CPIYN ရဲ့ဥက္ကဌ Mr. Li Guanghua အင်တာဗျူး


မြစ်ဆုံစီမံကိန်းရပ်ဆိုင်းခံရတဲ့ ဒီ ၂နှစ်အတွင်း Mr.Li က တရုတ်-မြန်မာ နှစ်နိုင်ငံကြား သွားလာနေတဲ့
ခရီးသည်တဦးဖြစ်သွားခဲ့တယ်။ သူက စီမံကိန်းပြန်
စနိုင်ဖို့ သဘောတူညီချက်ရရှိအောင် အစိုးရဌာန ၊ ပညာရှင်များ သတင်းမီဒီယာများနဲ့
 တွေ့ဆုံဆွေးနွေးပွဲ အကြိမ်အကြိမ်ပြုလုပ်ခဲ့တယ်။ စီမံကိန်းပြန်စနိုင်ရေးနဲ့ သူ့ကုမ္ပဏီရဲ့
ဆုံးရှုံးမှုကိုလျော့ချနိုင်ဖို့ကြိုးစားနေတယ်။ ဒီကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုကြောင့် ဖြစ်ပျက်သွားတဲ့ ရပ်ဆိုင်းမှုဟာ သူ့ကုမ္ပဏီရပ်ဆိုင်းသွားနိုင်တဲ့အထိ
ဆုံးရှုံးမှုဖြစ်ပေါ်နေခဲ့တယ်။
သတင်းထောက်။ ။ တရုတ်မြန်မာနှစ်နိုင်ငံရဲ့စီးပွားရေး ကုန်သွယ်ရေး ပြယုဂ်ဖြစ်နေတဲ့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေနိုင်တဲ့ စီမံကိန်းကြီိးက ဘယ်လိုကြောင့် အခုလိုအခြေအနေရောက်သွားတာလဲ
Mr.Li ။ ။ ခင်ဗျားပြောသလို ဒီစီမံကိန်းက နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ ပြယုဂ်ဖြစ်နေတယ်။ နှစ်ဘက်စလုံးရဲ့ပြည်သူလူထုရော ခေါင်းဆောင်ရော အားလုံးက အဓိကအာရုံစိုက်တဲ့ကိစ္စဖြစ်နေတယ်။ နှစ်ဘက်ခေါင်းဆောင်တွေ့တိုင်းလည်း ပြောရမယ့်ကိစ္စဖြစ်နေတယ်။ ဒီလိုဖြစ်သွားတဲ့အကြောင်းအရင်းက မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကနေဖြစ်သွားတဲ့ နိုင်ငံရေးအခြေအနေနဲ့ တိုက်ရိုက်ပက်သက်နေတယ်။
 ပြီးတော့ မြန်မာအစိုးရနဲ့ ကေအိုင်အေ ကြားက ပြဿနာပေါ့။ စီမံကိန်းရပ်ဆိုင်းပြီးနောက်မှာ
 မြန်မာနိုင်ငံသမ္မတကြီးက အထူးကိုယ်စားလှယ် တယောက်လွှတ်ပြီးသွားရှင်းပြခဲ့တယ်။ ဒါပေမယ့် ရှင်းပြချက်ထဲမှာ ဒီရပ်ဆိုင်းမှုနောက်ပိုင်းမှာ ဘာဆက်လုပ်မယ်ဆိုတာမပါပါဘူး။ ဒီလိုလုပ်တာက ကျွန်တော်အယူအဆကတော့ ကိုယ့်ဘက်ကပြဿနာကြောင့်သူများကိုပါးရိုက်ပြီးမှ ပြန်တောင်းပန်သလိုဖြစ်နေတယ်။ 
ကျွန်တော်အလေးအနက်ထားပြောချင်တာက မြန်မာအစိုးရက အခုချိန်ထိ သူတို့ဘက်ကပြဿနာရှိလို့ အချိန်ယူပြီးကိုင်တွယ်ရမှာမို့ စီမံကိန်းကို ရည်ရွယ်ထားသလိုမလုပ်ဆောင်နိုင်သေးဘူးပဲပြောတယ်။ ကျွန်တော်တို့ကုမ္ပဏီလုပ်ဆောက်ချက်မှားနေတယ် ၊
