ပိုင်းလိုရှိတယ်။ (၁)
အပေါ်ပိုင်းတွေက Clitoris အထက်မှာ ဆုံကြမယ်။ တချို့ အရွယ်အစား မငယ်ရင် Glans
clitoridis မ-အစိခေါင်းကို ဖုံးအုပ် နေပြီး Fold ခေါက်ထားသလိုမျိုး
ရှိနေမယ်။ အပေါ်ကနေ မိုးထားနေမယ်။ Preputium clitoridis လို့ခေါ် တယ်။ (၂)
အောက်ပိုင်းတွေက Glans clitoridis မ-အစိခေါင်းရဲ့ အောက်မှာ ပေါင်းဆုံပြီး
Frenulum clitoridis လို့ ခေါ်တာ ဖြစ်လာတယ်။
Labia stretching မ-အင်္ဂါ နှုတ်ခမ်းသားတွေကို ဆွဲဆန့်ခြင်း
မိန်းကလေးတွေရဲ့ မအင်္ဂါ-နှုတ်ခမ်းသား အသေးကို ပိုရှည်လာစေအောင် လုပ်ပေးနည်းကို (ရဝမ်ဒါ)
စတဲ့နိုင်ငံတွေမှာ လုပ်တယ်။ လက်နဲ့ ဆန့်ပေးတာရော အလေးဆွဲပြီး လုပ်ပေးတာရော ရှိတယ်။ လိင်အရေး မှာ ကဲစေဘို့၊ Orgasm (အော်ဂဇင်) ရစေဘို့၊ Female ejaculation ပြီးတဲ့အချိန်မှာ အရည်ပန်းထွက်တာ ဖြစ်စေဘို့၊ ကျားမ နှစ်ယောက် စလုံးမှာ သာယာမှု ပိုစေဘို့ ရည်ရွယ်တယ်။ မအင်္ဂါ-နှုတ်ခမ်းသား အသေးတ ဖက်က ပိုတိုနေသူတွေကိုလဲ ဘက်ညီအောင် လုပ်တာလဲ ရှိတယ်။ သူတို့ဆီမှာ မိန်းကလေးတွေ အရွယ် ရောက်တည်းကနေ မ-နှုတ်ခမ်းသား အသေးကို ဆွဲဆွဲ ပေးတတ်အောင် မိန်းမကြီးတွေကနေ သင်ပေး တယ်။ ဆေးတမျိုးကိုလဲ လိမ်းကြစေတယ်။
ဆေးပညာအလိုအရ မအင်္ဂါ-နှုတ်ခမ်းသား အသေးဟာ ဘယ်အရွယ်အစားက ကောင်းတယ်၊
မကောင်းဘူး ဆိုတာ မရှိပါ။ လိုတာထက် ပိုကြီးနေရင် အတွင်းခံ (ဇစ်ပ်) တပ်တာမှာ
ခက်သူတွေ ရှိတယ်။ အတွင်းခံ တထပ်ထဲဝတ်ထားတာကို သူများ မြင်ရင်
မလှသလိုနေမယ်။ စက်ဘီးစီးတာ ပြေးတဲ့အခါမှာလဲ ဆီးစပ်နေ ရာမှာ နာတတ်တယ်။
ဆီးသွားရာမှာ စိုနိုင်တယ်။
မတ်တပ်ရပ်နေတဲ့ အနေအထားမှာ ဘယ်လိုနေသလဲဆိုတာ ပိုအရေးကြီးတယ်။
ခွဲစိတ်ပြုပြင်မဲ့ အမျိုးသမီး ရဲ့ မ-အင်္ဂါ ဆေးမစားမီပုံကို ကြည့်ရင်
ကာယကံရှင်က အလိုမကျဘူး ဆိုတာလဲ မှန်တယ်။ အတော်ကို သိသိသာသာ
တွဲကျ-ရှည်လျှားနေတာတွေ ရှိတယ်။
မ-နှုတ်ခမ်းသား အသေး သိပ်ကြီးနေသူတွေကို Labiaplasty ခွဲစိတ်ပြုပြင်နည်း
လုပ်နိုင်တယ်။ ဒီနည်းကို အရင်ကတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကနေ
တားမြစ်ထားရာကနေ ဖြုတ်လိုက်ပါပြီ။ မလုပ်သင့်တဲ့ Mutilation ခေါ်တဲ့
မိန်းကလေး လိင်အင်္ဂါကို လှီးဖြတ်ပေးတာကို တားမြစ်တုံးက ထည့်ထားခဲ့တာ ဖြစ်
တယ်။ Labial stretching ကိုတော့ အပြစ်လို့ မသတ်မှတ်တော့ပါ။ ကာယကံရှင်ကနေ
