ရင်ခွင်တစ်ယောက်တစ်ခြမ်း
ကမ်းစပ်ကို လှိုင်းလေးတွေ လာလာပုတ်နေတာကို ငေးကြည့်ရင်း..
ကျွန်တော်လေ တစ်စုံတစ်ယောက်ကို စောင့်နေတယ်..
ကျွန်တော် စောင့်နေတဲ့သူက ဘယ်သူမှန်းလဲ သေချာမသိပေမယ့်
သိနေတဲ့ ခံစားချက်ကတော့ ... တစ်ဒိတ်ဒိတ်နဲ့ ခုန်နေတဲ့ ရင်ခွင်ထဲက အသံတစ်စုံပါပဲ..
ဟိုးးးးးးးးးးး အဝေးကြီးက ခြေသံလေးတစ်ခု ..တဖြည်းဖြည်းနဲ့ နီးလာသလို
စိတ်ရဲ့အလျဉ်မှာ သူလာနေပြီဆိုတဲ့ အသိနဲ့ ကျွန်တော် တုန်ရီ လှိုက်မောစွာ ..
ခေါင်းလေးကို အသာငဲ့ သူလာရာလမ်းဆီ တိတ်တိတ်လေး ခိုးမျှော်ကြည့်မိတယ်..
ပထမဆုံး မြင်လိုက်ရတာက ..အနီရဲရဲ ဖိနပ်တစ်စုံ ..
တာရာမင်းဝေ ရေးသလို...အစိမ်းရောင် ကြက်ခြေခတ်လေးတော့ ခတ်မထားပါဘူး
ဒါပေမယ့် ... ရိုးရိုးလေးနဲ့ အရမ်းကို လှတဲ့ ခြေတစ်စုံမှာ အနီရောင် အကွပ်လေးနဲ့
ဒေါက်မြင့် ဖိနပ်လေးတစ်စုံက ... ကျွန်တော့်ရင်ကိုခုန်စေတယ် …
အနားမှာ တိတ်တဆိတ်လာထိုင်ပြီး ...မောင်လို့ ခေါ်လိုက်တဲ့ အခိုက်မှာ..
ကျွန်တော် ကမ္ဘာတစ်ခြမ်း နေမထွက်ပဲ လင်းလက်သွားခဲ့တယ်..
ဘယ်ကနေ ဘယ်လိုနှုတ်ဖျားက ထွက်ကျသွားသလဲ မသိပေမယ့်
''ခက်'' ဆိုတဲ့ အသံလေးတစ်ခု ကျွန်တော်နှုတ်ခမ်းက ထွက်သွားတယ်ဆိုတာတော့
သေချာတယ်.... အဲဒီ အသံလေးမှာပဲ ... ကျွန်တော်ခံစား သိရှိလိုက်တာက
သူမက ကျွန်တော် အရမ်းချစ်ရတဲ့ ချစ်သူဆိုတာပဲ...
ပြောမပြတတ်တဲ့ ခံစားချက်တွေ ရောထွေးပြီး ... ကျွန်တော် စောင့်ထိန်း မရအောင်
ရင်တွေခုန်နေခဲ့တယ်...ကိုယ် အရမ်းချစ်ရတဲ့ ချစ်သူရဲ့ မျက်နှာလေးကို မော့အကြည့်မှာပဲ..
ကျွန်တော် အိပ်မက်က လန့်နိုးလာခဲ့တယ်..
သူမက ဘယ်သူလဲ ... ကျွန်တော့်ကို အဆုံးစွန်ထိ ရင်ခုန်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို ခံစားစေခဲ့တဲ့
အိပ်မက်နတ်သမီးလေးက ဘယ်သူများပါလိမ့်..
ကျွန်တော် မှတ်မိလိုက်တာက ...
ဒေါက်ဖိနပ် အနီရောင်လေး...ပြီးတော့ သူ့ နာမည် ''ခက်''
တစ်ဂျောက်ဂျောက်နဲ့ ရိုက်နေတဲ့ ကီးဘုတ်ပေါ်က လက်ကွက်တွေရဲ့ ရွှေ့လျားမှုက
စာလုံး တစ်ခုတည်းပေါ်မှာပဲ ဖြစ်နေခဲ့တယ်.. ဟုတ်ပါတယ်
ကျွန်တော် “ခက်” ဆိုတဲ့ အိပ်မက်ထဲက ချစ်သူကို တွေ့လို တွေ့ငြား
ဖေ့ဘုတ်မှာ ရှာနေမိတယ် ဆိုပါတော့..
“ခက်” ဆိုတဲ့ နာမည်နဲ့ ... ထွက်ကျလာတဲ့ .. wall တွေမှာ လိုက်ကြည့်ရင်း
ကျွန်တော် ပိုစ့်လေးတစ်ခုကို သွားတွေ့တယ်..
''တစ်နေ့တော့ ကမ်းခြေမှာ ဆုံကြမယ် ...မောင်''
ဟင် .......... အဆုံးမစမရှိတဲ့ စာတစ်ကြောင်းရဲ့ အဓိပ္ပါယ်တစ်ခုမှာ မျောလွင့်ရင်း
ပိုစ့်ပိုင်ရှင်ကို ကျွန်တော် add ခဲ့တယ်...
သူမက ကျွန်တော့်လိုပဲ ကမ်းခြေမှာ ဆုံကြမယ့် ချစ်သူကို စောင့်နေတဲ့ ကောင်မလေးများလား?
ဟင့်အင်း ............. ကျွန်တော်ထင်တာနဲ့ တခြားစီပါ ….
ယောကျာ်းတစ်ယောက်ရဲ့ ရပ်တည်မှုနဲ့ ရိုးသားတည်ကြည်မှု ဦးဆောင်နိုင်စွမ်းတို့ကို
ပျက်ရယ်ပြုထားတဲ့ စာတွေ ရေးသားထားတဲ့ သူမရဲ့ ဝေါလ်ကိုကြည့်ပြီး
ကျွန်တော် တော်တော်လေး စိတ်ပျက်ခဲ့မိတယ်..
ယောကျာ်း..မိန်းမ အားလုံး လူဆိုတဲ့ အမည်နာမ ပညတ် အောက်မှာ ရပ်တည်နေကြပြီး
လူပီသစွာ မှားယွင်းနေခဲ့ကြတာပဲလေ...
ဘာကြောင့်များ ...ယောကျာ်းဆိုတာကို သီးသန့်ခွဲပြီး .. သူမ ဘာကြောင့်
ဒီလိုတွေ ရေးနေရပါလိမ့်...
သူမရဲ့ မြောက်မြားစွာသော ... မိန်းမ၀ါဒီ ဒဿနတွေ ကြားထဲမှာ ..
