သူနဲ့သူမပာာ ကပွဲခန်းမတစ်ခုမှာဆုံတွေ့ခဲ့ကြတယ်
သူနဲ့သူမပာာ ကပွဲခန်းမတစ်ခုမှာဆုံတွေ့ခဲ့ ကြတယ် … ကောင်လေးက ကောင်မလေးကိုအရမ်းစိတ်ဝင်စားမိတယ် .. သူမပာာ ရိုးရှင်းတဲ့အလှနဲ့ အရမ်းလှတဲ့ မိန်းကလေးတစ်ယောက်ပဲသူ့မျက် လုံးထဲမှာတော့
… သူက သူမကိုအရမ်းချစ်မိတယ် … နောက်ဆုံးတော့ ကပွဲပြီးတဲ့အခါ သူမကို
သူနဲ့အတူတူကော်ဖီသောက်ဖို့ သူဖိတ်ခေါ်မိတယ် … ကောင်မလေးက ပထမတော့
ကြောင်သွားပေမယ့် နောက်ဆုံးတော့ သူ့တောင်းဆိုချက်ကိုလိုက်လျောခဲ့တယ် … သူတို့ နှစ်ယောက်ကော်ဖီဆိုင်တစ်ခုကိုအတူတူသွားကြတယ် … ကော်ဖီမှာသောက်ကြတယ် … ဒါပေမယ့် သူတို့နှစ်ယောက်လုံးပြောစရာ စကားက စပြီးရှာလို့မရဘူးဖြစ်နေတယ်
… ကောင်မလေးကလည်း ဘာပြောရမှန်းမသိ ကောင်လေးကလည်း အရမ်းစိတ်လှုပ်ရှားနေတော့
ဘာပြောရမှန်းမသိနဲ့ပေါ့ … ကောင်မလေးကတော့ စိတ်ထဲမှာဒီလိုထိုင်နေမယ့်အ စား အိမ်ပြန်တာကမှပိုကောင်းသေးတ ယ်လို့စိတ်ထဲမှာစဉ်းစားနေမိ တယ် … အဲ့ချိန်မှာရုတ်တရက် စားပွဲထိုးက ကောင်လေးနားရောက်လာတော့ ကောင်လေးက စားပွဲထိုးကို
ကျနော့်ကိုဆားနဲနဲလောက်ပေးပါ
ကော်ဖီထဲကိုထည့်ချင်လို့ လို့ ပြောလိုက်တယ် … ကောင်မလေးရော စာပွဲထိုးရော
ဆိုင်ကလူတွေရော အတော်အံသြသွားကြတယ် … ကော်ဖီထဲကိုဆားထည့်သောက်မယ် ဆိုတော့ … ကောင်လေးလည်းအရမ်းရှက်သွားတ ယ်
… ဒါပေမယ့် သူကော်ဖီထဲကို ဆားတွေထည့်သောက်လိုက်တယ် … ကောင်မလေးကမေးတယ် ..
ဘာလို့ အဲ့လိုသောက်ရတာလည်းလို့ … ကောင်လေးကပြန်ဖြေတယ် … သူငယ်ငယ်တုန်းက
ပင်လယ်ကမ်းစပ်နားမှာနေတယ် … ပင်လယ်ကမ်းစပ်နားမှာကစားတယ် … ပင်လယ်ရေနဲ့ရင်းနှီးပြီး ပင်လယ်ရဲ့အရသာ ငံတဲ့အရသာမျိုးကို သူနှစ်ခြိုက်မိတယ် … အဲဒါကြောင့် ကော်ဖီငံတာလေးကိုသောက်မိရင် သူ့ငယ်ဘ၀ကိုပြန်သတိရမိတယ် … သူနေခဲ့ဖူးတဲ့နေရာ … သူနေခဲ့ဖူးတဲ့အိမ် …သူမိဘတွေ သူအရမ်းသတိရမိတယ်လို့ကောင်ေ လးက မျက်ရည်ဝဲပြီးပြန်ပြောတယ် … ကောင်မလေးလည်းနားထောင်ပြီးတ စ်ကယ်ခံစားသွားရတယ် … သူ့စိတ်ထဲမှာအိမ်လွမ်းနေတဲ့ ကောင်လေးကို အရမ်းသနားမိသွားတယ် … ဒီလိုနဲ့ သူတို့စကားပြောစရာရှိသွားတယ် … ကောင်မလေးကလည်း သူ့မိဘအကြောင်း သူ့အိမ်အကြောင်း စတဲ့အကြောင်းတွေကိုပြောရင်း နဲ့ သူတို့မိတ်ဆွေတွေဖြစ်သွားကြ တယ် … နောက်ဆုံးတော့ ပုံပြင်တွေထဲကအတိုင်းပဲကောင်လေးနဲ့ကောင်မလေးနဲ့ လက်ထပ်ပြီး ပျော်ရွင်စွာနေသွားကြတယ် ….