ဗုဒ္ဓဘာသာဝင်တွေ ရှိခိုးဦးချရာ စေတီသာရဲ့ အင်္ဂါရပ်

"... ဗုဒ္ဓဘာသာဝင်တွေ ရှိခိုးဦးချရာ စေတီသာရဲ့ အင်္ဂါရပ် ..."

တစ်ခုချင်းစီ၏ အဓိပ္ပါယ် အကျဉ်းကတော့ -
(၁) တံခွန်တိုင်
မာန(ရတနာ ၃ ပါးအား ဖူးမျှော်မာန်လျော့ ကန်တော့ရန်)
(၂) ပန်းတင်ခုံ
ပတ္ထနာ - နိဗာန်ရောက်ကြောင်း ဆုတောင်းရန်
(၃) ရှစ်မြှောင့်
မွေးခြင်း(၄)မျိုး+သေခြင်း(၄)မျိုးကို နှလုံးသွင်းဆင်ခြင်ကြရန်
(၄) ကြီဝင်း-၅ခု
ဂတိ-၅ပါးမှလွတ်အောင် ကြိုးစားကြရန်
(၅) ခါးစည်း
သီလ/သမာဓိ/ပညာ ဟူသော သိက္ခာ-၃ပါးဖြင့် ခါးကိုစည်းနိုင်ကြရန်
(၆) ခေါင်းလောင်း
မိမိတို.၏ ကုသိုလ်ကောင်းမှုများကို ကုသိုလ်ငတ်မွတ်နေသောသတ္တ၀ါများသို. မျှဝေ(share)ပေးရန်
(၇) ဖောင်းရစ်-၇ရစ်
ဝိသုဒ္ဓိ ၇ပါး(စင်ကြယ်ခြင်း ၇မျိုး)ပြည့်စုံအောင်ကြိုးစားကြရန်
(၈) သပိတ်မှောက်
တဏှာ/မာန/ဒိဌိ(အယူမှား)ဟူသော သံသရာနယ်ချဲ.တတ်သည့်ပပဉ္စတရား(၃)ပါးတို.ကို သပိတ်မှောက် ဆန်.ကျင်ကြရန်
(၉) ဘီလူးပန်းဆွဲ-၁၆ခု
ဥာဏ်စဉ်-၁၆ပါး ရအောင်ကြိုးစားကြရန်
(၁၀) ကြာမှောက်/ကြာလှန်
ကြာပန်းသည် ဗုဒ္ဓဘုရား၏သင်္ကေတ
(၁၁) ထီးတော်ဘုံ ၇ဆင့်
အေးငြိမ်းသည့် အရိယာသူတော်စင်တို. ရရှိခံစားရသည့်မဂ်(၃)တန်+ဖိုလ်(၄)တန်(သောတာပတ္တိမဂ်မပါဝင်)
(၁၂) ငှက်မြတ်နား
ရဟန္တာအရှင်မြတ်တို. ခန္ဒာဝန်မချမီ တရားဟော/သာသနာပြုအလုပ်များဖြင့် ခေတ္တနားခိုရာ
(၁၃) စိန်ဖူးတော်
စိန်တွင် ကာဗွန်ပါဝင်မှု ကင်းစင်သွားလို. ကမ္ဘာပေါ်တွင် အမာဆုံးပစ္စည်းဖြစ်သလို၊စိတ်အညစ်အကြေး(ကိလေသာ)အားလုံး
ကင်းစင်သည့် နိဗ္မာန်တရားမြတ်
ဓမ္မဒါနအဖြစ် Wing Mg မှကူးယူဖော်ပြပါသည်
သူတော်ကောင်းတို့ လျှောက်သောလမ်း

Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Faceboook ကြောင့် သင့်ဘဝတိုးတက်နိုင်လား