အငြင်းပွားစရာ အမေရိကန်မုန့်လက်ကောက် ကြော်ငြာ

အငြင်းပွားစရာ အမေရိကန်မုန့်လက်ကောက် ကြော်ငြာ

အမေရိကန်မုန့်လက်ကောက် Dunkin’ Donuts’ ရဲ့ ထိုင်းနိုင်ငံ ဌာနခွဲ မကြာသေးခင်က ထုတ်ပြန်တဲ့ ကြော်ငြာပိုစတာမှာ ... နှုတ်ခမ်းနီဆိုးထားတဲ့ အမျိုးသမီးတယောက် ... လက်ထဲမှာ မီးသွေးခဲရောင်မုန့်လက်ကောက် ကိုင်ထားတယ်။Charcoal Donut လို့ အမည်ပေးထားတဲ့ သူတို့ရဲ့ မုန့်အရောင်အတိုင်းပါပဲ ... အမျိုးသမီးရဲ့ အသားအရေကိုလည်း မိတ်ကပ် မီးသွေးခဲရောင်  လိမ်းထားတယ်။ 
ဒီပုံကြော်ငြာနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။သူတို့ဆီမှာတော့ ဒီကြော်ငြာဟာ အငြင်းပွားဖွယ်ရာဖြစ်နေပါတယ်။
အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch က ဒါဟာ  လူမျိုးရေးခွဲခြားတဲ့ကြော်ငြာလို့ ဆိုလိုက်ပါတယ်။
ချောကလက်ရောင်ဒိုးနတ်ကိုရောင်းဖို့အတွက် အမျိုးသမီးတယောက်ရဲ့ အသားအရောင်ကို အမည်းရောင်ခြယ်၊ နှုတ်ခမ်းကို ပန်းရောင်တောက်တောက်ခြယ်တာဟာ ပုံမှန်မဟုတ်ဘူး၊ လူမျိုးရေး
ခွဲခြားတာပဲ လို့ Human Rights Watch က ပြောပါတယ်၊ ဒီကြော်ငြာကို အမြန်ဆုံး ရုပ်သိမ်းဖို့၊ လူသိရှင်ကြား တောင်းပန်ဖို့၊ ဒီလိုမျိုး ထပ်မဖြစ်ဖို့ အာမခံဖို့လည်း တောင်းဆိုလိုက်ပါတယ်။
အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယ တာဝန်ခံ  Phil Robertson က အဲဒီလို တောင်းဆိုလိုက်တာပါ။
သိပ်မကြာခင်မှာပဲ Dunkin' Donuts ဌာနချုပ်ဆီက ... ဒီ မတော်တဆမှုအတွက် တောင်းပန်ပါကြောင်း ကြေညာပါတယ်။
ကနဦး သတင်းတွေမှာတော့ Dunkin' Donuts ရဲ့ ထိုင်းနိုင်ငံ လုပ်ငန်းခွဲ တာဝန်ခံ  Nadim Salhani ရဲ့ ပြောဆိုချက်ထဲမှာ တောင်းပန်သံ မပါပါ။
ငါတို့ ဒိုးနတ်မုန့်ကို ကြော်ငြာဖို့အတွက် အမည်းရောင် သုံးခွင့်မရတော့ဘူးလား။ နားမလည်နိုင်တော့ဘူး။ ဘာတွေ ဖြစ်ကုန်ပြီလဲ။ မုန့်က အဖြူရောင်ဆိုရင် လူကို ဆေးဖြူဆိုးပြီး ကြော်ငြာမယ်၊ အဲဒါဆိုရင်ရော လူမျိုးရေးခွဲခြားမှုပဲလား လို့ ဆိုပါတယ်။

အမေရိကန်မှာတော့ ဒီပုံဟာ လူမျိုးရေးခွဲခြားရာရောက်တယ်လို့ ထင်ချင် ထင်နိုင်တဲ့  ဒီကြော်ငြာက ထိုင်းနိုင်ငံအတွက်ပဲ ဖြစ်ပါတယ်။
ရေးထားတာကလည်း ထိုင်းဘာသာနဲ့ပါပဲ။

သို့သော်ငြားလည်း လူ့အခွင့်အရေး၊ လူမျိုးရေးခွဲခြားမှု ဆိုတဲ့ စကားလုံးများနဲ့ ဝေဖန်ခံရပါတယ်။
ထိုင်းရုပ်သံမှာ ပါတဲ့ ဒီကြော်ငြာကို မရုပ်သိမ်းဘူး ဆိုရင် သပိတ်မှောက်မှုတွေနဲ့ ရင်ဆိုင်ရဖွယ်၊ အမေရိကန်တဝန်းမှာ အရောင်းသွက်နေတဲ့ ဆိုင်ခွဲတွေရဲ့ ၀င်ငွေကို သွားရောက်ထိခိုက်ဖွယ် ရှိပါတယ်။ 
 -
(ဘန်ကောက် မိုးပျံရထားထဲမှာ ဒီကြော်ငြာကို တွေ့ခဲ့ရပါလိမ့်မယ်။ အခုတော့ ရှိတော့မယ်မထင်ပါ)
အရှေ့တိုင်းသားတွေကတော့ ဒီကြော်ငြာကို အထင်မမှားကြပါဘူးလို့ ယူဆရပါတယ်။
အနောက်တိုင်းသားတွေထဲမှာလည်း ဒီကြော်ငြာကို အပြစ်မမြင်သူတွေ အများအပြားပါပဲ။