လုပ်ချင်တယ်ဆိုရင် လုပ်နိုင်ပါတယ်။ လူနာ စိတ်တိုင်းကျ အရွယ်အစားကို
တိုင်ပင် ဆွေးနွေးပြီး အကောင်းဆုံးကို ဆုံးဖြတ် လုပ်ပေးနိုင်ပါတယ်။
Labia majora မအင်္ဂါ-နှုတ်ခမ်းသား အကြီးစားဟာ အဆီများပြီး၊ အသေးစားဟာ
သွေးကြောများတယ်။ အသေးစားမှာ Sebaceous glands ချွေးထွက် (ဂလင်း) တွေရော
Nerve endings အာရုံကြောတွေ များ လို့ ထိရင် သိပ်ခံစားမှု များတယ်။ Hair
follicles အမွှေးမပေါက်ဘူး။
မအင်္ဂါ-နှုတ်ခမ်းသား အသေးစားက ၂ ပိုင်းရှိတယ်။ Adipose tissue အဆီ (တစ်ရှူး)
ဖြစ်တဲ့ ဘယ်နဲ့ညာ နှစ်ခုကို ဆက်ပေးထားတာလေးက Vulva မိန်းမကိုယ်ရဲ့
အထက်ဆုံးမှာ ရှိတယ်။ ပဌမအပိုင်းဟာ Clitoris (ကလိုက်တောရစ်) အပေါ်ကို
ဖုံးနေတယ်။ ကျားအင်္ဂါထိပ်ဖျားနဲ့ ဆင်တူတယ်။ နာမည်လဲတူတယ် Prepuce of the
clitoris လို့ ခေါ်တယ်။ ခပ်ကောက်ကောက် လေးနေလို့ Clitoral hood လို့ ခေါ်တာ
များတယ်။ ချိတ်လိုနေတယ်။ ဒုတိယအပိုင်းကတော့ Clitoris အောက်မှာ ကန့်လန့်စင်း
Fourchette (Labial frenulum) ခေါ်တယ်။
Vulvo-vaginal folds အ-အင်္ဂါ အနီးတဝှိုက်မှာ Connective နဲ့ Erectile tissue
(တစ်ရှူး) တွေဟာ ယောက်ျား လိင်အင်္ဂါ ထဲမှာရှိတဲ့ Corpus spongiosum penis
နဲ့ အလားတူဖြစ်တယ်။ Sexual arousal လိင်စိတ်ဖြစ်ပေါ်လာချိန် ဒီနေရာမှာ
စိုစွပ်-ဖေါင်းကြွလာတယ်။ ၂-၃ ဆ အထိ ပိုကြီးလာတယ်။ ဆီးသွား ချိန်မှာလဲ
ဆီးထွက်တာကို ဘေးနေရာ မစိုစေအောင် လုပ်ပေးသေးတယ်။
အမျိုးသမီးတယောက်ဘဝမှာ Labia minora ဟာ အရွယ်-ပုံစံပြောင်းလာတတ်တယ်။
Hypertrophied ပိုကြီးလာတာ ဖြစ်ပါတယ်။ Sexual intercourse လိင်ဆက်ဆံတာ၊
Masturbation ဖါသာအာသာဖြေတာ၊ Childbirth ကလေးကို မွေးလမ်းကနေ မွေးရတာ၊
Lymphatic congestion ရောင်တာ၊ Chronic dermatitis နာတာရှည်
အရေပြားနာရှိတာ၊ Urinary incontinence ဆီးမထိန်းနိုင်တာတွေကြောင့်
အဲလိုဖြစ်စေမယ်။ Genital piercing မ-အင်္ဂါနေရာမှာ ကွင်းတွေ
တပ်ဆင်တာကြောင့်လဲ ဖြစ်နိုင်တယ်။
(၂) Cosmetic refinement ပုံသဏ္ဌာန်မကြိုက်လို့ ပိုလှစေအောင် ခွဲစိတ်နိုင်တယ်။
အရွယ်ရောက်ပြီးသူကိုသာ ခွဲစိတ်ပေးသင့်တယ်။ ထုံးစံအတိုင်း
ကိုယ်ဝန်ဆောင်နေချိန်၊ ရာသီလာနေချိန်မှာ ခွဲစိတ်တာကို မလုပ်သင့်သေးဘူး။
မျိုးပွါးလမ်းမှာ ရောဂါပိုးဝင်တာနဲ့ ကင်ဆာရှိနေသူတွေကို မခွဲသင့်ဘူး။
တချို့အမျိုးသမီးတွေဟာ အလှအပအတွက်မှာ အတော်ကို ကဲပါတယ်။ ရင်အတု၊ တင်အတုတွေက