''တစ်နေ့တော့ ကမ်းခြေမှာ ဆုံကြမယ်..မောင်'' ဆိုတဲ့ ပိုစ့်လေး အကြောင်း မေးဖို့
ကျွန်တော် သတိမေ့သွားခဲ့တယ်..
ကျွန်တော် အိပ်မက်လေးကို အမြဲသတိရတယ်... ခက် ကို အမြဲ သတိရတယ်
ရင်ဘတ်ရဲ့ ဒေါင့်တစ်နေရာမှာ ခက်ဆိုတဲ့ ကောင်မလေးကို သိမ်းထားရင်းနဲ့ပဲ
ကျွန်တော်က လူပီသစွာ..ဒါမှမဟုတ် ယောကျာ်းဆန်စွာနဲ့ပဲ ..
မိန်းမအရမ်းဆန်လွန်းတဲ့ သူမရဲ့ စာတွေကို ဆန့်ကျင်ရေးသားခဲ့တယ် ဆိုပါတော့…
ထူးဆန်းပါတယ်... ပုံမှန် အနေအထားတစ်ခုမှာ စိတ်ဆတ်တတ်တဲ့ သူမက
ကျွန်တော့်ကိုတော့ မောင်လေးလို ဆက်ဆံခဲ့ပြီး ခင်မင်ရင်းနှီးလာခဲ့တယ်
အားလုံးဟာ ..အချိန်ရဲ့ ရွှေ့လျားမှုအောက်မှာ ... သက်ဝင်လှုပ်ရှားရင်း
နေ့မှလကူး ..လမှ နှစ်ကူး ....
ကျွန်တော်လဲ သက်ထားဆိုတဲ့ ချစ်သူလေး ရလာခဲ့တယ်..
သူမရဲ့ ပိုစ့်တွေမှာလဲ .. မောင်ဆိုတဲ့ ဝေါဟာရလေးတစ်ခု ပေါ်လာခဲ့တယ်..
ကျွန်တော် မမေ့ပါဘူး...အိပ်မက်ထဲက ခက် ကို..
တုန်ရီလှိုက်မောမှုမှာ ... ချစ်ခြင်းတွေကို တွတ်ချက်ကြည့်ရင်..
ခက်နဲ့ ကျွန်တော့်ရဲ့ ချစ်ခြင်းက ဆယ်ကမ္ဘာမက တည်ဆောက်ခဲ့ရမယ် ထင်ပါရဲ့ ….
ဒါမှမဟုတ်..ဆောင်းတွင်းအိပ် မက် ဂယောက်ဂယက်နဲ့များ
ဘဝဇာတ်ဆရာက ကျွန်တော့်အိပ်မက်ထဲ “ခက်”ကို ထည့်သွားခဲ့တာလား..
တစ်ကယ်တမ်း လက်တွေ့ကျတော့ ...
ကျွန်တော်က အရမ်းချစ်စရာကောင်းပြီး အရာရာ သည်းခံ လိုက်လျော ချစ်ပြခဲ့တဲ့
“သက်ထား”ဆိုတဲ့ ချစ်ရသူနဲ့ ဘ၀လက်တွဲခဲ့ပါပြီင်္ ….
အရာရာဟာ ..ပြန်တွေးရင် မနေ့က အတိုင်းပေမယ့်
ခုရောက်နေတဲ့ ယနေ့က အတွေးရဲ့ မနက်ဖြန် မဟုတ်တော့တဲ့အတွက်
ကျွန်တော် ''ခက်'' ကို အရင်ကလို နေ့တိုင်း သတိမရ ဖြစ်တော့ဘူးလေ....
သတိရခြင်း မရခြင်းက ... ပတ်ဝန်းကျင်နဲ့ သက်ဆိုင်ပါသလား ………
ကျွန်တော် ထိုင်နေတဲ့ ထိုင်ခုံလေးရဲ့ ရှေ့မှာ ... သောင်ပြင် ကမ်းစပ်ကို
လာလာထိခတ်နေတဲ့ ရေလှိုင်းလေးတွေ ရှိတယ်...
ပြီးတော့ ကျွန်တော် ... ဟင့်အင်း ကျွန်တော်နဲ့ သက်ထား တစ်စုံတစ်ယောက်ကို စောင့်နေတယ်
ကျွန်တော် မျက်လုံးမှတ်ပြီး နားထောင်ကြည့်တယ်…
ဒီလှိုင်းပုတ်သံက ကျွန်တော် ကြားဖူးနေသလိုပါပဲလား....
ပြီးတော့ ငါ ... ဘာကြောင့် ရင်တွေ တုန်နေတာလဲ
ဒီခံစားချက်....
ဒီ အသံ
ဒီ လေညင်းနဲ့
ဒီ အခြေအနေ
''ခက်''
ကျွန်တော့်နှလုံးသွေးတွေ တစ်ကယ်ပါ..ဖျတ်ခနဲ ရပ်သွားတယ်... ဟုတ်တယ်
ကျွန်တော် အိပ်မက်ထဲကလို ခက်ကို စောင့်နေမိပြီ …
ဟိုးးးးးးးးးးး အဝေးကြီးက ခြေသံလေးတစ်ခု ..တဖြည်းဖြည်းနဲ့ နီးလာသလို
စိတ်ရဲ့ အလျဉ်မှာ သူလာနေပြီဆိုတဲ့ အသိနဲ့ ကျွန်တော် တုန်ရီ လှိုက်မောစွာ ..
ဟာကွာ...တစ်ကယ်ကြီးလား ..
ငါ့ရင်ခုန်သံ ငါ့စိတ်အလျဉ် .... အိပ်မက်ထဲကလိုပါပဲလား ..
မျက်လုံးတွေကို မ၀ံမရဲ ခြေသံလာရာ လမ်း ... ကျွန်တော် တိတ်တခိုး လှမ်းကြည့်လိုက်တယ်
ဖိနပ်အနီရောင်လေး ..
ကမ္ဘာပျက်သွားတာလား...ဘာလို့ အသံတွေ တိတ်ဆိတ်သွားရတာလဲ..
ဘယ်မှာလဲ ရေလှိုင်း ပုတ်သံ ...ဘယ်မှာလဲ သောင်ပြင် ..ဘယ်မှာလဲ .. လေညှင်းတိုးသံ
ဘယ်မှာလဲ ...... ဘယ်မှာလဲ
အမှောင်ထဲမှာ ၀ိုးတ၀ါး ရှာနေသူတစ်ယောက်လို
မျက်စိရှေ့က သဲမှုန်တစ်ချို့က ဝေးလိုက်နီးလိုက်...သေးလိုက်ကြီးလိုက်
ကျွန်တော် ခဏတာ စိတ္တဇ ဆန်သွားခဲ့ပြီ ….
