ထင်မြင်ယူဆခြင်း
- Get link
- X
- Other Apps
စာရေးချင်စိတ်မရှိလို့ စာမရေးတာအတော်ကြာသွားတယ် ။ ဒီနေ့ ခေါင်းထဲရောက်လာတဲ့အကြောင်းအရာေ လးတစ်ခု
ချရေးချင်မိတယ် ။ ခေါင်းစဉ်ကို ကျွန်တော်က “ ထင်မြင်ယူဆ ခြင်း ”
လို့ပေးထားတယ် ။ ကျွန်တော်က အောက်ပါ ညီမျှခြင်းလေးကို ချကြည့်ချင်မိတာပါ ။
“ ထင်မြင်ယူဆခြင်း = မှန်ကန် တိကျခြင်း (%) ” ဟာ ဘယ်လောက်ထိ တိုက်ရိုက်ဆက်နွယ်မှုရှိပါသလဲ ဆိုတဲ့မေးခွန်းပါပဲ ။
ထင်မြင်ယူဆတယ်ဆိုကတည်းက ကိုယ့်ဖက်က တွေးနေတဲ့အဆင့် ကိုယ့်စိတ်က
လက်ခံနေတဲ့အဆင့် ထင်နေတဲ့အဆင့်ပဲရှိသေးတယ် ။ ဒါပေမယ့် ဘာကြောင့်များ
ကိုယ်ထင်တဲ့ကိုယ်မြင်တဲ့အကြောင်းအရာတွေက ၁၀၀% မှန်ကန်တိကျပါတယ်လို့ လူတွေက သတ်မှတ်ကြပါသလဲ ။
ဥပမာ ခင်ဗျားမှာ သေတ္တာ တစ်လုံးလက်ဆောင်ရလိုက်တယ်ဆိုပါေ တာ့
။ အဲဒီသေတ္တာ လေးထဲမှာ ဘယ်အရာမဆိုဖြစ်နိုင်တယ် ။ ဒါပေမယ့် ခင်ဗျားက ခင်ဗျား
ကိုပို့လိုက်တဲ့သူက အကျီင်္တစ်ထည်တော့ဖြစ်မှာပဲ ပုဆိုးတစ်ထည် တော့ဖြစ်မှာပဲ
ဒါမှမဟုတ် ခင်ဗျား လိုချင်တဲ့အရာတစ်ခုဖြစ်မှာပဲလို့  ခင်ဗျားစိတ်မှာ တွေးထင်လိုက်တယ် ။ ဒီတော့ သေတ္တာကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ခင်ဗျားဟာ အခြေအနေ ၅၀% -၅၀% ကိုကြုံတွေ့ရမှာပါ ။
၁ ။ ခင်ဗျား ထင်နေတာ မှန်နိုင်ခြေရှိတဲ့ရာခိုင်နှုန်း ၅၀
၂ ။ ခင်ဗျား ထင်နေတာ တက်တက်စင်အောင်လွဲနိုင်ခြေရှိတဲ့  ရာခိုင်နှုန်း ၅၀
ဒါပေမယ့် ဒီလို မျိုး မျှ ခြေရှိတဲ့ အချိုးကို ကျော်ပြီး
ထင်မြင်ယူဆခြင်းချက်တိုင်းဟာ မှန်ကန်တိကျပါတယ်လို့ ဘာလို့ ၁၀၀%
လက်ခံယုံကြည်လိုက်ကြတာလဲဆိုတာ ကျွန်တော်နားမလည်ပါဘူး ။ ကျွန်တော်
တွေးတောတဲ့ အသိဥာဏ်က လိုက်မမှီတာလည်းဖြစ်နိုင်ပါတယ် ။
သဲသဲကွဲကွဲမမြင်ရသေးတဲ့အခိုက် တိကျခိုင်မာတဲ့ အရာကို မျက်မြင် မကြုံရသရွေ့
ခင်ဗျား ခေါက်လိုက်တဲ့အံစာတုံးက ၁ ကနေ ၆ အထိ နံပါတ်အမျိုးမျိုးကျနိုင်ပါတယ်
ကမ္ဘာကြီးက ကျဉ်းတယ် .. ဘ၀ ဆိုတာက တိုတယ်
ကိုယ်ခေါက်နေတဲ့အံစာတုံး မရပ်သေးသရွေ့ ဘယ်နံပါတ်ကျမယ်ဆိုတာ ပြောဖို့
စောပါတယ် ထင်မြင်ယူဆချက်တိုင်းဟာ ၁၀၀% မှန်လေ့မရှိဘူး ။ တခြားဖြစ်နိုင်ခြေ
မဖြစ်နိုင်ခြေတွေလည်း အချိုးညီညီ ရာခိုင်နှုန်းအနေနဲ့ပါဝင်နေဦးမှာပါပဲ ။
သက်တန့်ချို
- Get link
- X
- Other Apps
Comments
Post a Comment