ဘာ ဟုတ်သေးလဲ။ Hymenoplasty အပျိုမှေး အတုပြန်လုပ်တယ်။ မိန်းမကိုယ်
အသစ်ပြန်ချုပ်တယ်။ တကယ့် အပျိုပေါက်လေးလိုနေအောင် ပြန်ပြီး
ငယ်ရုပ်ဆင်ချင်လို့ မိန်းမကိုယ်ကိုလဲ အဲလို ဖြစ်ချင်ကြတာဖြစ်တယ်။
The retrospective study Labiaplasty of the Labia minora: Patients’
Indications for Pursuing Surgery (2008) လေ့လာမှုအရ အမျိုးသမီး ၁၃၁
ယောက်မှာ -
• ၃၂% ဟာ Functional impairment နေရထိုင်ရတာမှာ ပြဿနာရှိလို့ ခွဲစိတ်တယ်။
၁၉၉၉ လေ့လာမှုအရ အဲဒီလို ခွဲစိတ်ကုသခံခဲ့သူ အမျိုးသမီး ၁၆၃ ယောက်မှာ ၉၃% က
ကျေနပ်ကြတယ်။ အမေရိကားက Feminist “မိန်းမသည်သာ ဦးထိပ်မှာ” အဖွဲ့အစည်း New
View Campaign ကတော့ အဲလို ခွဲစိတ်ပြုပြင်တာကို ကန့်ကွက်တယ်။ မသဘာဝ
လိင်မှုရေးရာကို ဆေးပညာက စွက်ဖက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသမီးတိုင်းကတော့ သဘောမတူကြပါ။
သေးလို့မရရင် Clitoris ကိုကောကြီးအောင် လုပ်လို့ရလား သိချင်ပါတယ်။ Labia minora မအင်္ဂါ နှုတ်ခမ်းသား အသေးတွေဟာ Vaginal opening (ဗဂျိုင်းနား) ပေါက်ရဲ့ ဘေးတဖက်စီမှာ၊ Labia majora မ-အင်္ဂါ-နှုတ်ခမ်းသား အကြီးတွေရဲ့ အတွင်းမှာ ရှိတယ်။ အရွယ်အစား၊ အရောင် နဲ့ ပုံပန်း တယောက်နဲ့ တယောက် မတူကြပါ။
မိန်းကလေးတွေရဲ့ မအင်္ဂါ-နှုတ်ခမ်းသား အသေးကို ပိုရှည်လာစေအောင် လုပ်ပေးနည်းကို (ရဝမ်ဒါ)
စတဲ့နိုင်ငံတွေမှာ လုပ်တယ်။ လက်နဲ့ ဆန့်ပေးတာရော အလေးဆွဲပြီး လုပ်ပေးတာရော ရှိတယ်။ လိင်အရေး မှာ ကဲစေဘို့၊ Orgasm (အော်ဂဇင်) ရစေဘို့၊ Female ejaculation ပြီးတဲ့အချိန်မှာ အရည်ပန်းထွက်တာ ဖြစ်စေဘို့၊ ကျားမ နှစ်ယောက် စလုံးမှာ သာယာမှု ပိုစေဘို့ ရည်ရွယ်တယ်။ မအင်္ဂါ-နှုတ်ခမ်းသား အသေးတ ဖက်က ပိုတိုနေသူတွေကိုလဲ ဘက်ညီအောင် လုပ်တာလဲ ရှိတယ်။ သူတို့ဆီမှာ မိန်းကလေးတွေ အရွယ် ရောက်တည်းကနေ မ-နှုတ်ခမ်းသား အသေးကို ဆွဲဆွဲ ပေးတတ်အောင် မိန်းမကြီးတွေကနေ သင်ပေး တယ်။ ဆေးတမျိုးကိုလဲ လိမ်းကြစေတယ်။
လိင်ဆက်ဆံရင် နာတတ်တယ်။
၂ဝဝ၄ ခုနှစ် ဗြိတိန်မှာ အသက် ၁၈ ကနေ ၅ဝ ရှိ အမျိုးသမီး ၅ဝ ကို လေ့လာမှုတခု လုပ်ခဲ့တယ်။
- Clitoral length မ-အစိ အရှည် = 5 မှ 35 (ပျမ်းမျှ = 19.1 mm)
- Clitoral glans width မ-အစိ အကျယ် = 3 မှ 10 (ပျမ်းမျှ = 5.5 mm)
- Clitoris to urethra မ-အစိကနေ ဆီးပေါက်အထိ = 16 မှ 45 (ပျမ်းမျှ = 28.5 mm)