ဒါပေမယ့်
ကျွန်တော် သိနေတယ်... သူမ လာနေပြီ... သိပ်ချစ်ရတဲ့ '' ခက် '' လာနေပြီ
''မောင်''
စူးခနဲပဲ ... လင်းကနဲ လက်ကနဲ ..
ဖြိုးခနဲ ဖြုတ်ခနဲ .... မောင် တဲ့ ..
မတူပါနဲ့လား ခက်ရယ်.... မဟုတ်ပါနဲ့လား ခက်ရယ်..
ခေါ်နေတာ မဟုတ်မှန်းသိသိနဲ့ ကျွန်တော် အလိုလို ခေါင်းမော့မိလိုက်ပါတယ် …
''မောင် ဒါ ကျွန်မရဲ့ ဖေ့ဘုတ်က အခင်ရဆုံး မောင်လေး ..ကြယ် လေ..''
ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ် ..ကျွန်တော် ကြယ်စင်သွေးပါ..
မဆိုးပြောပြောနေတဲ့ “မောင်”ဆိုတာ အကို ကိုးဗျ.... ငါ့အကို ခန့်ချောကြီးပဲ
ဒါကြောင့် ယောကျာ်းတွေကို ကြည့်မရတဲ့ မဆိုး ကြွေသွားတာနေမှာ ...ဟက်ဟက်
ဟာ ..ငါ့ရင်ထဲမှာ စကားလုံးတွေ ပြည့်နေပါလား..ဘာကြောင့်
အပြင်ကို အန်ထွက်မလာပါလိမ့်... ကမ်းလင့်လာတဲ့ လက်တစ်စုံကို
ဆုပ်ကိုင် နှုတ်ဆက်ရင်း ... ခေါင်းလေး အသာညိတ် ..
အဲဒီ ညိတ်လိုက်တဲ့ ခေါင်းမှာ ဘ၀တစ်ခုလုံး ကျိုးကျသွားခဲ့တယ်…
''အော်...ခက် ပြောပြောနေတဲ့ ကြယ် ဆိုတာ ဒီညီလေးလား ..တွေ့ရတာ ၀မ်းသာပါတယ်ကွာ''
မထူးဆန်းတော့ပါဘူးလေ...
ကျွန်တော် ခံစားသိရှိခဲ့ပြီးပြီပဲ ...သူမက ကျွန်တော် သိပ်ချစ်ခဲ့ရတဲ့ အိပ်မက်နတ်သမီးလေး
“ခက်” ဆိုတာ ...
မ၀ံ့မရဲနဲ့ ကျွန်တော်လေ ခုမှ လူချင်းစတွေ့ရတဲ့ “မဆိုး”ကို ...ဒါမှမဟုတ် “ခက်” ကို ကြည့်မိတယ်…
သူမ မျက်ဝန်းထဲမှာ အိပ်မက်တစ်ခုကို မြင်လိုက်ရတယ်
မျက်ရည်စလေး တစ်ခုကို တွေ့လိုက်ရတယ်
သိပ်နောက်ကျသွားခဲ့ပြီ ခက်ရေ ..
ဘယ်သူ့ကို အပြစ်ဖို့ကြမလဲ ...ကံကြမ္မာကိုလား ..
ငါတို့ ကိုင်စွဲခဲ့ကြတဲ့ ယောကျာ်းဝါဒီ … မိန်းမ၀ါဒီ တရားတွေကိုလား..
“ကမ်းခြေမှာ ဆုံကြမယ်နော် မောင်” ဆိုတဲ့ ပိုစ့်လေးကို ဘာကြောင့်ရေးတာလဲ
မမေးမိခဲ့တဲ့ .. မောင့်ကိုလား..
ထားပါတော့လေ ....ခုတော့
ကိုယ်စီ အိမ်ထောင်တွေနဲ့ ...ရင်ခွင်တွေမှာ ပိုင်ရှင်ရှိခဲ့ပြီ ..
ဒါပေမယ့်
မောင့်ရင်ခွင် တစ်ခြမ်းမှာ ခက်ရှိတယ်..
ခက်ရင်ခွင် တစ်ခြမ်းမှာ မောင်ရှိနေတယ်
တစ်ကယ်တော့ မောင်တို့က
ရင်ခွင် တစ်ယောက်တစ်ခြမ်းပဲ ပိုင်ခွင့်ရခဲ့တဲ့ အိပ်မက် ချစ်သူတွေပါလား ခက်ရယ်
ဆရာကြယ်
ကျွန်တော်လေ တစ်စုံတစ်ယောက်ကို စောင့်နေတယ်..
ကျွန်တော် စောင့်နေတဲ့သူက ဘယ်သူမှန်းလဲ သေချာမသိပေမယ့်
သိနေတဲ့ ခံစားချက်ကတော့ ... တစ်ဒိတ်ဒိတ်နဲ့ ခုန်နေတဲ့ ရင်ခွင်ထဲက အသံတစ်စုံပါပဲ..
ဟိုးးးးးးးးးးး အဝေးကြီးက ခြေသံလေးတစ်ခု ..တဖြည်းဖြည်းနဲ့ နီးလာသလို
စိတ်ရဲ့အလျဉ်မှာ သူလာနေပြီဆိုတဲ့ အသိနဲ့ ကျွန်တော် တုန်ရီ လှိုက်မောစွာ ..
ခေါင်းလေးကို အသာငဲ့ သူလာရာလမ်းဆီ တိတ်တိတ်လေး ခိုးမျှော်ကြည့်မိတယ်..
ပထမဆုံး မြင်လိုက်ရတာက ..အနီရဲရဲ ဖိနပ်တစ်စုံ ..
တာရာမင်းဝေ ရေးသလို...အစိမ်းရောင် ကြက်ခြေခတ်လေးတော့ ခတ်မထားပါဘူး
ဒါပေမယ့် ... ရိုးရိုးလေးနဲ့ အရမ်းကို လှတဲ့ ခြေတစ်စုံမှာ အနီရောင် အကွပ်လေးနဲ့
ဒေါက်မြင့် ဖိနပ်လေးတစ်စုံက ... ကျွန်တော့်ရင်ကိုခုန်စေတယ် …
အနားမှာ တိတ်တဆိတ်လာထိုင်ပြီး ...မောင်လို့ ခေါ်လိုက်တဲ့ အခိုက်မှာ..
ကျွန်တော် ကမ္ဘာတစ်ခြမ်း နေမထွက်ပဲ လင်းလက်သွားခဲ့တယ်..