 EIA နဲ့ SIA လုပ်တုန်းက မှားယွင်းချက်ရှိတယ် ဒါမှမဟုတ် ကုမ္ပဏီက လူမှုရေးတာဝန်မကျေဘူး စသည်ဖြင့် တခါမှ အပြစ်တင်ခြင်းမရှိခဲ့ပါဘူး။
သတင်းထောက်။ ။ ဒီလောက်ကြီးကျယ်တဲ့ စီမံကိန်းကြိးကို ခင်ဗျားတို့က ဖြစ်နိုင်တဲ့အန္တရာယ်ကိုကြိုတွက်ပြီး ဘာဖြစ်လို့အာမခံမထားခဲ့တာလဲ။ ခင်ဗျားတို့ရဲ့ အန္တရာယ်သုံးသပ်ချက်ထဲမှာ ဒီအန္တရာယ်ကိုကြိုမတွက်ခဲ့ဘူးမလား။
Mr.Li ။ ။ စီမံကိန်းစတုန်းကကျွန်တော်တို့စဉ်းစားဖူးပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းကြီးဟာ တရုတ်ငွေ ဘီလျံ ၂၀၀ တန်တယ်။ တကယ်လို့ ဘီလျံ ၈၀ ပဲဆိုရင်တောင် တရုတ်ရဲ့အကြီးဆုံးအာမခံကုမ္ပဏီလည်း မခံနိုင်ပါဘူး။ ပြီးတော့ အဲဒီအချိန်တုန်းက နှစ်ဖက်အစိုးရလည်း အမြင်ကောင်းနေတုန်းပဲရှိတယ်။ ကျွန်တော်တို့ ကြိုတင်စီစဉ်မှုမရှိဘူးလို့ အပြစ်တင်ခံရပေမမယ့် ကျွန်တော်ပြောချင်တာက ဒီလိုကြီးမားတဲ့ပြောင်းလဲမှုဟာ ဘယ်လိုမှစီစဉ်လို့မရပါဘူး။ကျွန်တော်တို့ နောက်ဆုတ်တုန်းက တရုတ်အစိုးရကနေ ကိုယ့်လူရဲ့အသက်အန္တ၇ာယ်ကိုကာကွယ်ဖို့ ဦးစားပေးကူညီပေးခဲ့တယ်။ ဒီနေရာမှာကျွန်တော်အကြံပေးချင်တာကတော့ တရုတ်ကုမ္ပဏီ နိုင်ငံရပ်ခြားသွားပြီးစီးပွားရှာတဲ့
 နိုင်ငံပေါ်လစီအောက်မှာ ဒီထက်မကအဖက်ဖက်မှာလိုက်ပံ့ပိုးပေးနိုင်မယ့် ကွန်ယက်တခုကို
တည်ထောင်ထားပေးဖို့ လိုအပ်ပါတယ်။
သတင်းထောက်။ ။ ကြေးနီစီမံကိန်းတုန်းကဒေသခံတွေက စီမံကိန်းဧရိယာကိုဝင်ပြီးဆန့်ကျင်ခဲ့ကြတယ်။
 မြစ်ဆုံကိစ္စတုန်းက ဒေသခံ တွေဒီလိုလုပ်တာ ဘာလို့မရှိတာလဲ။
Mr.Li ။ ။ ကျွန်တော်တို့စီမံကိန်းတောက်လျှောက်မှာ ဒေသခံနဲ့ညှိုနှိုင်းဖို့ အမြဲအလေးထားဆောက်ရွက်ပါတယ်။ ဒေသခံတွေရဲ့ လျော်ကြေးကိစ္စလည်း မြန်မာအစိုးရနဲ့ ပူးပေါင်းပြီးလုပ်နေတဲ့အတွက်ကြောင့်ပေါ့။ တချို့မြန်မာမီဒီယာမှာေ၇းထားတာတဲ့ မြန်မာတနိုင်ငံလုံးကပြည်သူတွေဆန့်ကျင်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ သံသယရှိပါတယ်။ ဆန့်ကျင်တဲ့အသံတွေက မြန်မာလူထုဘယ်လောက်ကို ကိုယ်စားပြူနေတယ်ဆိုတာ ဘယ်သူမှအတိအကျမသိပါဘူး။ ပြီးခဲတဲ့ ၂နှစ်အတွင်းမှာ ကျွန်တော်လည်း မီဒီယာများ ၊ ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ဒီစီမံကိန်းအကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်းသိသွားတဲ့အချိန်မှာ သူတို့ရဲ့ရပ်တည်မှုလည်းပြောင်းလဲသွားကြပါတယ်။ အ၇င် ပြင်းပြင်းထန်ထန်ဆန့်ကျင်တဲ့သူက အလယ်အနေအထားဖြစ်သွားပြီး ၊ အနည်းငယ်ဆန့်ကျင်ခဲ့တဲ့သူဆိုရင်တော့ စီမံကိန်းကို ထောက်ခံသွားကြတယ်။
ကျွန်တော်ရဲ့ခန့်မှန်းချက်အရ စီမံကိန်းတရက်ရပ်ဆိုင်းရင် မြန်မာရဲ့ဂျီဒီပီကို ဒေါ်လာ ၅ ဘီလျံ လျှော့ချတာနဲ့တူတယ်။ ၂နှစ်ရှိပြီဖြစ်တဲ့အတွက် ၁၀ ဘီလျံ ပေါ့။ ပြီးခဲ့တဲ့နှစ် မြန်မာရဲ့ဂျီဒီပီ ၄၀ ဘီလျံနဲ့ နှိုင်းယှဉ်ကြည့်လိုက်ပေါ့။ (ဂျီဒီပီိဆိုတာ နိုင်ငံစီးပွားရေးရဲ့ပြယုဂ်ပါ) အစိုးရလူကြီးတော်တော်များများလည်းကျွန်တော်တို့ကို ဒါဟာတကယ်ကောင်းတဲ့စီမံကိန်းဖြစ်ကြောင်း အားပေးထောက်ခံကြပါတယ်။
အောက်ဖြော်ပပါ ကျွန်တော်အတွေ့အကြုံကို သမ္မတအကြံပေးကိုတင်ပြခဲ့ပါတယ်။
သမ္မတကြီးဦးသိန်းစိန်ရဲ့ ၂၀၃၀ ခုနှစ်မှာ ဂျီဒီပီ ၃ ဆ မြှင့်တင်မယ့်စီမံချက်အတွက် လျှပ်စစ်ဆိုတာ ဂျီဒီပီနဲ့တိုက်ရိုက်သက်ဆိုင်နေတယ်။ အတွေ့အကြုံအရပြောမယ်ဆိုရင် ၂၀၃၀ ခုနှစ်မှာ နိုင်ငံရဲ့လျှပ်စစ်ထုတ်လုပ်အား ၆၀၀၀၀ မဂ္ဂါဝပ်ရှိရမယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့စွမ်းအင် အရင်းအမြစ်ကိုကြည့်လိုက်တဲ့အချိန် မြန်မာနိုင်ငံမှာ ကျောက်မီးသွေး မလုံလောက်ဘူး ။
 နျူစွမ်းအင်အတွက်လည်း နည်းပညာနဲ့ facilities မလုံလောက်ဘူး။ နေစွမ်းအင် နဲ့ လေစွမ်းအင်လည်း ကုန်ကျစရိတ်များပြီး မတည်ငြိမ်နိုင်ဘူး။ သဘာဝဓာတ်ငွေ့နဲ့လုပ်မယ်ဆိုရင်လည်း လျှပ်စစ်ဈေးနှုန်းက အများကြီးမြှင့်တင်ရမယ်။ အရင်လို မြစ်လက်တက်နဲ့မြစ်ဖျားတွေမှာသွားလုပ်ရင်လည်း ထုတ်လုပ်မယ့် ပမာဏကမလုံလောက်ဘူး။ ဒါကြောင့်မို့လို့ ရေသိုလှောင်အားကြီးကြီးနဲ့ ချိန်ညှိုလို့ရတဲ့ ရေအားလျှပ်စစ်စီမံကိန်းကြီးကြီးတည်ဆောက်ဖို့ လိုအပ်တယ်။ ဒီလိုစီမံကိန်းကြီးထဲက မြစ်ဆုံနဲ့ ချင်းတွင်းမြစ် သံလွင်မြစ်မှာဆောက်မယ့်စီမံကိန်းတွေဖြစ်ပါတယ်။ ဒီလိုစီမံကိန်းကြီးရဲ့ တည်ဆောက်ရေးကာလက အကြမ်းဖျင်း ၁၀ နှစ်နဲ့ ၁၂ နှစ်ကြားမှာရှိပါတယ်။ အခုချိန်စမယ်ဆိုရင်တောင် ၂၀၂၀ခုနှစ်နောက်ပိုင်းမှ ပြီးနိုင်ပါတယ်။ အခုမစနိုင်ခဲ့ရင် သမ္မတကြီးရဲ့အစီအစဉ်က ဘယ်လိုသွားပြီးအောင်မြင်နိုင်မလဲ။
