ယနေ့လူငယ်များ နှုတ်ခမ်းစုပ်ခြင်း အကြောင်းရင်း...(စဆုံး...)

အာဒံသည် တောလိုက်ပြန်လာရာ မောပန်းနွမ်းလျနေလေသည်...

ဗိုက်လည်းအလွန်ဆာလောင်နေသည်ဖြစ်၍ ပြန်ရောက်ရောက်ချင်း မီးဖိုထဲသို့ သွားကာ
ထမင်းအိုးများကို လှန်လှော် ၍ စားစရာ တစ်ခုခု ရှာဖွေလေတော့သည်...
သို့သော် ဘာတစ်ခုမျှ ချန်မထားသည့်အပြင် အာဒံပြန်လာသည်

ကိုပင် မသိပဲ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ဧဝကိုမြင်လျှင် လွန်စွာ ဒေါသ ဖြစ်ခြင်းဖြင့် အနားကပ်သွားလေသည်...
ထိုအခါ ခဏ ၌ ပင် အိပ်ပျော်နေသော ဧဝမှာ နိုးလာ၍ တစ်ခါမှ မမြင်ဖူးသော အာဒံ ၏ ဆာလောင်နေသော မျက်နှာကို

မြင်ကာ ကြောက်ရွံ့နေလေသည်...
သို့သော် မိန်းမများ၏ ဥာဏ်နီဥာဏ်နက် များမှု၏ ပထမဦးဆုံး ခြေလှမ်း ဖြစ်မည့် အတွေး တစ်ခု ကို သူမ စတင် တွေးလိုက်မိလေသည်..
" .ကို...(ချွဲသံပါ၏..)
လာပါဦးအနားကို..".ဟု..လျှာ တစ်ပိုင်းတစ်စဖြင့် ညုလိုက်လေသော်...

အာဒံက
ဘေးဘီဝဲယာ သို့ လှည့်ပတ်ရှာဖွေလိုက်လေရာ... "
ရှင့်ကိုပြောနေတာဆို...ကိုကလည်း...အနားလာစမ်းပါ..ဟင့်...(ဒုတိယခြေလှမ်း...)ဘာမသိညာမသိဖြင့် ဧဝ အနားသို့
အာဒံ ကပ်လိုက်မိသည်...
" ကို ဗိုက်ဆာနေတာလားဟင်..".တဲ့...
ဟို...အင်း...နည်းနည်းပါခေးရယ်...
" ကို ဗိုက်ဆာနေတာလားဟင်..".တဲ့...
ဟို...အင်း...နည်းနည်းပါခေးရယ်...
(တိန်..သူကလည်း မခေပေ..)
ထိုအခါ ဧဝက မဟူရာ ပြုံးလေး တစ်ချက် ဝှစ်ကနဲပြုံးလိုက် ၍... " ဗိုက်ဆာ ရင် အစာပြေ နမ်းရတယ်တဲ့...ဘုရားသခင်က မှာထားတယ်လေ သိလား."..ဟု ပြောလိုက်ရာ...
(ငတုံးကြီးက အဟုတ်မှတ်၍ ) ဟရား...ဒါဆိုလည်း နမ်းကြည့်မယ်နော်...ဟု (ဗိုက်ကို လက်ဖြင့် ပွတ်သပ် ရင်း )

ပြောကာ ဧဝ လက်ကို ကိုင်လိုက်လေ၏..
. " ဟာ ...ကို...ကလည်း အဲ့ဒါ လက်လို့ ခေါ်တယ် ကွာ.."