ဘယ်ကနေ ဘယ်လိုနှုတ်ဖျားက ထွက်ကျသွားသလဲ မသိပေမယ့်
''ခက်'' ဆိုတဲ့ အသံလေးတစ်ခု ကျွန်တော်နှုတ်ခမ်းက ထွက်သွားတယ်ဆိုတာတော့
သေချာတယ်.... အဲဒီ အသံလေးမှာပဲ ... ကျွန်တော်ခံစား သိရှိလိုက်တာက
သူမက ကျွန်တော် အရမ်းချစ်ရတဲ့ ချစ်သူဆိုတာပဲ...
ပြောမပြတတ်တဲ့ ခံစားချက်တွေ ရောထွေးပြီး ... ကျွန်တော် စောင့်ထိန်း မရအောင်
ရင်တွေခုန်နေခဲ့တယ်...ကိုယ်
ကျွန်တော် အိပ်မက်က လန့်နိုးလာခဲ့တယ်..
သူမက ဘယ်သူလဲ ... ကျွန်တော့်ကို အဆုံးစွန်ထိ ရင်ခုန်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို ခံစားစေခဲ့တဲ့
အိပ်မက်နတ်သမီးလေးက ဘယ်သူများပါလိမ့်..
ကျွန်တော် မှတ်မိလိုက်တာက ...
ဒေါက်ဖိနပ် အနီရောင်လေး...ပြီးတော့ သူ့ နာမည် ''ခက်''
တစ်ဂျောက်ဂျောက်နဲ့ ရိုက်နေတဲ့ ကီးဘုတ်ပေါ်က လက်ကွက်တွေရဲ့ ရွှေ့လျားမှုက
စာလုံး တစ်ခုတည်းပေါ်မှာပဲ ဖြစ်နေခဲ့တယ်.. ဟုတ်ပါတယ်
ကျွန်တော် “ခက်” ဆိုတဲ့ အိပ်မက်ထဲက ချစ်သူကို တွေ့လို တွေ့ငြား
ဖေ့ဘုတ်မှာ ရှာနေမိတယ် ဆိုပါတော့..
“ခက်” ဆိုတဲ့ နာမည်နဲ့ ... ထွက်ကျလာတဲ့ .. wall တွေမှာ လိုက်ကြည့်ရင်း
ကျွန်တော် ပိုစ့်လေးတစ်ခုကို သွားတွေ့တယ်..
''တစ်နေ့တော့ ကမ်းခြေမှာ ဆုံကြမယ် ...မောင်''
ဟင် .......... အဆုံးမစမရှိတဲ့ စာတစ်ကြောင်းရဲ့ အဓိပ္ပါယ်တစ်ခုမှာ မျောလွင့်ရင်း
ပိုစ့်ပိုင်ရှင်ကို ကျွန်တော် add ခဲ့တယ်...
သူမက ကျွန်တော့်လိုပဲ ကမ်းခြေမှာ ဆုံကြမယ့် ချစ်သူကို စောင့်နေတဲ့ ကောင်မလေးများလား?
ဟင့်အင်း ............. ကျွန်တော်ထင်တာနဲ့ တခြားစီပါ ….
ယောကျာ်းတစ်ယောက်ရဲ့ ရပ်တည်မှုနဲ့ ရိုးသားတည်ကြည်မှု ဦးဆောင်နိုင်စွမ်းတို့ကို
ပျက်ရယ်ပြုထားတဲ့ စာတွေ ရေးသားထားတဲ့ သူမရဲ့ ဝေါလ်ကိုကြည့်ပြီး
ကျွန်တော် တော်တော်လေး စိတ်ပျက်ခဲ့မိတယ်..
ယောကျာ်း..မိန်းမ အားလုံး လူဆိုတဲ့ အမည်နာမ ပညတ် အောက်မှာ ရပ်တည်နေကြပြီး
လူပီသစွာ မှားယွင်းနေခဲ့ကြတာပဲလေ...
ဘာကြောင့်များ ...ယောကျာ်းဆိုတာကို သီးသန့်ခွဲပြီး .. သူမ ဘာကြောင့်
ဒီလိုတွေ ရေးနေရပါလိမ့်...
သူမရဲ့ မြောက်မြားစွာသော ... မိန်းမ၀ါဒီ ဒဿနတွေ ကြားထဲမှာ ..
''တစ်နေ့တော့ ကမ်းခြေမှာ ဆုံကြမယ်..မောင်'' ဆိုတဲ့ ပိုစ့်လေး အကြောင်း မေးဖို့
ကျွန်တော် သတိမေ့သွားခဲ့တယ်..
ကျွန်တော် အိပ်မက်လေးကို အမြဲသတိရတယ်... ခက် ကို အမြဲ သတိရတယ်
ရင်ဘတ်ရဲ့ ဒေါင့်တစ်နေရာမှာ ခက်ဆိုတဲ့ ကောင်မလေးကို သိမ်းထားရင်းနဲ့ပဲ
ကျွန်တော်က လူပီသစွာ..ဒါမှမဟုတ် ယောကျာ်းဆန်စွာနဲ့ပဲ ..
မိန်းမအရမ်းဆန်လွန်းတဲ့ သူမရဲ့ စာတွေကို ဆန့်ကျင်ရေးသားခဲ့တယ် ဆိုပါတော့…
ထူးဆန်းပါတယ်... ပုံမှန် အနေအထားတစ်ခုမှာ စိတ်ဆတ်တတ်တဲ့ သူမက
ကျွန်တော့်ကိုတော့ မောင်လေးလို ဆက်ဆံခဲ့ပြီး ခင်မင်ရင်းနှီးလာခဲ့တယ်
အားလုံးဟာ ..အချိန်ရဲ့ ရွှေ့လျားမှုအောက်မှာ ... သက်ဝင်လှုပ်ရှားရင်း
နေ့မှလကူး ..လမှ နှစ်ကူး ....
ကျွန်တော်လဲ သက်ထားဆိုတဲ့ ချစ်သူလေး ရလာခဲ့တယ်..
သူမရဲ့ ပိုစ့်တွေမှာလဲ .. မောင်ဆိုတဲ့ ဝေါဟာရလေးတစ်ခု ပေါ်လာခဲ့တယ်..
ကျွန်တော် မမေ့ပါဘူး...အိပ်မက်ထဲက ခက် ကို..
တုန်ရီလှိုက်မောမှုမှာ ... ချစ်ခြင်းတွေကို တွတ်ချက်ကြည့်ရင်..
ခက်နဲ့ ကျွန်တော့်ရဲ့ ချစ်ခြင်းက ဆယ်ကမ္ဘာမက တည်ဆောက်ခဲ့ရမယ် ထင်ပါရဲ့ ….
