ထောက်လှမ်းရေးလို့ သံသယဖြစ်ခံရတဲ့ငှက် အဖမ်းခံရ

အီဂျစ်နိုင်ငံမှာ တာဝန်သိလုပ်သားပြည်သူတဦးရဲ့ လက်ချက်နဲ့ ငှက်တကောင်
အချုပ်ကျနေရတဲ့သတင်းက
 နိုင်ငံတကာသတင်းကြီးဖြစ်နေပါပြီ။
 -(ဂူဂဲလ်မှာ အီဂျစ် စပိုင် ငှက် ဆိုပြီး ရှာလိုက်ရင် အချုပ်ကျနေတဲ့ ငှက်ပုံကို အထက်ပါအတိုင်း တွေ့ရပါမယ်။)
  မြို့တော်ကိုင်ရိုနဲ့ မိုင် ၂၈၀ ဝေးတဲ့ Qena ဆိုတဲ့ ဒေသမှာ ဖမ်းမိတဲ့ အဲဒီငှက် သောကြာနေ့က ရဲစခန်းရောက်လာကြောင်း ရဲဌာနကို ကိုးကားပြီး အေပီသတင်းတပုဒ်မှာ ရေးထားပါတယ်။
ငှက်မှာ တပ်ဆင်ထားတဲ့ အီလက်ထရွန်နစ်ပစ္စည်း အစိတ်အပိုင်းတခုကြောင့် အီဂျစ်အာဏာပိုင် တို့က အဲဒီငှက်ကို ဝိုင်းပြီး သံသယဖြစ်ခဲ့ကြတာပါ တဲ့။
ရွှေ့ပြောင်း ကျက်စားတဲ့ ငှက်တွေကို လေ့လာနေတဲ့ ပြင်သစ်ကအဖွဲ့တဖွဲ့က ဒီငှက်ရဲ့ လှုပ်ရှားမှုကို သိဖို့ အဲဒီပစ္စည်း တပ်ပေးလိုက်တာပါလို့ ငှက်ကို ဖမ်းမိတဲ့
ဒေသက တိရိစ္ဆာန်ရေးရာဌာန အရာရှိတယောက်က ပြောပါတယ်။

အီဂျစ်အစိုးရသတင်းစာမှာတော့ ... မသင်္ကာဖွယ်ငှက် ဖမ်းမိသူကို ချီးကျူးထားပါတယ် -  ဒီဖြစ်ရပ်ဟာ
သူ့ရဲ့ မျိုးချစ်စိတ်ထက်သန်မှုကို ပြသနေတာပါ ဆိုပဲ။
အချုပ်ကျနေတဲ့ငှက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အီဂျစ်အာဏာပိုင်  တို့က အမိန့် မထုတ်ပြန်သေးဘူးလို့ သိရပါတယ်။
နိုင်ငံတကာမှာတော့ ဒီသတင်းကို အတော်များများ တွေ့ရမှာပါ။
- "ပြင်သစ်တို့ရဲ့စပိုင်ငှက်"ကို အီဂျစ်က ဖမ်းလိုက်ပြီ
- ထောက်လှမ်းရေးလို့ သံသယဖြစ်ခံရတဲ့ငှက် အီဂျစ်မှာ ထိန်းသိမ်းခံရ
- မဟုတ်ဘူး အီဂျစ်ရေ၊ အဲဒါ ငှက်၊ စပိုင်မဟုတ်ဘူးဆိုတဲ့ ခေါင်းစဉ်များ တပ်ပြီး ဖော်ပြနေကြတာ တွေ့ရပါတယ်။

ဧရာဝတီ
 



Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)