ဈေး ရောင်း ကောင်း ပါ စေ











အော်..ဘ၀တွေ
ဝမ်းတခါအတွက် ရုန်းကန်နေကြရတာ...


 ဒီနေ့ဈေးရောင်းပြီးရင် ဆန်ဝယ်ပြီးထမင်း
ချက်ရအုံးမယ်... 
 

 ဈေးရောင်းကောင်းရင် ပိုက်ဆံစုပြီးသားလေးကို
ကျောင်းထားပေးရအုံးမယ်...

ငါကြောက်နေလို့မရဘူး...စားဝတ်နေရေးအတွက်
ငါတွေဝေနေလို့မရဘူး...

ဘ၀ကတွေက ခါးသီးလွန်းတော့ ရုန်းကန်မှုတွေနဲ့
တိုက်ပွဲဖြစ်နေရမှာပဲပေါ့...

ဒီနေ့အတွက် ရည်ရွယ်ချက်တခုပဲရှိတယ်...
ဈေး ရောင်း ကောင်း ပါ စေ...
phoe phyu  Poem

Comments