ဒါမှမဟုတ်..ဆောင်းတွင်းအိပ်
ဘဝဇာတ်ဆရာက ကျွန်တော့်အိပ်မက်ထဲ “ခက်”ကို ထည့်သွားခဲ့တာလား..
တစ်ကယ်တမ်း လက်တွေ့ကျတော့ ...
ကျွန်တော်က အရမ်းချစ်စရာကောင်းပြီး အရာရာ သည်းခံ လိုက်လျော ချစ်ပြခဲ့တဲ့
“သက်ထား”ဆိုတဲ့ ချစ်ရသူနဲ့ ဘ၀လက်တွဲခဲ့ပါပြီင်္ ….
အရာရာဟာ ..ပြန်တွေးရင် မနေ့က အတိုင်းပေမယ့်
ခုရောက်နေတဲ့ ယနေ့က အတွေးရဲ့ မနက်ဖြန် မဟုတ်တော့တဲ့အတွက်
ကျွန်တော် ''ခက်'' ကို အရင်ကလို နေ့တိုင်း သတိမရ ဖြစ်တော့ဘူးလေ....
သတိရခြင်း မရခြင်းက ... ပတ်ဝန်းကျင်နဲ့ သက်ဆိုင်ပါသလား ………
ကျွန်တော် ထိုင်နေတဲ့ ထိုင်ခုံလေးရဲ့ ရှေ့မှာ ... သောင်ပြင် ကမ်းစပ်ကို
လာလာထိခတ်နေတဲ့ ရေလှိုင်းလေးတွေ ရှိတယ်...
ပြီးတော့ ကျွန်တော် ... ဟင့်အင်း ကျွန်တော်နဲ့ သက်ထား တစ်စုံတစ်ယောက်ကို စောင့်နေတယ်
ကျွန်တော် မျက်လုံးမှတ်ပြီး နားထောင်ကြည့်တယ်…
ဒီလှိုင်းပုတ်သံက ကျွန်တော် ကြားဖူးနေသလိုပါပဲလား....
ပြီးတော့ ငါ ... ဘာကြောင့် ရင်တွေ တုန်နေတာလဲ
ဒီခံစားချက်....
ဒီ အသံ
ဒီ လေညင်းနဲ့
ဒီ အခြေအနေ
''ခက်''
ကျွန်တော့်နှလုံးသွေးတွေ တစ်ကယ်ပါ..ဖျတ်ခနဲ ရပ်သွားတယ်... ဟုတ်တယ်
ကျွန်တော် အိပ်မက်ထဲကလို ခက်ကို စောင့်နေမိပြီ …
ဟိုးးးးးးးးးးး အဝေးကြီးက ခြေသံလေးတစ်ခု ..တဖြည်းဖြည်းနဲ့ နီးလာသလို
စိတ်ရဲ့ အလျဉ်မှာ သူလာနေပြီဆိုတဲ့ အသိနဲ့ ကျွန်တော် တုန်ရီ လှိုက်မောစွာ ..
ဟာကွာ...တစ်ကယ်ကြီးလား ..
ငါ့ရင်ခုန်သံ ငါ့စိတ်အလျဉ် .... အိပ်မက်ထဲကလိုပါပဲလား ..
မျက်လုံးတွေကို မ၀ံမရဲ ခြေသံလာရာ လမ်း ... ကျွန်တော် တိတ်တခိုး လှမ်းကြည့်လိုက်တယ်
ဖိနပ်အနီရောင်လေး ..
ကမ္ဘာပျက်သွားတာလား...ဘာလို့
ဘယ်မှာလဲ ရေလှိုင်း ပုတ်သံ ...ဘယ်မှာလဲ သောင်ပြင် ..ဘယ်မှာလဲ .. လေညှင်းတိုးသံ
ဘယ်မှာလဲ ...... ဘယ်မှာလဲ
အမှောင်ထဲမှာ ၀ိုးတ၀ါး ရှာနေသူတစ်ယောက်လို
မျက်စိရှေ့က သဲမှုန်တစ်ချို့က ဝေးလိုက်နီးလိုက်...သေးလိုက
ကျွန်တော် ခဏတာ စိတ္တဇ ဆန်သွားခဲ့ပြီ ….
ဒါပေမယ့်
ကျွန်တော် သိနေတယ်... သူမ လာနေပြီ... သိပ်ချစ်ရတဲ့ '' ခက် '' လာနေပြီ
''မောင်''
စူးခနဲပဲ ... လင်းကနဲ လက်ကနဲ ..
ဖြိုးခနဲ ဖြုတ်ခနဲ .... မောင် တဲ့ ..
မတူပါနဲ့လား ခက်ရယ်.... မဟုတ်ပါနဲ့လား ခက်ရယ်..
ခေါ်နေတာ မဟုတ်မှန်းသိသိနဲ့ ကျွန်တော် အလိုလို ခေါင်းမော့မိလိုက်ပါတယ် …
''မောင် ဒါ ကျွန်မရဲ့ ဖေ့ဘုတ်က အခင်ရဆုံး မောင်လေး ..ကြယ် လေ..''
ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ် ..ကျွန်တော် ကြယ်စင်သွေးပါ..
မဆိုးပြောပြောနေတဲ့ “မောင်”ဆိုတာ အကို ကိုးဗျ.... ငါ့အကို ခန့်ချောကြီးပဲ
ဒါကြောင့် ယောကျာ်းတွေကို ကြည့်မရတဲ့ မဆိုး ကြွေသွားတာနေမှာ ...ဟက်ဟက်
ဟာ ..ငါ့ရင်ထဲမှာ စကားလုံးတွေ ပြည့်နေပါလား..ဘာကြောင့်
အပြင်ကို အန်ထွက်မလာပါလိမ့်... ကမ်းလင့်လာတဲ့ လက်တစ်စုံကို
ဆုပ်ကိုင် နှုတ်ဆက်ရင်း ... ခေါင်းလေး အသာညိတ် ..
အဲဒီ ညိတ်လိုက်တဲ့ ခေါင်းမှာ ဘ၀တစ်ခုလုံး ကျိုးကျသွားခဲ့တယ်…
''အော်...ခက် ပြောပြောနေတဲ့ ကြယ် ဆိုတာ ဒီညီလေးလား ..တွေ့ရတာ ၀မ်းသာပါတယ်ကွာ''
မထူးဆန်းတော့ပါဘူးလေ...
ကျွန်တော် ခံစားသိရှိခဲ့ပြီးပြီပဲ ...သူမက ကျွန်တော် သိပ်ချစ်ခဲ့ရတဲ့ အိပ်မက်နတ်သမီးလေး
“ခက်” ဆိုတာ ...
