ဆေးလိပ်သောက်ကြသူများ

ဆေးလိပ်သောက်ကြသူများ.....

သောက်ချင် သလောက်သောက်၊ အချိန်တန်ရင်တော့ ထုံးစံအတိုင်း ဖြစ်ရမယ့် ဆေးလိပ်သောက် သူများ အနေဖြင့် ဆေးလိပ်ဖြတ်ဖို့ ဆိုတာ အရမ်းခက်ခဲ လွန်းပါတယ်။ အထူးသဖြင့် ဦးနှောက် သုံးရတဲ့ လူတွေမှာ ပေါ့။ ဒီတော့ ဆေးလိပ်သောက်ခဲ့ တဲ့ လူတွေ အကြောင်းကို အရင် ကြည့်ကြရအောင်။
သစ်သားမီးခြစ်လေးကို ရှဲကနဲ ခြစ်လိုက်ပြီး ဆေးလိပ်လေးကိုမီးရှို့၊ တစ်ဖွာဆိုတဲ့ အရသာကို သောက်ဖူးတဲ့ သူမှ နားလည်တာမဟုတ်လား
လုပ်ပါအုံး မီးတစ်တို့လောက်...
တစ်ဖွာတစ်ရှိုက်လောက်ပဲ သောက်တာပါ
ငယ်ထဲက သောက်လာတဲ့ ဆေးလိပ်၊ သမ္မတဖြစ်ရင်တော့ ဖြတ်မယ်ဆိုပြီး ကြိမ်းဝါးထားတာပဲ။ တကယ် အိုဘားမား ဆေးလိပ်ပြတ်သွားလား၊ မပြတ်လားဆိုတာတော့ သီးသန့်ခန်းထဲ လိုက်ကြည့်မှ ရမယ်