- Labia majora length မ-နှုတ်ခမ်းသား အကြီး အရှည် = 7.0 မှ 12.0 (ပျမ်းမျှ = 9.3 mm)
- Labia minora length မ-နှုတ်ခမ်းသား အသေး အရှည် = 20 မှ 100 (ပျမ်းမျှ = 60.6 mm)
- Labia minora width မ-နှုတ်ခမ်းသား အသေး အကျယ် = 7 မှ 50 (ပျမ်းမျှ = 21.8 mm)
- Vaginal length ဗဂျိုင်းနား အရှည် = 6.5 မှ 12.5 (ပျမ်းမျှ = 9.6 cm)
Labiaplasty (Labioplasty) ခွဲစိတ်ပြုပြင်နည်း
မအင်္ဂါ-နှုတ်ခမ်းသား အသေး သိပ်ကြီးနေတာကို Plastic surgery ပလပ်စတစ်-ခွဲစိတ်နည်းနဲ့ လုပ်ပါတယ်။
(၁) Defect and Deformity ပုံသဏ္ဌာန်မမှန်လို့ ခွဲစိတ်ခြင်း၊
• Vaginal atresia မွေးကတည်းက (ဗဂျိုင်းနား) လမ်းကြောင်း မပါလာတာ၊
• Müllerian agenesis သားအိမ်၊ သားအိမ်ပြွန်တွေ ပုံမှန်မဟုတ်တာ၊
• Intersex conditions ယောက်ျားလိုရော မိန်းမလိုပါ အင်္ဂါနှစ်မျိုးဖြစ်နေတာ၊
• Exterior cosmetic refinement of the vulvo-vaginal complex
ကလေးမွေးရလို့ဖြစ်ဖြစ်၊ ထိခိုက်မိ လို့ဖြစ်ဖြစ် မ-အင်္ဂါတ၀ှိုက်မှာ
စုတ်ပြဲသွားတာ၊
• Male-to-female sexual reassignment ယောက်ျားလိုကနေ
မိန်းမလိုပီပြင်စေအောင် လုပ်ရာမှာလဲ ဒီအဆင့်ပါ ပါရတယ်။ Neovagina ဆိုတဲ့
နဂိုက မရှိသေးတဲ့ နှုတ်ခမ်းသားအတု လုပ်ပေးရတာမျိုး ဖြစ် တယ်။
Techniques for labial reduction မအင်္ဂါ-နှုတ်ခမ်းသား သေးအောင်
ခွဲစိတ်နည်းတွေ အမျိုးမျိုးရှိတယ်။ Cosmetic gynecologists အထူးကု
ဆရာဝန်တွေကနေ လုပ်ပေးတာက အကောင်းဆုံး ဖြစ်တယ်။
(၁) Edge resection technique အစွန်း-အနား ဖြတ်တောက်နည်း၊
(၂) Central wedge resection technique အလည်ပိုင်း တရိဂံပုံ ဖြတ်တောက်နည်း၊
(၃) De-epithelialization technique (ဒီအပီသီရယ်လိုက်ဇေးရှင်း) နည်း၊
(၄) Labiaplasty with clitoral unhooding နှုတ်ခမ်းသာပြင်နည်းရော အပေါ်က ချိတ်လိုနေရာ ပြုပြင်တာ ပါ ပေါင်းနည်း၊
(၅) Laser labiaplasty technique (လေဆာ) နည်း။
• ၃၂% ဟာ Functional impairment နေရထိုင်ရတာမှာ ပြဿနာရှိလို့ ခွဲစိတ်တယ်။
• ၃၁% ဟာ Functional impairment နေရထိုင်ရတာမှာ ပြဿနာရှိလို့ရော Aesthetic reasons အလှအပအတွက်ရော ကြောင့် ခွဲစိတ်တယ်။
• ၃၇% ဟာ Aesthetic correction လှချင်လွန်းလို့အတွက်သာ ခွဲစိတ်တယ်။
Dr. တင့်ဆွေ
Comments
Post a Comment