ကောင်လေးကြိုက်တတ်တဲ့ ဆားငံနေတဲ့ကော်ဖီကို နေ့တိုင်းကောင်လေးအတွက်ကောင်မလေးကဖျော်ပေးရင်းနဲ့ပေါ့ … အနှစ်လေးဆယ်လောက်ကြာတဲ့တစ်ေ န့ ကောင်လေးသေဆုံးသွားခဲ့တယ် … ကောင်မလေးအတွက် ကောင်လေးက မသေခင်စာတစ်စောင်ချန်ထားပေး သွားခဲ့တယ် … စာထဲမှာရေးထားတာက …. ကောင်မလေးရေ … တစ်ကယ်တော့ ငါ့ဘ၀မှာမင်းကိုလိမ်ထားတာတစ်ခုရှိတယ် … တစ်ကယ်တော့ မင်းနဲ့ငါနဲ့ ချိန်းတွေ့တဲ့ပထမဆုံးနေ့မှာ
တစ်ကယ်တော့ စားပွဲထိုးကို ငါကသကြားတောင်းချင်တာပါ .. ဒါပေမယ့်
စိတ်လှုပ်ရှားပြီး ငါ့ပါးစပ်က ဆားလို့ထွက်သွားခဲ့တယ် .. ဒါပေမယ့်
အရှက်ပြေငါဆားတွေကို ကော်ဖီထဲကိုထည့်သောက်ခဲ့တယ် … ပြီးတော့ စကားအစရှာလို့မရတဲ့ ငါတို့နှစ်ယောက်ကြားမှာစကား ပြောစရာလေးတွေ ငါဖန်တီးနိုင်ခဲ့တယ် … တစ်ကယ်တော့ ငါပာာဆားခတ်ထားတဲ့ ငံနေတဲ့ကော်ဖီကိုလုံးဝမကြို က်ပါဘူး … အရသာကလည်း လုံးဝသောက်ချင်စရာမရှိဘူး … ဒါပေမယ့် ငါနင်နဲ့သိတဲ့အချိန်ကစပြီး ဆားငံနေတဲ့ကော်ဖီကိုပဲသောက် ခဲ့တယ် … အဲဒီအတွကလည်းငါနောင်တမရဘူးဘ ယ်တော့မှ …. နင်နဲ့အတူရှိခွင့်ရတာပာာ ငါ့ဘ၀အတွက်အကြီးဆုံးပျော်ရွ င်မှုပဲ … အကယ်၍နောက်ဘ၀ဆိုတာသာရှိမယ်ဆိုရင် နင်ပာာငါ့ရဲ့ဇနီးမယားအဖြစ်နဲ့ရှိနေပြီး ငါဘ၀တစ်လျှောက်လုံး ဆားငံနေတဲ့ကော်ဖီကိုနောက်တစ်ကြိမ်ထပ်သောက်နေချင်သေးတယ် ….
စာကိုဖတ်ပြီးနောက် ကောင်မလေးမျက်ရည်တွေကျနေမိတ ယ် … အကယ်၍တစ်စုံတစ်ယောက်က ကောင်မလေးကို ဆားခတ်ထားတဲ့ကော်ဖီက ဘယ်လိုအရသာရှိမလည်းလို့မေးရ င် … သူပြန်ဖြေမိမှာပဲ … အရမ်းချိုမြိန်ပါတယ်လို့ပေါ့  ….
O M G ( Feelings Bin )
ကျနော့်ကိုဆားနဲနဲလောက်ပေးပ
စာကိုဖတ်ပြီးနောက် ကောင်မလေးမျက်ရည်တွေကျနေမိတ
O M G ( Feelings Bin )
Comments
Post a Comment