မ၀ံ့မရဲနဲ့ ကျွန်တော်လေ ခုမှ လူချင်းစတွေ့ရတဲ့ “မဆိုး”ကို ...ဒါမှမဟုတ် “ခက်” ကို ကြည့်မိတယ်…
သူမ မျက်ဝန်းထဲမှာ အိပ်မက်တစ်ခုကို မြင်လိုက်ရတယ်
မျက်ရည်စလေး တစ်ခုကို တွေ့လိုက်ရတယ်
သိပ်နောက်ကျသွားခဲ့ပြီ ခက်ရေ ..
ဘယ်သူ့ကို အပြစ်ဖို့ကြမလဲ ...ကံကြမ္မာကိုလား ..
ငါတို့ ကိုင်စွဲခဲ့ကြတဲ့ ယောကျာ်းဝါဒီ … မိန်းမ၀ါဒီ တရားတွေကိုလား..
“ကမ်းခြေမှာ ဆုံကြမယ်နော် မောင်” ဆိုတဲ့ ပိုစ့်လေးကို ဘာကြောင့်ရေးတာလဲ
မမေးမိခဲ့တဲ့ .. မောင့်ကိုလား..
ထားပါတော့လေ ....ခုတော့
ကိုယ်စီ အိမ်ထောင်တွေနဲ့ ...ရင်ခွင်တွေမှာ ပိုင်ရှင်ရှိခဲ့ပြီ ..
ဒါပေမယ့်
မောင့်ရင်ခွင် တစ်ခြမ်းမှာ ခက်ရှိတယ်..
ခက်ရင်ခွင် တစ်ခြမ်းမှာ မောင်ရှိနေတယ်
တစ်ကယ်တော့ မောင်တို့က
ရင်ခွင် တစ်ယောက်တစ်ခြမ်းပဲ ပိုင်ခွင့်ရခဲ့တဲ့ အိပ်မက် ချစ်သူတွေပါလား ခက်ရယ်
ဆရာကြယ်
.................
ကျွန်မ ချောင်းသာ ကမ်းခြေ Max Hotel ရဲ့ Pool Side ခုံတန်းလေးပေါ်မှာ လေညင်းခံရင်း ဘာရယ် မဟုတ်တဲ့ ရင်ထဲက လူတစ်ယောက်ကို တမ်းတလွမ်းဆွေး နေမိတယ်။ ဘာကြောင့်လွမ်းရသလဲ … ဘာ့အတွက် လွမ်းရသလဲ ဆိုတာ ကျွန်မမှာ ခေါင်းစဉ်မရှိခဲ့ဘူး … လွမ်းနေရုံသက်သက်ပါ ~~
ကျွန်မဟာ ငယ်စဉ်ကလေး ဘဝကတည်းက ရဲရင့်ပြတ်သားတယ် .. မဟုတ်မခံစိတ်ရှိတယ် .. အရောင်တွေထဲမှာမှ အနီရောင် တစ်မျိုးတည်းကိုပဲ ရူးသွပ်စွာ စွဲလန်းတတ်တဲ့ မိန်းကလေးမျိုး ဖြစ်တယ်။ ကျွန်မရဲ့ Personal အသုံးအဆောင်တိုင်းဟာ အနီရောင်လေးတွေ ဖြစ်နေတတ်တယ်။ အထူးသဖြင့် ဒေါက်ဖိနပ်အနီရောင်လေးနဲ့ ခြေသည်းနီ အရောင်ရဲရဲလေးကို လှပကျော့ရှင်းစွာ ဝတ်ဆင်ထားရရင် .. ကျွန်မ ဘဝကြီးကို ကျေနပ်နေတတ်ပြီ …
ကျွန်မ စာဖတ်တာကို ဝါသနာပါတယ် … စာရေးခြင်းကို ခုံမင်တယ်။
ဒါကြောင့် ဖေ့ဘွတ်ဆိုတဲ့ Social Network ကြီးဟာ ကျွန်မအတွက် စာရေးလေ့ကျင့်ဖို့ Practice Field တစ်ခုဖြစ်နေခဲ့တယ်။ ကျွန်မဟာ ယောကျာ်းလေး သူငယ်ချင်း မိတ်ဆွေများသူပီပီ .. ယောကျာ်းလေး ချစ်သူရည်းစားတွေ များခဲ့သူပီပီ .. ယောကျာ်းတွေ အကြောင်းကို တော်တော်လေး စုံစုံလင်လင် သတိထား လေ့လာမိခဲ့သူ တစ်ဦးပေါ့ .. ဖေ့ဘွတ်ပေါ်မှာ ယောကျာ်းတွေ အကြောင်း ကျွန်မ အမြဲတမ်း ရေးလေ့ရှိတယ်။ ဒါကြောင့် စာဖတ်သူတွေက ကျွန်မဟာ (မိန်းမဝါဒီ) စာရေးဆရာမ တစ်ယောက်လို့ ထင်မြင်နေခဲ့ကြတယ်။
တစ်ကယ်တမ်းတော့ ကျွန်မ ယောကျာ်းတွေကို မကောင်းရေးတာ မဟုတ်ပါဘူး .. ယောကျာ်းတွေရဲ့ ကောင်းကွက်လေးတွေကို ရှာရေးချင်ပေမယ့် နည်းနေလို့ … များတဲ့အကြောင်းအရာတွေ ရေးဖြစ်နေတာပါ။ ကျွန်မ ဖေ့ဘွတ်ပေါ်မှာ စာရေးရင် … ကျွန်မ အမြဲတမ်း သုံးလေ့ရှိတဲ့ ဇာတ်ကောင်နာမည်ဟာ .. “မောင်”
ကျွန်မဟာ ပင်လယ်ကမ်းခြေကို ဘယ်လောက်တောင် ရူးသွပ်သလဲဆိုရင် အမေရိကားမှာ (Hotel Management) ဘာသာရပ်ကို သင်ယူနေတယ် .. မြန်မာပြည်ပြန်ရင် .. ကမ်းခြေဟိုတယ် တစ်ခုခုမှာ အလုပ်ဝင်လုပ်မယ်လို့ ကျွန်မစိတ်ကူးထားမိတယ်။ ပင်လယ်လေကို ရှုရှိုက်ရတာ .. ပင်လယ်လှိုင်းရိုက်ခတ်သံကို နားထောင်ရတာ ကျွန်မစိတ်တွေ တက်ကြွလန်းဆန်းစေတယ်။ ပင်လယ်ကမ်းခြေကို ရူးသွပ်တဲ့ ကျွန်မဟာ .. ကျွန်မရဲ့ ရင်ထဲက ဇာတ်ကောင် “မောင်” ကို