ဒီသတင်းနဲ့ ပတ်သက်ပြီး ကမ္ဘာအရပ်ရပ်က စာဖတ်သူတွေရဲ့ အမြင် ဘယ်လို ရှိတယ် ဆိုတာ သိချင်ရင်တော့ အဲဒီသတင်းဖော်ပြတဲ့ ၀က်ဆိုက်တွေမှာ သွားဖတ်ကြည့်နိုင်ပါတယ်။
စာဖတ်သူတယောက်က ဆိုရင်Time မဂ္ဂဇင်း မှာ အခုလို မှတ်ချက်ပြုပါတယ် ...
အမေရိကန်တွေက သူတို့ကိုယ်သူတို့ ကမ္ဘာရဲ့ အလယ်တည့်တည့်မှာနေသူတွေလို့ အထင်ရောက်နေကြတယ်။ သူတို့ရေးရာတွေကိုမှ အရေးပါတယ် ထင်နေကြတယ် လို့ ဆိုသူလည်း ရှိပါတယ်။

အမေရိကန်တွေ နယ်ကျော်သွားပြီလို့ ဆိုသူက ဆိုပါတယ်။ 
ဆက်စပ် ~
 KFCတရားစွဲခံရတော့မည်လော
ကြော်ငြာကို ကန့်ကွက်သူတချို့လည်း မှတ်ချက်ပြုပါတယ်။
ဒီကြော်ငြာ ဖန်တီးတဲ့သူတွေကို အလုပ်ဖြုတ်သင့်တယ်၊ ဘာကြောင့်လဲ ဆိုတော့ ဈေးကွက်ကို တကယ်သိတဲ့သူဟာ ဘယ်သူ့ကိုမှ စော်ကားခြင်း မရှိဘဲ သပ်ယပ်ပြီး ဖန်တီးမှုအားကောင်းတဲ့ ကြော်ငြာကို တီထွင်တတ်လို့ပါပဲ။

ကြော်ငြာကို ကန့်ကွက်တဲ့ စာဖတ်သူကို နည်းနည်းပဲ တွေ့ရပါတယ်။
ကြော်ငြာက အပြစ်ကင်းတယ်လို့ ယူဆသူက အများအပြား ရှိနေပါတယ်။

လူမျိုးရေးခွဲခြားတယ်ဆိုပြီး မှားယွင်း စွပ်စွဲမိတဲ့အတွက် ဒိုးနတ်ဆိုင်ကိုပဲ လူသိရှင်ကြား ပြန်တောင်းပန်ပါလို့  Human Rights Watchအဖွဲ့ကို စာဖတ်သူတယောက်က ပြောပါတယ်။
အသားမည်းတဲ့သူရဲ့ပုံကို ကြော်ငြာမှာသုံးတဲ့ဘယ်ကုမဏီကိုမှ လူမျိုးရေးခွဲခြားမှုတံဆိပ် မကပ်တော့ပါဘူး ဆိုပြီး အာမခံပါ လို့ စာဖတ်သူတယောက်က ဆိုပါတယ်။၂၁ ရာစုမှာ အသားအရောင် ဘယ်လိုပဲ ရှိနေပါစေ လှပြီးသားပဲ။ ဘယ်သူကမှ ဘယ်သူ့ထက် ပိုမြင့်မြတ်တယ် ဆိုတာ မရှိဘူး။
တယောက်နဲ့တယောက် တန်းတူပဲ ဆက်ဆံသင့်တယ်။ အဓိပ္ပာယ် မရှိတာတွေ ရပ်ထားလိုက်တော့။
အမေရိကန်မှာလည်း   KFC ကြက်ကြော် ကို လူမည်းမိသားစုနဲ့ ရုပ်သံကြော်ငြာ ရိုက်တာပဲ။ အဲဒီကြော်ငြာကိုရော လူမျိုးရေးခွဲခြားတယ်လို့ မပြောတော့ဘူးလား
လို့ တယောက်က မှတ်ချက်ချပါတယ်။

သူ့မှတ်ချက်ကို တယောက်က အခုလို ပြန်တုန့်ပြန်ပါတယ် ...
အသားအရောင် ဘယ်လိုပဲ ရှိနေပါစေ လှပြီးသားပဲ ဆိုရင် လူတယောက်ကို အမည်းရောင် မဆိုးသင့်ဘူး။
အသားအရောင် မည်းတဲ့သူကိုပဲ ဒီကြော်ငြာမှာ သုံးသင့်ပါတယ်။

ကဲ ... သူတို့ အငြင်းပွားတာတွေ ထိုင်ပြီး ပြောနေလို့ကတော့ မဆုံးတော့ဘူး။
ထိုင်းမှာ ရှိနေမယ် ဆိုရင်တော့ Dunkin’ Donuts’ ဆိုင်တဆိုင်ကို လမ်းမကြုံ ကြုံအောင် သွားပြီးတော့ အချိုကဲမယ့် ချောကလက်ရောင်မုန့်လက်ကောက်တခုလောက် ၀ယ်စားလိုက်ရရင်တော့ ဖတ်ထားသမျှ အငြင်းပွားစရာတွေကို ခဏ မေ့ပစ်နိုင်မှာ သေချာပါတယ်။
 
ဧရာဝတီ
 

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)