ကျပ်သန်းပေါင်း ၃သောင်းကျော် တန်ဖိုးရှိ ဗုဒ္ဓစင်တာ လန်ဒန်မြို့တွင် တည်ဆောက်မည်
အရှေ့တောင်အာရှတွင်ထေရဝါဒ အများဆုံးကိုးကွယ်သည့် မြန်မာနိုင်ငံ၏ဘာသာတရားနှင့် ယဉ်ကျေး မှုများ ကို ဥရောပနိုင်ငံသားများကို ဖြန့်ဖြူးရန်
ဥရောပခေတ်လက်ရာ ရှေးဟောင်း အဆောက်အအုံ တစ်ခု ပါဝင်ပြီး မြေနေရာအကျယ်
၂ဧကခွဲရှိသည့် အဆိုပါ ဗုဒ္ဓစင်တာကို
တည်ထောင်လိုခြင်း ဖြစ်ကြောင်း ဆရာေ တ်ာက
ဆက်လက်မိန့်ကြားသည်၊“မြန်မာတွေဆောက်တဲ့ အကြီးဆုံး ဥရောပသာသနာပြု ဗုဒ္ဓစင်တာဖြစ်လာမယ်၊ ဘာသာ၊
ယဉ်ကျေးမှုနဲ့ ဆိုင် တဲ့ သင်တန်းတွေပေးသွားမယ်” ဟု ဆရာတော်က ရှင်းလင်း
မိန့်ကြားသည်။
အဆိုပါ မြန်မာဗုဒ္ဓစင်တာကို မြန်မာလူမျိုးများ၏ အလှူငွေများဖြင့်
တစ်နှစ်အတွင်း အကောင်အထည် ဖော် သွား မည်ဖြစ်ပြီး မြေနေရာ ၁ပေပတ်လည်ကို
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် စတာလင်ပေါင် ၅၀၀နှု န်းဖြင့် အလှူခံနေပြီးမြန်မာနိုင်ငံသားများလှူဒါန်းမည် ဆိုပါက မြေနေရာ၁ပေ ပတ်လည်ကို ၅သောင်းကျပ်
ဖြင့် လှူဒါန်းနိုင်ကြောင်း မြန်မာ-ဥရောပ-ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားရေး
အသင်းထံမှ စုံစမ်းသိရှိရသည်။
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သည် တစ်နှစ်လျှင် ကမ္ဘာလှည့် ခရီးသွား လူဦးရေ
၁၇သန်းခန့် လာရောက် လည် ပတ်ကြပြီး ဗုဒ္ဓစင်တာကြီး ပြီးစီးသွားပါက ကမ္ဘာလှည့်
ခရီးသွားများ လာရောက်လေ့လာမှုများ ရှိလာနို င်ကြောင်း လန်ဒန်မြို့တော်တွင်
ဗုဒ္ဓဘာသာဝင် အနည်းငယ်သာရှိပြီး ခရစ်ယာန်ဘာသာဝင် များပြားေ ကြာင်း၊ သို့သော်
မည့်သည့်ဘာသာမှ မကိုးကွယ်သည့် လူငယ်များလည်း များပြားလာနေကြောင်း ဆရာေ တာ်
က သုံးသပ်မိန့်ကြားသည်။
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ အပါအဝင် အိုင်ယာလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်၊
ဂျာမနီ၊ နယ်သာလန်၊ ပြင် သစ် စသည့် ဥရောပ ၁၀နိုင်ငံ တို့တွင် မြန်မာ
ဘုန်းတော်ကြီးကျောင်းများ ရှိကြောင်း မြန်မာ-ဥရောပ-ဗုဒ္ဓသာသနာ ထွန်းကား
ပြန့်ပွားရေးအသင်း ဥက္ကဌ ဆရာဦးနေအုပ် (စိန်ပေါလ်) က ဆိုသည်။
The Voice Weekly
Comments
Post a Comment