“တစ်နေ့တော့ ကမ်းခြေမှာ ဆုံမယ် … မောင်” ဆိုပြီး ဖေ့ဘွတ်ပေါ်မှာ Status လေးတစ်ကြောင်း ရေးဖြစ်ခဲ့တယ်။
မထင်မှတ်တဲ့ နေ့လေးတစ်ရက်မှာ … ဖေ့ဘွတ်ပေါ်မှာ ကောင်လေးတစ်ယောက်က ကျွန်မကို သူငယ်ချင်းအဖြစ် လာအပ်တယ်။ သူ့ပရိုဖိုင်ကို ကြည့်လိုက်တော့ … လက်ရှိနေတာ ဂျပန်ပြည် … ရုပ်ရည်လေးကို ကြည့်လိုက်တော့ ရှည်လျားတဲ့အရပ် .. သွယ်လျတဲ့ ခန္ဓာကိုယ်နဲ့ … ဖြူစင်တဲ့ မျက်ဝန်းလေးတွေ … တည်ကြည်တဲ့ အပြုံးလေးတွေကို ကျကျနန ပိုင်ဆိုင်ထားတဲ့ လူငယ်လေးတစ်ယောက် အဖြစ် ကျွန်မရင်ထဲမှာ တိတ်တခိုး မှတ်ချက်ချခဲ့မိတယ်။
သူရေးသမျှ ပို့စ်တွေကို ကျွန်မ နေ့စဉ် ဝင်ဖတ်မိခဲ့တယ်။ ကျွန်မ တစ်ခုသတိထားမိခဲ့တယ်။ သူဟာ … ကျွန်မရေးသမျှ ယောကျာ်းဆန့်ကျင်တဲ့ အကြောင်းအရာ Status မှန်သမျှကို သူ့ဖေ့ဘွတ်ဝေါလ်မှာ ပြန်ရေးရင် ကျွန်မကို ပြန်လည်ချေပထားတဲ့ မိန်းမဆန့်ကျင်တဲ့ ပို့စ်တွေကို ရေးတတ်နေတဲ့ သူတစ်ယောက်အဖြစ် ကျွန်မ လက်ခံလာရတယ်။ ဒီအချက်ဟာလည်း ကျွန်မကို သူစိတ်ဝင်စားအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ အကြောင်းအရာ တစ်ခုဆိုလည်း မမှားပါဘူး

(ကျွန်မ
ရိုးသားစွာ ဝန်ခံပါတယ်)
သူကလည်း ကျွန်မကို သူများထက် ပိုပြီး ဂရုစိုက်တယ် .. အလေးပေးတယ် .. ကျွန်မစိတ်ဓါတ်ကျနေချိန်တွေ မှာ
ကျွန်မကို စိတ်ဓါတ်ခွန်အားတွေပေးတယ် .. ကျွန်မ ဝမ်းနည်းနေချိန်တွေမှာ
ကျွန်မကို ရယ်စရာ ဟာသ လေးတွေပြောပြီး ပျော်အောင် ထားတတ်တယ်။ သူနဲ့ကျွန်မ
မတွေ့ရတဲ့ အချိန်တွေဆို .. ကျွန်မ မသိစိတ်ထဲမှာ သူ့ကို လွမ်းနေတတ်ပြီ ….
တစ်ခါတစ်ရံမှာ ချစ်ရသူဆိုတာ စိတ်တူကိုယ်တူမှ မဟုတ်ပါဘူး … ဆန့်ကျင်ဘက် ဖြစ်နေရင်လည်း ဒါဟာ Opposite Attraction တစ်ခုအနေနဲ့ ကျွန်မ သူ့ကို ရင်ထဲမှာ စွဲလန်းနေမိခဲ့တယ်။ ဒါပေမယ့် ကျွန်မ ဘယ်တော့မှ သူ့သိအောင် မလုပ်ဘူး .. မပြောဘူး ..ဒါဟာ ကျွန်မရဲ့ "မိန်းမတစ်ယောက်ရဲ့ မာန" …
မာန ~~~ မာန ~~~ ချစ်သူနှစ်ဦးကို အဝေးဆုံးကို ပို့ဆောင်ပေးတတ်တဲ့ အရာ …
ယောကျာ်းဝါဒီ သူနဲ့ .. မိန်းမဝါဒီ ကျွန်မ …. ဝေးခဲ့ကြတယ်။
ဒီလိုနဲ့ပဲ နေ့..လ.. ရက်.. နှစ်တွေ ပြောင်းလာပြီး …
သူ့မှာ သိပ်ချစ်စရာကောင်းတဲ့ “သက်ထား” ဆိုတဲ့ ချစ်သူတစ်ယောက် ရသွားခဲ့တယ်။
ကျွန်မလည်း .. ရင်ထဲက ဇာတ်ကောင် “မောင်” ကို အပြင်မှာ ရှာတွေ့ခဲ့တယ်။
ချစ်သူကိုယ်စီနဲ့ အနာဂတ်အသစ်တွေကို ကိုယ်တိုင်ဖန်တီး ယူခဲ့ကြတယ်။
ကျွန်မ ပင်လယ်ကမ်းခြေရဲ့ ဆည်းဆာအလှကို မောင်နဲ့ အတူတူ ခံစားဖို့ ဂါဝန် အနီရောင်လေးဝတ်ပြီး ဖိနပ်အနီရောင်လေး ဆင်မြန်း .. မောင့်လက်လေးကိုဆွဲပြီး ကမ်းခြေတစ်လျှောက် လမ်းလျှောက်ထွက်လာခဲ့တဲ့ အခိုက် … ကျွန်မ သူ့ကို ကမ်းခြေတစ်နေရာမှာ မထင်မှတ်ဘဲ တွေ့လိုက်တယ်။
ကျွန်မ ခြေလှမ်းတွေ တွန့်ဆုတ်ပြီး … ရင်တွေ တဒိန်းဒိန်းခုန်နေတာ … ဘေးနားက မောင် … မသိစေချင်ဘူး … ကျွန်မ ကြိုးစားပြီး ရင်ခုန်သံတွေကို ထိန်းချုပ် … မျက်နှာပေါ်မှာ အပြုံးတစ်ခုကို ဆင်မြန်းပြီး မောင့်လက်ကိုဆွဲ .. သူရှိတဲ့နေရာကို ခြေလှမ်းမှန်မှန်လျှောက်ရင်းးးးးး
''မောင် ဒါ ကျွန်မရဲ့ ဖေ့ဘုတ်က အခင်ရဆုံး မောင်လေး ..ကြယ် လေ..''
