ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေးနှင့်အညီ အစာစားနည်း လျှို့ဝှက်ချက်များ
ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေးနှင့်အညီ အစာစားနည်း လျှို့ဝှက်ချက်များ
ဝိုင်နီဟာ ဝိုင်ဖြူထက် ဖလေဗိုးနွိုက်ပါဝင်မှု ၁၀ ဆ ပိုများတယ်လို့လည်း
အာဟာရပညာရှင်တွေက ဆိုပါ တယ်။ ဒါပေမဲ့ ဝိုင်ကို များများသောက်ရင်
ရင်သားကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေပါတယ်။ ပြင်သစ် လူမျိုးတွေက သရေစာကို
အစားနည်းပြီး ဘီစကွတ်မုန့်၊ အာလူးချောင်းကြော်စတဲ့ သရေစာကို တကြွပ်ကြွပ်
ဝါးစားတာမျိုးလည်း မရှိပါဘူး။ အစာစားပြီးတဲ့အခါ အစာကို နည်းနည်းပဲ
စားတတ်ပါတယ်။ ထမင်းစားချိန် မှာ ထမင်းစားပွဲမှာ ထိုင်ပြီး
အချိန်ကြာကြာပေးကာ ဖြည်းဖြည်းချင်း စားတတ်ကာ အစာတစ် လုတ်နဲ့ တစ်လုတ်ကြား
ရပ်နားတတ်ပါတယ်။ ဗိုက်ပြည့်တယ်လို့ ထင်တဲ့အခါ ရပ်ပြီး အစာချေဖျက်ဖို့
အချိန်အလုံ အလောက် ပေးတတ်ပါတယ်။
မြေထဲပင်လယ် အနီးတစ်ဝိုက် ဒေသများ၏ ကျန်းမာရေးနှင့်အညီ အစာစားနည်း
အီတလီတောင်ပိုင်းနဲ့ ဂရိဒေသတို့လို မြေထဲပင်လယ်ဒေသရှိ လူမျိုးတွေ နှ
လုံးရောဂါဖြစ်နှုန်း လျော့ကျရတဲ့ အချက်ကအဆီများတဲ့ ငါးကို များများ
စားတာကြောင့် ဖြစ်ပါတယ်။ မက်ကရယ်ငါး၊ ဆာဒင်းငါးနဲ့ ဟာအင်းငါးတို့လို
အဆီများတဲ့ ငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်လို့ ခေါ်တဲ့ မပြည့်ဝဆီ
ပါဝင်နေတယ် လို့ အာဟာရပညာရှင်တွေက ယုံကြည်ကြပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်
ပမာဏများများ ရှိတာကြောင့် သွေးကြောစနစ် ကျန်းမာ ပြီး သွေးခဲမှုမဖြစ်အောင်
ကူညီကာ နှလုံးရောဂါကို ကာကွယ်ပေး ပါတယ်။ အမေရိကန် လေ့လာမှုတစ်ရပ်အရ
ငါးများများစား တာကြောင့် လေဖြတ်နိုင်ခြေကို ၅၂ ရာခိုင် နှုန်းနဲ့
အထက်လျော့ကျစေတယ်လို့ သိရပါတယ်။
အာဖရိကနိုင်ငံ၏ ကျန်းမာရေးနှင့်အညီ အစာစားနည်း
ဂျပန်နိုင်ငံ၏ ကျန်းမာရေးနှင့်အညီ အစာစားနည်း
ဂျပန်လူမျိုးတွေ စားလေ့ရှိတဲ့ ငါးအစိမ်းနဲ့ ပြုလုပ်ထားတဲ့ ဆူရှီဟာလည်း
အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် သွေးကြောတွေကို ကျန်းမာစေပြီး
နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဂျပန် လူမျိုးတွေဟာ ဗီတာမင်နဲ့
သတ္တုဓာတ်တွေ ပါတဲ့ ဟင်းသီးဟင်းရွက်တွေကို အများအပြား စားလေ့ရှိ ပါတယ်။
-အိုကီနာဝါလူမျိုးတွေက တစ်နေ့မှာမတူညီတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီး ၁၀
မျိုးခန့် စားပါတယ်။ ကီဝီ သီး၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ ကစွန်းဥနဲ့
ငရုတ်သီးစတာတွေ ဖြစ်ကြပါတယ်။
-အခွံချွတ်မထားတဲ့ ကောက်နှံကို တစ်နေ့ ၇-၁၃ ခွက်ခန့် စားပါတယ်။
-တိုဟူး၊ ပဲပုပ်စေ့၊ နွားနို့နဲ့ ဒိန်ချဉ်စတဲ့ ကယ်လ်စီယမ်များတဲ့ အစားအသောက်ကို တစ်နေ့ လေးကြိမ် စားပါတယ်။
-အိုမီဂါ ၃ ဖက်တီးအက်စစ်ပါတဲ့ အစာကို တစ်နေ့ တစ်ကြိမ်- သုံးကြိမ် စားပါတယ်။
ဆယ်လ်မွန်ငါး၊ တူနာငါး နဲ့ မက်ကရယ်စတဲ့ အဆီများတဲ့ ငါးတွေ ပါဝင်ပါတယ်။
-နေ့စဉ် ရေနဲ့ လက်ဖက်ရည် သောက်ပါတယ်။ အနီရောင်အသားကို ရှောင်ပြီးအရက်ကို အသင့်အတင့် သောက်တယ်။ ဒါမှမဟုတ် လုံးဝ ရှောင်ပါတယ်။
အိန္ဒိယနိုင်ငံ၏ ကျန်းမာရေးနှင့်အညီ အစာစားနည်း
အိန္ဒိယနိုင်ငံသားတွေက အချဉ်ဖောက်ထားတဲ့ နို့ကို သောက်တာကြောင့် အကျိုးပြု
ဘက်တီးရီးယားတွေ ရရှိပြီး အူကျန်းမာရေး ကောင်းမွန်ကြပါ တယ်။ အကျိုးပြု
ဘက်တီးရီးယားတွေက ဆယ်လ်မွန်နဲလားနဲ့ တခြားပိုးမွှားတွေလို အစာအဆိပ်သင့်စေတဲ့
ပိုးတွေကို တွန်းလှန်ပေး ပါတယ်။ အူကျန်းမာရေး ကောင်းမွန် တာကြောင့်
အိန္ဒိယနိုင်ငံသားတွေဟာ အူမကြီးကင်ဆာနဲ့ တခြား အစာဟောင်းအိမ် ရောဂါတို့
ဖြစ်နှုန်း နည်းပါတယ်။ အိန္ဒိယလူမျိုးတွေစားတဲ့ သက်သတ်လွတ်အစာမှာ
အင်တီအောက်ဆီးဒင့် များများပါတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ဖြစ်ပြီး
ခန္ဓာကိုယ်ကနေ အင်တီအောက်ဆီးဒင့် စုပ်ယူကာ အရွယ် မတိုင်ခင် အိုမင်းမှုနဲ့
ရောဂါဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်တွေကို ချေဖျက်ပေးပါတယ်။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
ကျန်းမာရေးစာတိုများစုစည်းမှု
Comments
Post a Comment