ထိုင်းမှ ရွှေ့ပြောင်းလုပ်သားတွေ


ထိုင်းမှ ရွှေ့ပြောင်းလုပ်သားတွေ ယာယီနိုင်ငံကူးလက်မှတ်(၄)နှစ်သက်တမ်းပြည့်သူကို ပြည်တော်ပြန်(၃)နှစ်နေပြီးမှ ထိုင်းကိုပြန်လာ အလုပ်လုပ်ခွင့်ဥပဒေထုတ်တာ ခုတော့ ထိုင်းအစိုးရက ပြန်ပြင်ပေးတဲ့အနေနဲ့ ရွှေ့ပြောင်းလုပ်သားတွေ နယ်စပ်ကနေ အထွက်ပြ (၁)ရက်တည်းမြန်မာဘက်မှာနေ နောက်နေ့ပြန်လာ အဲသလိုလေးလုပ်ပေးလိုက်တယ်တဲ့...။
အဲသလိုဖြစ်ဖို့ ထိုင်းအစိုးရဖက်က သက်ဆိုင်ရာနဲ့ မြန်မာဖက်ကဝါးဆိုင်ရာတွေ
 ဆွေးနွေးသဘောတူကြတယ်လို့ သိရတယ်..။

ရီစရာကောင်းတာတခုက ထိုင်းမှာရွှေ့ပြောင်းလုပ်သား ဒီပုံစံနဲ့ မြန်မာလူမျိုးတင်ရှိတာမဟုတ် ..လာအိုနဲ့ ကမ်ပူခြားလည်းရှိပါတယ်...ဒါပေမယ့် လာအိုနဲ့ ကမ်ပူခြားက ထိုင်းအစိုးရနဲ့ ဘာမှသဘောတူချက်တွေ
အပေးအယူတွေ လာမလုပ်ဘူး....သူတို့က ထိုင်းအထာကို နပ်နေပြီ.....ထိုင်းမှာ ဥပဒေကိုကျော်ပြီးလုပ်ချင်ရင် ပြည်သူသဘောထားတွေ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်တွေလိုတယ်ဆိုတာ...အဓိကတော့ ဒီလိုကိစ္စမှာ ထိုင်းက သူ့ဥပဒေကိုပြင်ကိုပြင်ပေးမှာဆိုတာ သိနေလို့ပဲ့..။...ဘာဖြစ်လို့လဲဆိုတော့ ယာယီနိုင်ငံကူးလက်မှတ် သက်တမ်း(၄)နှစ်ပြည့်ရွှေပြောင်းလုပ်သားဆိုတာ ပထမဆုံး နိုင်ငံကူးလက်မှတ်လုပ်သူအုပ်စု အထူးသဖြင့် ထိုင်းမှာအနေကြာသူ ကျွမ်းကျင်လုပ်သားတွေဖြစ်နေသူတွေပါ...အဲဒီလူတွေအားလုံး ပြည်တော်ပြန် (၃)နှစ်နေလိုက်ရင် ပထမဆုံးဂန့်မယ့်သူတွေက ထိုင်းလုပ်ငန်းရှင်တွေဆိုတာ ကမ်ပူခြားနဲ့ လာအိုအစိုးရက သိနေပြီ..ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေ ဆန္ဒကိုလိုက်လျောရတဲ့ ထိုင်းအစိုးရဟာ ဒီကိစ္စကိုပြေလည်အောင်လုပ်ကို လုပ်ပေးမှာ အလုပ်သမားနိုင်ငံတွေဘက်က လာဆွေးနွေး မနွေး ဘာမှမထူးဘူး...အပေးယူသွားလုပ်ရင် ကိုယ်ကတောင် ထပ်ခံရအုံးမှာ ဟိုဘက်က အလကားပေးပြီးသားကို တခုခုတန်ဖိုးရှိတာနဲ့ သွားလဲလို့...။
မြန်မာဖက်က အာဏာပိုင်တွေက ထိုင်းအထာကိုပဲ့ မနပ်လို့လား...အီးယောင်ဝါး နာမည်လိုချင်လို့ ဒီလိုအာပလာတွေ လိုက်လုပ်နေတာလားပဲ့...တကယ်တမ်း ရွှေ့ပြောင်းလုပ်သားတွေ ပတ်စပို့ကိုင်ထားလျက်သားနဲ့ ရဲတွေက အမျိုးမျိုးညစ်ငွေတောင်းတာ.work Permit မရှိလို့ ဖမ်းဆီးတာ...Work Permit ဆိုတာကလည်း ထိုင်းလုပ်ငန်းရှင်တွေ လက်ထဲမှာပဲ့ ကိုင်ထားတာ....ရက်(၉၀) ဧည့်စာရင်းတိုင်နေရတာ တိုင်တိုင်းလည်း လဝကကို ဘတ်(၁၀၀) အမြဲပေးနေရတာတွေကျ ဖျက်သိမ်းပေးဖို့ မတောင်းဆိုဘူး....တကယ့်နွားတွေ ပြည်သူကိုစေတနာမရှိသူတွေဆိုတာ သိသာတယ်..စားပေါက်ပဲ့ အမြဲချောင်းနေတာ...လာအို ပတ်စပို့၊ ကမ်ပူခြားပတ်စပို့ကိုင်သူတွေကို ထိုင်းရဲတော်တန်ရုံမရစ်ရဲ.....။

မြန်မာဖွတ်အစိုးရ အာဏာပိုင်တွေ လုပ်ရပ်တွေက အော့ကြောလန်တယ်....တကယ်တမ်း ရွှေ့ပြောင်းလုပ်သားအရေး ရှေ့တန်းတင်ရင် ပတ်စပို့ရှိသားနဲ့ လူ့အခွင့်အရေးချိုးဖေါက်ခံရတာ....အလုပ်သမားအခွင့်အရေး ဆုံးရှုံးတာ ဘယ်ရှိမလဲ....ခုတော့ မြန်မာရွှေ့ပြောင်းလုပ်သား များတဲ့နေရာကိုသာ ကိုယ်တိုင်သွားကြည့်ပါ....အလုပ်သမားတွေ တနည်းမဟုတ် တနည်း ထိုင်းလုပ်ငန်းရှငိတွေ ခေါင်းပုံဖြတ်တာ..ထိုင်းရဲညစ်ပတ်တာ မကြားရတဲ့ အချိန်ရယ်လို့မရှိ....။
Boon Myo Myo
April Maung Maung

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)