ဖွံဖြိုးးပြီးသားနိုင်ငံတွေက ရေအားလျှပ်စစ်အတွက် သူတို့ရဲ့ရေသယံဇာတကို အကြမ်းဖျင်း ၇၀ % လောက်အသုံးပြုကြတယ်။ မြန်မာနိုင်ငံရဲ့ ၂.၄၅ % နဲ့ ယှဉ်ကြည့်လို့ရတယ်။ ရေကိုထိန်းသိမ်းတဲ့ facilities မရှိတဲ့အတွက် မိုးတွင်းမှာရေကြီးမှုများပါတယ်။ ကျွန်တော်လေယာဉ်ပေါ်ကတွေ့သလိုပဲ မန္တလေးဘေးမှာ ပြည်သူလူထုရဲ့ အိုးအိမ်နဲ့ လယ်ကွက်အများအပြားရေထဲမှာ ဖြစ်နေတယ်။ ဒီလိုရေကိုထိန်းညှိနိုင်တဲ့ Dam ကြီးရှိခဲ့ရင် ဒီလိုပြဿနာကိုလျော့နည်းစေပါတယ်။
ကမ္ဘာ့ဘဏ်က ရေအားလျှပ်စစ်နဲ့ပက်သက်တဲ့စီမံကိန်းတွေအတွက် ချေးငွေ
 ပြန်လည်စတင်ထုတ်ချေးနေပြီ။ ဆင်းရဲနွမ်းပါးမှုလျော့ချဖို့နဲ့ ဖန်လုံအိမ်ဓာတ်ငွေ့လျော့နည်းဖို့ အတွက် ကမ္ဘာဘဏ်ဥက္ကဌ Jim Yong Kim က မျှော်လင့်နေပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ်အတွက် နို်င်ငံမှာရှိတဲ့ရေအရင်းအမြစ်ကိုကောင်းကောင်းထုတ်သုံးသင့်တယ်။ ကျဉ်းမြောင်းတဲ့ အတွေးအခေါ်မရှိသင့်ပါဘူး။
မြန်မာလူထုက ဒီ Damဆောက်ပြီးရင် ဒီမြစ်ကြီးကိုတရုတ်ရဲ့ထိန်းချုပ်မှုအောက်မှာဖြစ်သွားမယ်လို့ စိုးရိမ်နေတာကို ကျွန်တော်သဘောပေါက်ပါတယ်။ U.S.A နဲ့ တရုတ်ရဲ့အတွေ့အကြုံက မြစ်ကြောင်းထိန်းသိမ်းတဲ့ကော်မတီကို
တည်ထောင်ပြီး မြစ်ရေကိုထိန်းသိမ်းခဲ့တယ်။ ကျွန်တော်တို့လည်းမြန်မာနိုင်ငံကို စောစောကတည်းက
 အကြံပြုခဲ့တယ်။ ဌာနပေါင်းစုံပါဝင်တဲ့ မြစ်ကြောင်းထိန်းသိမ်းရေးအဖွဲ့တည်ဆောက်သင့်တယ်။
 တကယ်လို့ အတွေ့အကြုံမရှိခဲ့ရင် တရုတ်နိုင်ငံရဲ့ ယန်စီမြစ်နဲ့ မြစ်ဝါမြစ်ရဲ့အတွေ့အကြုံကို လေ့လာနိုင်ဖို့ ကျွန်တော်တို့ အကူအညီပေးနိုင်ပါတယ်။ ထပ်ပြောမယ်ဆိုရင် မြန်မာနယ်မြေထဲကစီမံကိန်းပါ ။ 
အဲဒါရဲ့ အုပ်ချုပ်မှုကမြန်မာပဲဖြစ်ရမှာပါ။
By.. Wang Shifeng ( အင်တာဗျူးကို လေ့လာနိုင်ဖို့ ဆီလျော်အောင် ဘာသာပြန်ပေးထားပါတယ်။ စာကြောင်းမချောမွေ့တာရှိရင် နားလည်ပေးကြပါ) First Financial Daily
                                                                       

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)