ကျူးဘားဆေးပြင်းလိပ်ကြီးခဲပြီး ကြယ်နီကြီးလုပ်ခဲ့တာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ခဲ့သလိုပါပဲ
အသက်ကယ်နေရင်းနဲ့လဲ သောက်ရမှာပဲ။ ကလေးကော ဆေးလိပ်ကော ချလို့မရဘူး
ဆေးလိပ်အဖြူရောင်လေးနဲ့ ချစ်စရာမျက်နှာလေးနဲ့
အငမ်းမရ၊ပြူးပြဲသောက်၊ ၄ လိပ်ပူးပြီးသောက်
ဆွေးတယ်ကိုကို၊ လွမ်းတယ် ချစ်ချစ်၊ အဆုတ်ထဲမှာလဲ ဆေးလိပ်တွေ ပြည့်နေပြီ
တစ်လိပ်တစ်ဖွာ၊အသက်ပါဟု၊ လူတိုင်း ဆယ်ခါ၊ ပြောတာကြားလည်း၊ ငါ့စိတ်နှင့်ငါ၊ သောက်မိပါ၍ စိတ်ချမ်းသာစွာ သေရသည်၊
သောက်တဲ့ဆေးလိပ်ထဲမှာ ပါတာတွေကလဲ ကောင်းတာတစ်ခုမှ မရှိဘူး
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်။
၁။ Psoriasis ခေါ်တဲ့  အရေပြားရောဂါ ။
၂။ Cataracts ခေါ်တဲ့  မျက်စိ တိမ်စွဲရောဂါ
၃။ Wrinkling ခေါ်တဲ့ အသားအရေ ရှုံ့ တွ အိုမင်းခြင်း ။ (ဒါကြောင့်ဆေးလိပ်သောက်သူတွေ ရုပ်ရည်ဟာ မသောက်သူ နဲ့ယှဉ်လိုက်ရင် ပိုပြီး အိုစာနာကျ ပုံ ဖြစ်နေရတာပါ ။)
၎။ Hearing Loss ခေါ်တဲ့  နား အကြားအာရုံ ချို့ တဲ့ခြင်းရောဂါ ။
၅။ Cancer ခေါ်တဲ့  ကင်ဆာ အမျိုးမျိုး -
ဥပမာ အဆုပ်။နှာခေါင်းလည်ချောင်း ၊လေပြွန်၊အသံအိုး ၊ခံတွင်း
ကင်ဆာ၊အစာမြိုပြွန် ၊ အူ၊ ရင်သား ကင်ဆာ ၊ကျောက်ကပ် ၊
ဆီးအိတ် နှင့် အချို့ သောလူကီးမီးယားသွေးကင်ဆာများ ။
 ဆေးလိပ်ထဲမှာ Carcinogen လို့ ခေါ်တဲ့ ကင်ဆာ ဖြစ်စေတတ်သော ဓါတ်ပေါင်း ၄၃ မျိုးမျှ ပါဝင်ပြီး ကင်ဆာကြောင့် သေဆုံးရခြင်းရဲ့  ၃၀ % ဟာ ဆေးလိပ်ကြောင့် ပါတဲ့ ။
၆။ Tooth decay ခေါ်တဲ့  သွားပိုးစား သွားပုပ် ရောဂါ ။ခံတွင်း အနံ့ အသက်လည်း ဆိုးရွားစေပါတယ် ။
ရ။Emphysema ခေါ်တဲ့  အဆုပ်လေအိပ်များတွင်လေခိုပြီး ပွပျက်သောရောဂါ ။( ဒါကြောင့် အသက်ရှုရတာ ကြပ်တယ် ။
 မောတယ်ပေါ့ )
၈။Osteoporosis ခေါ်တဲ့ အရိုးပွ အရိုးပါး ပြီး အရိုးကျိုးလွယ်စေသောရောဂါ ။
၉။ Heart disease ခေါ် နှလုံးနှင့်သွေးကျော ရောဂါများ ။
ဆေးလိပ်ထဲမှာပါဝင်တဲ့ နီကိုတင်းဓါတ်ဟာ ဦးနှောက်ထဲမှ ဒိုပါမင်းဓါတ်တမျိုးကိုများစေပြီး အဒီနလင်
( adrenaline)ကိုပါများစေတဲ့အတွက် နှလုံးခုန်ခြင်းမြန်စေတယ်၊
 သွေးတိုးစေတယ်ပေါ့ ။
၁၀။Stomach ulcer ။ ဆေးလိပ်ကြောင့်  အစာအိမ်မှာ အစာခြေရည် အက်စစ်ဓါတ်ထွက်နှုန်း ပို များပြားစေပြီး အစာအိမ် အနာပေါက်ဖို့ လွယ်ကူစေပါတယ်။
၁၁။Discolored fingers ။ ဆေးလိပ်မှာပါတဲ့ တာခေါ်တဲ့ ကတ္တရာဓါတ်ဟာ ဆေးလိပ်ကိုင်သောက်တဲ့ လက်မှာ အရောင်စွဲ ပြီး ပြောင်းလဲစေတတ်ပါတယ် ။
၁၂။Cervical cancer and miscarriage ။ အမျိုးသမီးများမှာ သားအိမ်ခေါင်းကင်ဆာ နဲ့  သားလျှောသားပျက်ခြင်းများဖြစ်စေနိုင်ပါတယ် ။
၁၃။Deformed sperm ။ အမျိုးသားများမှာရှိတဲ့ သုတ်ပိုး အရည်အတွက်လျော့နဲစေခြင်း၊ပုံသဏ္ဍန်ပြောင်းလဲခြင်း၊ DNA ပျက်စီးမှု စသဖြင့်လည်း ဆိုးကျိုးရစေနိုင်ပါတယ် ။
၁၄။ Buerger's Disease ။
 ဆေးလိပ်သောက်ခြင်းကြောင့် သွေးကြောငယ်များ ကျဉ်းစေ ပိတ်စေပြီး ခြေ ၊လက်တွေသို့သွေးလျှောက်လှည့်ပတ်ခြင်းကို ထိခိုက်စေ၍ နောက်ဆုံးတွင် သွေးကြောပိတ် ပြီး ခြေချောင်း လက်ချောင်းများ ထိပ်မှစပြီး ပုတ်ကာ အရောင်မဲ သွားတတ်ပါတယ် ။အဲဒီအခါမှာ အလွန် နာကျင်မှုဝေဒနာကို ခံစားရမှာဖြစ်ပြီး ခွဲစိပ်ဖြတ်ထုတ်ရလောက်တဲ့ အထိဖြစ်တတ်ပါတယ်။

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)