လွှတ်တော်အမတ်ကို iPad ပေးထားတော့ ဘာဖြစ်သွားသလဲ

ထိုင်းလွှတ်တော်မှာ အမတ်မင်းတယောက် iPad ကနေ ဖွယ်ဖွယ်ရာရာတွေ ကြည့်နေခြင်းအကြောင်းကို 
 ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဖတ်လိုက်ရပါတယ်။
(photo by Bangkok Post)

လွှတ်တော်အစည်းအဝေးမှာ ပြောဆိုဆွေးနွေးနေကြတဲ့ ဆန် သယ်ယူပို့ဆောင်စရိတ်အကြောင်း ရှာဖွေဖို့ iPad ကို ပွတ်သပ်စဉ်မှာ ဒီပုံ ထွက်လာတယ်လို့ အဲဒီ လွှတ်တော်အမတ်က ရှင်းပါတယ်။

 ဒီ iPad က သူ့အတွက် အသစ်အဆန်းဖြစ်နေတယ်၊ ဖက်ရှင်ပုံတွေရှိတဲ့ အင်တာနက်လိပ်စာတွေကို

ကလစ်မိရာကနေ ဖွယ်ဖွယ်ရာရာပုံများ ထွက်လာခြင်းပါ လို့ ဆိုပါတယ်။

အဲဒီပုံတွေက ဝတ်လစ်စလစ်ပုံတွေ မဟုတ်ဘူး၊ သို့သော်လည်း ရေကူးဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးပုံတွေ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။

သူက ဒီ မတော်တဆမှုအတွက် တောင်းပန်လိုက်ပါတယ်။
ဒီ iPad ကို ထပ်သုံးဖို့ လန့်သွားပါပြီ တဲ့။
ထိုင်းလွှတ်တော်က ကိုယ်စားလှယ်များအားလုံးကို iPad ကိုယ်စီ ပေးသုံးထားတယ်၊ သူကတော့ ဒီ iPad ကို ပြန်အပ်ပါမယ်လို့ ဆိုတယ်။

ဘန်ကောက်ပို့စ် သတင်းစာ သတင်းတပုဒ် http://www.bangkokpost.com/news/politics/365138/mp-caught-with-ipad-porn ကို ပြန်ပြောပြတာပါ။

မြန်မာပြည်မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို iPad ပေးဖို့ အစီအစဉ် ရှိအုံးမယ် မထင်ပါဘူး။

 အမျိုးသားတဦး နေပြည်တော်က လွှတ်တော်ထဲမှာ တရားရှာ/စိတ်ငြိမ်းချမ်းမှုရှာဖွေတယ်လို့ ယူဆရတဲ့ ဓာတ်ပုံတပုံကိုတော့ ဒီရက်ပိုင်းအတွင်း Facebook သုံးသူတွေ သတိပြုမိပါလိမ့်မယ်။



အမည်မသိ အမျိုးသားတဦး ပုတီးစိတ်နေတဲ့ပုံ ဖြစ်ပါတယ်။

လွှတ်တော်အစည်းအဝေး ရပ်နားချိန်အတွင်း ပုတီးစိတ်နေတာလို့ ယူဆရပါတယ်။
ဒီပုံနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် စိတ်ဝင်စားဖွယ်တခုခု သိရရင် ဒီဘလော့ http://blog.irrawaddy.org  မှာ ဖော်ပြပေးမှာဖြစ်ပါတယ်။  

ဧရာဝတီ


 


Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)