ဆိုတဲ့ မိတ်ဆက်စကားလေးနဲ့ မောင်နဲ့ကြယ့်ကို မိတ်ဆက်ပေးခဲ့တယ်။ သူမတ်တပ်ထရပ်ပြီး .. ဝမ်းသာအားရ .. “မောင့်” လက်ကို လှမ်းဆွဲနှုတ်ဆက်တယ်။ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးနဲ့
“မဆိုးပြောပြောနေတဲ့ မောင်ဆိုတာ အကို ကိုးဗျ.... ငါ့အကို ခန့်ချောကြီးပဲ..ဒါကြောင့် ယောကျာ်းတွေကို ကြည့်မရတဲ့ မဆိုး ကြွေသွားတာနေမှာ” ဆိုပြီး မောင့်ကို စနောက်တယ်။ ကျွန်မရဲ့ မောင် .. ကလည်း လူကြီးလူကောင်းဆန်စွာ .. ပြန်လည် နှုတ်ဆက်စကားဆိုခဲ့ပါတယ်။
ကျွန်မတို့ စုံတွဲ သူ့ကို နှုတ်ဆက်စကားဆိုပြီး လှည့်အထွက်မှာ ကျွန်မ ခေါင်းလေးတစ်ချက်စောင်းငဲ့
သူကလည်း ကျွန်မကို သူများထက် ပိုပြီး ဂရုစိုက်တယ် .. အလေးပေးတယ် .. ကျွန်မစိတ်ဓါတ်ကျနေချိန်တွေ
တစ်ခါတစ်ရံမှာ ချစ်ရသူဆိုတာ စိတ်တူကိုယ်တူမှ မဟုတ်ပါဘူး … ဆန့်ကျင်ဘက် ဖြစ်နေရင်လည်း ဒါဟာ Opposite Attraction တစ်ခုအနေနဲ့ ကျွန်မ သူ့ကို ရင်ထဲမှာ စွဲလန်းနေမိခဲ့တယ်။ ဒါပေမယ့် ကျွန်မ ဘယ်တော့မှ သူ့သိအောင် မလုပ်ဘူး .. မပြောဘူး ..ဒါဟာ ကျွန်မရဲ့ "မိန်းမတစ်ယောက်ရဲ့ မာန" …
မာန ~~~ မာန ~~~ ချစ်သူနှစ်ဦးကို အဝေးဆုံးကို ပို့ဆောင်ပေးတတ်တဲ့ အရာ …
ယောကျာ်းဝါဒီ သူနဲ့ .. မိန်းမဝါဒီ ကျွန်မ …. ဝေးခဲ့ကြတယ်။
ဒီလိုနဲ့ပဲ နေ့..လ.. ရက်.. နှစ်တွေ ပြောင်းလာပြီး …
သူ့မှာ သိပ်ချစ်စရာကောင်းတဲ့ “သက်ထား” ဆိုတဲ့ ချစ်သူတစ်ယောက် ရသွားခဲ့တယ်။
ကျွန်မလည်း .. ရင်ထဲက ဇာတ်ကောင် “မောင်” ကို အပြင်မှာ ရှာတွေ့ခဲ့တယ်။
ချစ်သူကိုယ်စီနဲ့ အနာဂတ်အသစ်တွေကို ကိုယ်တိုင်ဖန်တီး ယူခဲ့ကြတယ်။
ကျွန်မ ပင်လယ်ကမ်းခြေရဲ့ ဆည်းဆာအလှကို မောင်နဲ့ အတူတူ ခံစားဖို့ ဂါဝန် အနီရောင်လေးဝတ်ပြီး ဖိနပ်အနီရောင်လေး ဆင်မြန်း .. မောင့်လက်လေးကိုဆွဲပြီး ကမ်းခြေတစ်လျှောက် လမ်းလျှောက်ထွက်လာခဲ့တဲ့ အခိုက် … ကျွန်မ သူ့ကို ကမ်းခြေတစ်နေရာမှာ မထင်မှတ်ဘဲ တွေ့လိုက်တယ်။
ကျွန်မ ခြေလှမ်းတွေ တွန့်ဆုတ်ပြီး … ရင်တွေ တဒိန်းဒိန်းခုန်နေတာ … ဘေးနားက မောင် … မသိစေချင်ဘူး … ကျွန်မ ကြိုးစားပြီး ရင်ခုန်သံတွေကို ထိန်းချုပ် … မျက်နှာပေါ်မှာ အပြုံးတစ်ခုကို ဆင်မြန်းပြီး မောင့်လက်ကိုဆွဲ .. သူရှိတဲ့နေရာကို ခြေလှမ်းမှန်မှန်လျှောက်ရင်
''မောင် ဒါ ကျွန်မရဲ့ ဖေ့ဘုတ်က အခင်ရဆုံး မောင်လေး ..ကြယ် လေ..''
ဆိုတဲ့ မိတ်ဆက်စကားလေးနဲ့ မောင်နဲ့ကြယ့်ကို မိတ်ဆက်ပေးခဲ့တယ်။ သူမတ်တပ်ထရပ်ပြီး .. ဝမ်းသာအားရ .. “မောင့်” လက်ကို လှမ်းဆွဲနှုတ်ဆက်တယ်။ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးနဲ့
“မဆိုးပြောပြောနေတဲ့ မောင်ဆိုတာ အကို ကိုးဗျ.... ငါ့အကို ခန့်ချောကြီးပဲ..ဒါကြောင့် ယောကျာ်းတွေကို ကြည့်မရတဲ့ မဆိုး ကြွေသွားတာနေမှာ” ဆိုပြီး မောင့်ကို စနောက်တယ်။ ကျွန်မရဲ့ မောင် .. ကလည်း လူကြီးလူကောင်းဆန်စွာ .. ပြန်လည် နှုတ်ဆက်စကားဆိုခဲ့ပါတယ်။
ကျွန်မတို့ စုံတွဲ သူ့ကို နှုတ်ဆက်စကားဆိုပြီး လှည့်အထွက်မှာ ကျွန်မ ခေါင်းလေးတစ်ချက်စောင်းငဲ့
ကျွန်မ ဘယ်သူ့ကို အပြစ်တင်ရမလဲ … ?
ကြယ့်ကိုလား …
ကျွန်မကိုလား ..
ယောကျာ်းဝါဒီကိုလား ..
မိန်းမဝါဒီကိုလားးးးးးးး
ကျွန်မ စဉ်းစားလို့ မရတဲ့ အဖြေမထွက်တဲ့ ပုစ္ဆာတစ်ပုဒ်ရဲ့ အဆုံးမှာ ..
ကြယ်ဟာ … ကျွန်မရဲ့ ရင်ခွင်တစ်ခြမ်းမှာ ..
ကျွန်မဟာ .. ကြယ့်ရဲ့ ရင်ခွင်တစ်ခြမ်းမှာ ..
ရေးသားသူ ...(ဆရာကြယ်) (သမီးဆိုး)
Comments
Post a Comment