အသက်အရွယ် ရမှ အချစ်ရေး အဆုံး သတ်ခဲ့သည့် ကောင်းဘွိုင် မင်းသားကြီးတို့ ဇနီးမောင်နှံ

လော့စ်အိန်ဂျလိစ်စက်တင်ဘာ ၁
ကမ္ဘာကျော်ကောင်းဘွိုင် မင်းသားကြီးအဖြစ် ထင်ပေါ်ကျော်ကြားခဲ့သည့်ကလင့်တ်အိစ်ဝုဒ်နှင့်၁၇ နှစ်ကြာ
 ပေါင်းသင်းခဲ့သော ဇနီးဖြစ်သူ ဒိုင်နာတို့၏ အိမ်ထောင်ရေးမှာ အဆုံး သတ်သွားပြီ ဖြစ်ကြောင်း သိရသည်။
The Dirty Harry ဇာတ်ကားဖြင့် ကျော်ကြားသူ အဆိုပါ ကောင်းဘွိုင် မင်းသားကြီး ကလင့်တ်သည် ဇနီးဖြစ်သူနှင့် ကွာရှင်းပြီးနောက် ကာလီဖိုးနီးယား ပြည်နယ်  ဆန်တာဘာ ဘရာရှိ ၎င်းတို့၏ နေအိမ်မှ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။
ဒိုင်နာသည်သူမ၏အထက်တန်းကျောင်းသူဘ၀က ချစ်ကြိုက်ခဲ့သည့်ချစ်သူဟောင်းစကော့တ်ဖစ်ရှာ ဆိုသူနှင့် ပြန်လည် လက်တွဲနေပြီ ဖြစ်ကြောင်း သိရသည်။
ကလင့်တ်နှင့်ဒိုင်နာတို့နှစ်ဦးသည်၁၉၉၆ခုနှစ်က လက်ထပ်ခဲ့ခြင်းဖြစ်ပြီး၎င်းတို့နှစ်ဦးတွင်အသက် ၁၆ နှစ်အရွယ်
ရှိမော်ဂန်ဆိုသောသမီးချောလေးတစ်ဦးကိုပိုင်ဆိုင် ထားသည်ဟု   သိရသည်။ ဒိုင်နာသည် သမီးဖြစ်သည့် မော်ဂန်နှင့် အတူ ရုပ်သံ အစီအစဉ် တစ်ခုတွင် ပါဝင် ခဲ့ဖူးသူ ဖြစ်သည်။
ရွှေကူ
မြ၀တီ

Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)