.ဆိုတော့ ...အာဒံက
ဘေးသို့ နည်းနည်း ပြေးထွက်လိုက်ရာ..." ဟင်...အာ့ဘယ်ကို သွားတာလဲ...
သိဘူးလေ ချစ်ပဲ...ကွာ ...ဆိုတော့...(အ,လိုက်တဲ့ ...ကောင်..".ချစ် "က ဘယ်က သင်လာတာလဲ သိဘူး... )
" လူရိုးကြီးရယ်...အဲ့ဒါ အချစ်ရဲ့..သဲလွန်စ တွေလေ."...
အာဒံ တစ်ယောက် ကလေးသဖွယ်...
" အော်.." ဟုသာ တစ်လုံးတည်း ထွက်လိုက်ရသည်..
ထို့နောက် ဧဝက " ဒါ ဘာလဲ သိလား ဟင်..ဟု မျက်နှာ တစ်နေရာသို့ လက်တို့ကာ မေးလိုက်ရာ..
" အာ့က အရေပြားလေ." ...တဲ့.(တိန်...).
" အာ..ကိုကလဲ...ပါး လို့ ခေါ်တယ် လေ." ..(ဆရာကြီး လေသံဖြင့်..)
"...အေးအေး..အာ့ ဘာဖြစ်လဲကွာ ..ဒီမှာ ဗိုက်ဆာနေတာ သေတော့မယ်..ဟ...".(ဂလု )
" အင်း အဲ့ဒီပါးလေးကို နမ်းမှ အဆာ ပြေမှာပေါ့ ကိုရယ်..." ဟု...ပြောလိုက်ရာ..
အာဒံက လေထက်မြန်သော အဟုန်ဖြင့်...ဧဝကို ပြေး၍..
ပါးကို လက်နှစ်ဖက် ၌ ရှိသော လက်ညှိုးဖြင့် အတင်းထိုးရာ ...
" အမရေး ..... သေပါပြီတော်...ရှင် ဘာလုပ်တာလဲ..အဲ့ဒါက."...
ငင်..မင်းပဲ အာ့ကို ဒီလို နမ်းရမယ်ဆို နမ်းတာလေ..
ဟင့်..ဟင့်...ရက်စက်လိုက်တာ( MPT )..ကို ရယ်...(မဆိုင်တာက ပါသွားတယ်.. )တိတ်တိတ်...ဘယ်လိုလုပ်ရမလဲ သင်ပေးပေါ့နော်...ချိတ်ချိုးရဝူး....(ဂွီ..ဂလောင်...ဗိုက်က အော်သံ..)
" ဟွန့် ...ရှင့် ဟော ဒီ နှာခေါင်းကြီးနဲ့...ဒီ ပါးပြင်ကို ထိတာ ကို နမ်းတယ် လို့ ခေါ်တယ် သေသေချာချာ မှတ်ထား."..ဟု အနည်းငယ်..အော်ပြောလိုက်တော့...အာဒံ ရှိန်သွားသည်..(ယောက်ျား တွေ အစဉ်အလာ ဖြစ်မည်..)
ထို့နောက် အာဒံက ဘာဖြစ်ဖြစ် အဆာပြေပြီးရောဟု

တွေးကာ..မျက်စိစုံမှိတ်၍ နမ်းလိုက်လေသည်..
".အင် ...ဘာမှလည်း အဆာပြေဘူး...ကောင်မညာတယ်..." ဟု စိတ်ဆိုးစွာ ပြောရာ...ဧဝမှာ ပျာပျာ သလဲဖြင့်..
" အဲ..ကို....တစ်ဖြည်းဖြည်း ပြောလာမှာပါ..နော်..နော်.."
" ပြီးရော. "ဟု အာဒံက ထပ်မံ နမ်းလိုက်လေသည်..
ထို့နောက်..တစ်ဖြည်းဖြည်း အဆာပြေသလို ဖြစ်လာ၏...
" အေးဟ...ဟုတ်သလိုလိုပဲ..."..အခုမှ ပြုံး နေသော အာဒံကို ကြည့်ကာ...ဧဝ သဘောကျနေ၏...
တစ်ဖြည်းဖြည်း နှင့်...ပါးပြင် အနှံ့သို့ နမ်းရာမှ နှုတ်ခမ်း အစပ်သို့ ကူးလာရာ...အာဒံ မျက်လုံးများ အရောင်တောက်လာလေသည်..
" ဟင်...ဒီမှာ ဟင်းရှိနေတယ်. "ဟု ဆိုကာ လျှာ ဖြင့် ရက်လိုက်လေသည်..
ဧဝ မျက်လုံး ပြူးကာ ကြက်သီးမွှေးညှင်းများပင်

ထလာလေသည်...
" အို...ကို့.. ဟို့ ဟို့....ဘယ်မှာ ရှိလို့လဲ..အာ...ဟင့်...(မျက်ရည်လည်း မကျပဲ ငိုနေသံ )
ဒီမှာ မမြင်ဘူး လား..ဟု ဆိုကာ အသားဖတ် တစ်ဖတ်ကို ကိုင်ပြ၏..(ဧဝ စားထားသော အသားစက နှုတ်ခမ်းစပ်၌ ကပ်ကျန်နေသည် ဖြစ်မည်...)
ဧဝ စကားပြန်တောင် မပြောရသေးခင် အာဒံက နှုတ်ခမ်း တစ်ဝိုက် စားစရာ လိုက်ရှာ လေတော့သည်...
ထို့နောက် နှုတ်ခမ်း အတွင်းသို့ စားစရာ ရှာဖွေ ရင်း ဖြင့်....

အလိုလို ရှာဖွေ ရင်းဖြင့် ပင်...ပင်....ပင်...
ကဲ...စားစရာ ရှာတာတဲ့...ဗျို့.....ဟိဟိ...ဝှစ်....ပြေးပြီ...
ရယ်မော ပျောရွှင် နိုင်ပါစေ...
ကဗျာ ရှင်

Comments
Post a Comment